» သတင်း

ရှေ့သို့ချီပါတီဦးဆောင်နေသော ၈ ပါတီညွှန်ပေါင်းအဖွဲ့မှ နုတ်ထွက်ပြီး ညွှန်ပေါင်းအဖွဲ့ အသစ် တည်ထောင်မည်ဟု ဖြူထိုင်းပါတီ သတင်းထုတ်ပြန်

ဖြူထိုင်းပါတီသည် ရှေ့သို့ချီပါတီ Move Forward ဦးဆောင်သော ၈ ပါတီ ညွှန်ပေါင်းမဟာမိတ်အဖွဲ့တွင် ပါဝင်ခဲ့သော်လည်း ပါတီများကြား ဟန်ချက်ညီမှု နည်းပါးခြင်းကြောင့် မကြာသေးမီက ကျင်းပရန်စီစဉ်ထားသည့် ညွှန်ပေါင်းအဖွဲ့ အစည်းအဝေးနှစ်ခုကို ဖျက်သိမ်းခဲ့ရကြောင်း သိရသည်။

မင်္ဂလာဒုံ၌ ကားချင်းရှောင်ရာမှ ထပ်ဆင့်ယာဥ်တိုက်မှုဖြစ်ပွား၊ ၈ တန်းကျောင်းသူ အပါအဝင် ၂ ဦးသေဆုံး

"ဆိုင်ကယ်ပေါ်မှာက မောင်းတဲ့သူနဲ့ ကလေးနှစ်ယောက်ပါလာတာ။ ဆိုင်ကယ်မောင်းတဲ့သူနဲ့ ရှစ်တန်းကျောင်းသူတစ်ယောက်ကတော့ ဆုံးသွားတယ်။ နောက်တစ်ယောက်ကတော့ ကားအောက်ကနေ ကယ်ဆယ်လိုက်နိုင်တယ်" ဟု ပုလဲအရံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောကြားသည်။

လက်လုပ်ဗုံးဟုယူဆရသည့် အရာတစ်ခုပေါက်ကွဲပြီး အမျိုးသားတစ်ဦး သေဆုံး

ပြင်ဦးလွင်မြို့နယ်၊ တိုးကြီးကုန်းကျေးရွာတွင် ပစ္စည်းဟောင်းရောင်းဝယ်သူ အသက် ၃၇ နှစ်အရွယ်ရှိ ဦးအောင် မြင့်ဦးဆိုသူမှာ ပစ္စည်းဟောင်းများထဲမှပါလာသော သံပိုက်ဖြင့်ပြုလုပ်ထားသည့် အရာတစ်ခုအား ဓားဖြင့်ထိုးဖွင့်ရာမှ ရုတ်တရက်ပေါက်ကွဲခဲ့သဖြင့် ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး နေရာတွင်သေဆုံး သွားကြောင်း သိရသည်။

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အနီး ပစ်ခတ်မှုများဖြစ်၍ ယာဉ်များသွားလာနိုင်ရန် နာရီနှင့်ချီ၍ စောင့်ဆိုင်းရ

ဩဂုတ် ၂ ရက်၊ ယနေ့နံနက်ပိုင်းမှစ၍ မူဆယ်မြို့နယ်နှင့် နမ်းခမ်းမြို့နယ်အကြားတွင် တိုက်ပွဲများစတင်ဖြစ်ပွားကာ လက်နက်ငယ်များနှင့်သာမက လက်နက်ကြီးများဖြင့်ပါ ပစ်ခတ် ၍ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင် ကားများဖြတ်သန်းခွင့် ခေတ္တပိတ်ထားလိုက်ပြီး ယနေ့နေ့လည် ၂ နာရီအထိ…

မြန်မာနီုင်ငံတွင် အရေးပေါ်ကာလသက်တမ်းတိုးခဲ့ခြင်းအပေါ် အမေရိကန်အစိုး ရနှင့် ကုလသမဂ္ဂအဖွဲ့တို့ စိုးရိမ်ကြောင်းနှင့် စေ့စပ်ဆွေးနွေးရန် တိုက်တွန်း

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံး လက်ထောက်ပြောခွင့်ရသူ ဖာဟန်ဟတ်က "ကျွန်တော်တို့ဟာ အာဏာသိမ်းထိန်းသိမ်းမှုကို ဆန့်ကျင်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း ရပ်တည် ပြောဆိုထားပါတယ်။ မြန်မာနိုင်ငံကို ဖြစ်နိုင်သမျှမြန်မြန် ဒီမိုကရေစီနည်းကျ အုပ်ချုပ်ရေးပြန်သွားဖို့ လိုလားပါတယ်။" ဟုဆိုသည်။

