» သတင်း

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်အား ပြစ်ဒဏ်အချို့မှ လွတ်ငြိမ်းခွင့်ပြု

နစကဥက္ကဌသည် ဒေါ်အောင်ဆန်းစုကြည်အပေါ် သက်ဆိုင်ရာတရားရုံးများက ချမှတ်ထားသည့် ပြစ်ဒဏ်များအနက် ရာဇဝတ်ကြီးအမှုအမှတ် ၃၅/၂၀၂၁၊ ၃၇/၂၀၂၁ ၊ ၇၁/၂၀၂၁ ၊ ၃၈/၂၀၂၁ နှင့် ၄၅/၂၀၂၁ တို့ဖြင့် ပြစ်မှုထင်ရှားစီရင်ပြီး ပြစ်ဒဏ်ကျခံရန် ကျန်ရှိသည့်ပြစ်ဒဏ်များအား လွတ်ငြိမ်းသက်သာခွင့် ပြုကြောင်း…

ဧရာဝတီတိုင်းတွင် မိုးစပါးများစိုက်ပျိုးမည့်အချိန် လယ်ထွန်စက်ခဈေးနှုန်းများ ယခင်ထက် နှစ်ဆကျော်မြင့်တက်လာသဖြင့် တောင်သူများ အခက်တွေ့နေ

ဧရာဝတီတိုင်းတွင် ယခင်နှစ်က မိုးရာသီမိုးစပါး စိုက်ပျိုးသည့်အချိန်က လယ်တစ်ဧကကို ထွန်စက်ခငွေကျပ် ၄၅,၀၀၀ ဈေးသာရှိခဲ့ပြီး လက်ရှိလယ်တစ်ဧက ထွန်စက်ခ ငွေကျပ် ၉၅,၀၀၀ အထိ ဈေးတက်လာခြင်းကြောင့် အခက်အခဲများဖြစ်ပေါ်နေကြောင်း ဒေသခံများမှ သိရသည်။

သံလွင်တံတား စစ်ဆေးရေးဂိတ်အနီး ပေါက်ကွဲမှုဖြစ် တစ်ဦးသေဆုံး ၁၀ဦးဒဏ်ရာရ

ယနေ့နံနက် ၇ နာရီဝန်းကျင်က သံလွင်တံတားစစ်ဆေးရေးဂိတ်အနီး ဘားအံဘက်ခြမ်း၌ မောင်းနှင်လာသည့် ဟွန်ဒါဖစ်အမျိုးအစား မော်တော်ယာဉ်အား လုံခြုံရေးပူးပေါင်းအဖွဲ့က စစ်ဆေးရန် ရပ်တန့်ခိုင်းပြီး ကားတံခါးဆွဲဖွင့်စဉ် ကားအတွင်းမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပြင်ပဈေးကွက်တွင် နိုင်ငံခြားငွေ လဲလှယ်နှုန်းများ ဆက်တိုက်မြင့်တက်နေ

မလေးရှားရင်းဂစ်ဈေးမှာ ၂၀၂၁ ခုနှစ်၊ နှစ်ကုန်ပိုင်းက တစ်ရင်းဂစ်လျှင် ၄၃၂ ကျပ်ရှိခဲ့ရာမှ ၂၀၂၂ ခုနှစ်၊ လလယ်တွင် ၅၂၁ ကျပ်ဝန်းကျင်အထိရှိလာကာ ယခု ၂၀၂၃ ခုနှစ် ဇူလိုင်လကုန် မှာတော့ တစ်ရင်းဂစ်လျှင် ၇၄၀ ကျပ်ဝန်းကျင်အထိ…

ကုန်ကားများသည် မြဝတီကုန်သွယ်ရေးဇုန်ထိ လမ်းတံတားကြေးအပြင် အခြားသော အခကြေးငွေ သိန်းချီပေးဆောင်နေရဟုဆို

ယခင်က ရန်ကုန်မှ မြဝတီသို့သွားသည့် ကုန်ကားလမ်းကြောင်းတစ်ကြောင်း၌ လမ်းကြေး၊ တံတားကြေး၊ ဘီးခွန် စသည်ဖြင့် တစ်သိန်းရှစ်သောင်းဝန်းကျင်သာ ပေးဆောင်ရပြီး ယ ခုအခါ ထိုလမ်းတံတားကြေးအပါအဝင် လမ်းကြောင်းတစ်လျှောက်၌ ငွေကျပ်လေးသိန်းခန့် ကုန်ကျလျက်ရှိနေကြောင်း သိရသည်။

