» သတင်း

ပြည်တွင်းရွှေစျေး ၃၇ သိန်းနီးပါး ရောက်ရှိလာ

ပြီးခဲ့သည့်နှစ် ဩဂုတ်လအတွင်းကလည်း ငွေလဲနှုန်း တစ်ဒေါ်လာလျှင် ကျပ် ၄၀၀၀ ကျော် ရောက်ရှိပြီးနောက် ထိုစဉ်က အခေါက်ရွှေတစ်ကျပ်သားလျှင် ၃၈ သိန်းအထိ စံချိန် တင်စျေးနှုန်းအဖြစ် ရောက်ရှိခဲ့ဖူးကြောင်း သိရသည်။

ရေးမြို့ရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်အတွင်း ပစ်ခတ်မှုဖြစ် ၃ ဦးသေဆုံး ၂ ဦးဒဏ်ရာရ

"သေတဲ့အထဲက တစ်ယောက်က ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်လို့ သိရတယ်။ သူက ဦးခေါင်းပွင့်သွားတာ။ ကျန်တဲ့ သေတဲ့သူနှစ်ယောက်က လက်ဖက်ရည်လာသောက်တဲ့ အရပ် သားတွေပါ။ ဒဏ်ရာရတဲ့ နှစ်ယောက်ကလည်း ဒေသခံအရပ်သားတွေပဲ“ ဟု ဒဏ်ရာရသူများအား ကူညီပေးခဲ့သည့် ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ပြောသည်။

ဧရာဝတီတိုင်းတွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ပုံမှန်အတိုင်း မလည်ပတ်သေးခြင်း ကြောင့် ဟိုတယ်ဝန်ထမ်းဦးရေ ၃၀၀ ကျော် အလုပ်လက်မဲ့ဖြစ်နေ

ဧရာဝတီတိုင်းတွင် ပုသိမ်မြို့နယ်၊ ငွေဆောင်ကမ်းခြေတွင် လိုင်စင်ရဟိုတယ် ၃၆ လုံး၊ ချောင်းသာနှင့် ရွှေသောင်ယံကမ်းခြေတွင် လိုင်စင်ရဟိုတယ် ၃၉ လုံး ရှိပြီး ဟိုတယ်၊ မိုတယ် လုပ်ငန်းများ ယခင်အတိုင်းပြန်မလည်ပတ်နိုင်သေးခြင်းကြောင့် အလုပ်ပြုတ်ခဲ့ရသည့်ဝန်ထမ်းများ အခက်အခဲများဖြစ်ပေါ်နေကြောင်း သိရသည်။

ပဲခူးမြို့ မြေနိမ့်ပိုင်းနေရာများသို့ ရေဝင်ရောက်

ပဲခူးမြစ်အပါအဝင် မြစ်ငါးစင်းထက်မနည်း စိုးရိမ်ရေမှတ်ရောက်နေကြောင်း မိုး/ဇလမှ ထုတ်ပြန်ထားပြီး လက်ရှိတွင် ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့ ရှိ အချို့ဒေသများတွင် ရေနစ်မြှုပ်မှု ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

ရန်ကုန်၌ တစ်ရက်တည်း အငှားယာဉ်လုယက်ခံရမှု ၂ ကြိမ်ဖြစ်ပွား

ရန်ကုန်၌ ယခုနှစ်အတွင်း အငှားယာဉ်မောင်းများအား သတ်ဖြတ်၍ ယာဉ်လုယက်မှုများ မကြာခဏဖြစ်ပေါ် လျက်ရှိနေသည့်အတွက် တရားဥပဒေစိုးမိုးမှု အားနည်းနေသည့်အပေါ် ယာဉ်မောင်းများက ဝေဖန်ပြောဆိုလျှက်ရှိသည်။

စစ်တပ်နှင့်ဆက်နွယ်သည့် Bhumjaithai ပါတီနှင့် မဟာမိတ်ညွှန်ပေါင်းအဖြစ် ပူးပေါင်း လိုက်ခြင်းကို မကျေနပ်သည့်အတွက် ဖြူထိုင်းပါတီရုံးချုပ်ရှေ့တွင် ပါတီဝင်ကတ်များကို မီးရှို့ဆန္ဒပြ