ရေဦးမြို့၌ လက်နက်ကြီးကျည်ထိမှန်သည့်ကလေးငယ် သွေးထွက်လွန်၍ သေဆုံး

"ရေဦးနယ်အနောက်ခြမ်း ရှော်ဖြူရွာထဲတစ်လုံးကျတယ်၊ ဘုန်းကြီးကျောင်းထဲတစ်လုံးကျတယ်၊ နှစ်တန်းကျောင်းသူ မိန်းကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်၊ ပေါင်မှာ ဒဏ်ရာအပြင်းအထန်ရခဲ့ပေမယ့် အသက်အန္တရာယ်မစိုးရိမ်ရဘူးလို့ထင်ခဲ့တာ ညပိုင်းမှာ ဆေးကုသရင်း သွေးထွက်လွန်ပြီးဆုံးသွားတယ်"

ညောင်တုန်းမြို့နယ်တွင် CDM ပြုလုပ်ထားသည့် ကျောင်းဆရာမ ၂ ဦး အပါအဝင် ၄ ဦးကို ဖမ်းဆီး

CDM ကျောင်းဆရာ၊ ဆရာမ ၄ ဦးကို ပြီးခဲ့သည့် ဇူလိုင်နောက်ဆုံးအပတ်က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ယင်းတို့သည် မူလတန်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူများဖြစ်ကာ လက်ရှိ ညောင်တုန်းမြို့မရဲစခန်းတွင် စစ်ဆေးနေကြောင်း ရဲစခန်းနှင့်နီးစပ်သူများထံမှ သိရသည်။

သထုံ၌ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်နှင့်ဘုန်းကြီးကျောင်းပေါ်သို့ သစ်ပင်လဲကျ ၅ ဦးထိခိုက်ဒဏ်ရာရ

ဇူလိုင်လ ၃၁ ရက်၊ ညနေပိုင်း ၃ နာရီ ၁၅ မိနစ်ဝန်းကျင်က သထုံမြို့၊ သိမ်ကုန်းရပ်ကွက်၊ ကြေးသွန်းဘုရားအနောက်လမ်း၊ သိမ်ချောင်ဝင်းရှိ လုံးပတ် ၇ ပေ၊ အမြင့် ၃၅ ပေခန့်ရှိ ညောင်ပင်တစ်ပင် အမြစ်မှကျွတ်၍…

ထိုင်းအစိုးရအသစ်ဖွဲ့စည်းရန် နှောင့်နေးမှုများကြောင့် နိုင်ငံစီးပွားရေးအခက်အခဲ ဖြစ်လာ ဖွယ်ရှိနေကြောင်း ထိုင်းဗဟိုဘဏ် ဒုတိယအကြီးအကဲ သတိပေး

ထိုင်းလွှတ်တော်တွင် ဝန်ကြီးချုပ်အသစ် ရွေးချယ်ရေးကို ဇွန်လ ၁၃ ရက်နေ့ကတည်းက စတင်ခဲ့သော်လည်း ရှေ့သို့ချီပါတီခေါင်းဆောင် ပီတလင်ဂျာရိုအမ် ရက်ကို ဝန်ကြီးချုပ်အ ဖြစ်ရွေးချယ်ရန် အငြင်းပွားမှုများကြောင့် လက်ရှိအချိန်အထိ ဝန်ကြီးချုပ်အသစ် ရွေးချယ်ခန့်အပ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

မုန်တိုင်းကြောင့် ရခိုင်မြောက်ပိုင်းတွင် လေပြင်းများတိုက်ပြီး မိုးသည်းထန်နိုင်

ထို့ကြောင့် မုန်တိုင်းဧရိယာ၏ ညာဘက်ခြမ်းတွင်ရှိသော ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေ၊ ကျောက်ဖြူ၊ မြေပုံ၊ မြောက်ဦး၊ ဘူးသီးတောင်၊ ရသေ့တောင်နှင့် မောင်တောမြို့နယ်များ အပါအဝင် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တွင် မုန်တိုင်းအဖျားခတ်ခံရပြီး လေပြင်းများတိုက်ခတ်ကာ မိုးသည်းထန်နိုင်ကြောင်း သိရသည်။