လေဖိအားနည်းရပ်ဝန်းကြောင့် ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ မွန်နှင့် ရခိုင်ပြည်နယ်တို့၌ လေပြင်းတိုက်၍ မိုးသည်းထန်နိုင်

ထို့ပြင် မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်၊ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်း၊ ဧရာဝတီတိုင်းအနောက်ဘက် ကမ်းရိုးတန်းနှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တွင် ယနေ့မှ ဩဂုတ် ၂ ရက်အထိ မိုးသက်လေပြင်းများကျရောက်၍ တစ်နာရီမိုင် ၃၀ အထိ လေတိုက်ခတ်နိုင်ကြောင်းနှင့် ကမ်းနီးပင်လယ်ပြင်များ၌ လှိုင်းအမြင့် ၁၀ ပေမှ ၁၂…

မလေးရှား၌ အငှားယာဉ်မောင်းကို သတ်ဖြတ်မှုဖြင့် တရားစွဲဆိုခံထားရသည့် မြန်မာနှင့် အိန္ဒိယနိုင်ငံသား ၂ ဦးကို သေဒဏ်ချမှတ်

၎င်းတို့နှစ်ဦးသည် ကျူးလွန်ခဲ့ခြင်းမရှိကြောင်း ငြင်းဆိုခဲ့သော်လည်း ယာဉ်မောင်းဖြစ်သူ သတ်ဖြတ်ခံခဲ့ရသည့် ကား၏နောက်ခန်းတွင် ၎င်းတို့နှစ်ဦး၏ DNA များကို တွေ့ရှိခဲ့သဖြင့် ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် စွဲချက်တင်ကာ ငါးနှစ်အကြာတွင် သေဒဏ်ချမှတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

၂၄နာရီအတွင်း ရန်ကုန်၊ ပဲခူး၊ မွန်၊ ကရင်၊ တနင်္သာရီနှင့် ရခိုင်တောင်ပိုင်းတွင် မိုးကြီးမည်

ဇူလိုင် ၃၀ ရက်၊ ယနေ့နံနက် ၁၀ နာရီမှ ဇူလိုင် ၃၁ ရက်၊ နံနက်ပိုင်းအထိ ၂၄ နာရီအတွင်း ရန်ကုန်တိုင်းအတွင်း ရန်ကုန်မြို့လယ်ရှိ မြို့နယ်များတွင် မိုးရေချိန် တစ်လက္မအထက် ရွာသွန်းနိုင်ကာ သံလျင်၊ ကျောက်တန်း၊…

ပျက်စီးသွားသည့် ကျုံအိတ်တံတား၏ ယာယီဘေလီတံတား တည်ဆောက်မှု အချိန် ၃ ပတ်ကျော်ကြာမြင့်ခဲ့ ဟုဆို

ကျုံအိတ်တံတားကို ဇွန် ၂၉ ရက်၊ နံနက် ၄ နာရီခန့်က မိုင်းခွဲဖျက်ဆီးခံခဲ့ရပြီး တံတား၏အကျယ် ထက်ဝက်ကျော်ခန့် ပြို ကျပျက်စီးမှုဖြစ်ပွားခဲ့ကာ အိမ်စီးကားနှစ်စီးပြုတ်ကျ၍ အမျိုးသားတစ်ဦးသေဆုံးကာ တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဩဂုတ်လအတွင်း လေဖိအားနည်းရပ်ဝန်း နှစ်ကြိမ်ဖြစ်နိုင် တစ်ကြိမ်တွင် မုန်တိုင်းငယ်ဖြစ်ပေါ်နိုင်

မိုးလေဝသဖြစ်စဉ်များအား ခန့်မှန်းသုံးသပ်ပေးနေသူ ဦးဝင်းနိုင်က ဩဂုတ်လအတွင်း အားကောင်းသော လေဖိအား နည်းရပ်ဝန်းဖြစ်နိုင်သော်လည်း ဆိုင်ကလုန်းမုန်တိုင်းအဆင့် မရောက်နိုင်ကြောင်း ပြောကြားသည်။