ဖြူထိုင်းပါတီရုံးချုပ်ရှေ့မှာ ဆန္ဒပြခဲ့သော တက္ကဆီသမား အုပ်စုခေါင်းဆောင်ဖြစ်သူ Worapon Kamkhuntod က ဖြူထိုင်းပါတီဟာ စစ်အာဏာသိမ်းအုပ်စုနှင့် နီးစပ်မှုရှိနေသော နိုင်ငံရေးပါတီနှင့် မဟာမိတ်အဖြစ် ပူးပေါင်းခဲ့ခြင်းကို လက်မခံသည့်အတွက် ၎င်းတို့သည် ဖြူထိုင်းပါတီကို အားပေးထောက်ခံမည်မဟုတ်ကြောင်း ဆိုသည်။

အရန်ဆန်များထုတ်ရောင်းနေသော်လည်း ဆန်လက်ကားဈေး ဆက်လက်မြင့်တက်နေ

ပြီးခဲ့သည့် ဇူလိုင် ၂၈ ရက်က ဆန်လက်ကားဈေး၏ အမြင့်ဆုံးဈေးမှာ တစ်သိန်း တစ်သောင်း ငါးထောင်ကျပ်ဖြစ်ခဲ့ရာမှ သြဂုတ် ၇ ရက်၏ ဆန်လက်ကားအမြင့်ဆုံးမှာ တစ်သိန်း သုံးသောင်း ငါးထောင်ကျပ်အထိ ဈေးနှုန်းများ မြင့်တက်လာခဲ့သည်ကို တွေ့ရသည်။

လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပေါ် သစ်ပင်လဲကျ၍ ပိမိသဖြင့် အမျိုးသားတစ်ဦး သေဆုံး

သေဆုံးသူအမျိုးသားမှာ အသက် ၅၂ နှစ်အရွယ်ရှိ ဦးလောင်ဟွန် ဟုသိရပြီး မိန်းမဖြစ်သူမှာ ဦးခေါင်းတွင် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့သောကြောင့် မတူပီဆေးရုံတွင် ဆေးကု သမှုခံယူလျက်ရှိကြောင်း သိရသည်။

သံလွင်အပါအဝင် မြစ်ခြောက်စင်း စိုးရိမ်ရေမှတ်ရောက်နေ

မိုးသည်းထန်စွာရွာသွန်း၍ မြစ်ရေ၊ ချောင်းရေများ မြင့်တက်မှုကြောင့် ယခုရက်ပိုင်းအတွင်း မွန်၊ ကရင်၊ တနင်္သာရီနှင့် ရခိုင်ပြည်နယ်တို့ရှိ မြို့နယ်အချို့တွင် ရေကြီးရေလျှံမှုများဖြစ် ပွားကာ လက်ရှိအချိန်အထိ ဒေသခံထောင်ချီ၍ ရေဘေးကယ်ဆယ်ရေးစခန်းများတွင် နေထိုင်နေရကြောင်း သိရသည်။

ဧရာဝတီတိုင်းတွင် စိုက်ဘဏ်ချေးငွေများပြန်ဆပ်ရန် အပြင်မှအတိုးနှုန်းမြင့်မားစွာဖြင့် ချေးယူနေရခြင်းကြောင့် တောင်သူများအခက်အခဲဖြစ်နေ

ထို့ကြောင့် တောင်လယ်သမားများသည် ငွေကျပ်တစ်သိန်းလျှင် တစ်လအတိုးနှစ်သောင်းအထိပေးရသည့် အပြင်မှငွေကိုချေးယူပြီး စိုက်ပျိုးစရိတ်ချေးငွေများကို စိုက်ပျိုးရေးဘဏ် သို့ ပြန်လည်းပေးဆပ်နေရကြောင်း သိရသည်။