» သတင်း

နစကမှ ထုတ်ဝေခဲ့သည့် ကျပ်နှစ်သောင်းတန်ကို အသုံးမပြုရန် PDF အဖွဲ့အချို့ တိုက်တွန်း

လက်ရှိတွင် နှစ်သောင်းတန်ငွေစက္ကူအသစ်အား အသုံးပြုခြင်းမပြုရန် ဒေသခံပြည်သူများကို အသိပေးတိုက်တွန်းလျက်ရှိသောဒေသများမှာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် တနင်္သာ ရီတိုင်းတို့ဖြစ်ပြီး အဆိုပါဒေသများတွင် အခြေစိုက်သည့် PDF အဖွဲ့အချို့မှဖြစ်ကြောင်း သိရသည်။

ပြင်ပစျေးကွက်၌ ရွှေစျေး ၃၅ သိန်းကျော်နှင့် တစ်ဒေါ်လာ ၃၄၀၀ ကျပ်အထက် ဆက်ရှိ နေ

ပြည်တွင်းရွှေစျေးကွက်တွင် ယခုနှစ်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်သိန်း ၃၀ ကျော်မှ ၃၂ သိန်းနီးပါးဖြင့် အရောင်းအဝယ်ပြုလုပ်နေရာမှ နစက၏ ဇူလိုင် ၂၃ ရက်နေ့ ကထုတ်ပြန်သော ကျပ် ၂၀,၀၀၀ တန်သတင်းကြောင့် အဆမတန်ခုန်တက်ခဲ့ခြင်းဖြစ်သည်။

အာရှလမ်းပေါ် ကားလမ်းမြေပြိုမှုဖြစ်၊ လမ်းပန်းဆက်သွယ်ရေးပြတ်တောက်

ယနေ့ သြဂုတ် ၇ ရက်၊ နေ့လည် ၁၂ နာရီ ၄၀ မိနစ်ခန့်တွင် ကော့ကရိတ်-မြဝတီသွား အာရှလမ်း၊ တောနော်ရေတံခွန်အနီး၊ မိုင်တိုင်အမှတ် ၁၄၉ နှင့် ၁၅၀ အကြားနေရာ၌ အကျယ် ၃၃ ပေ၊…

စစ်ကိုင်းတိုင်း၊ ယင်းမာပင် စစ်ဘေးရှောင်များ နေရပ်မပြန်နိုင်သည်မှာ နှစ်လနီးပါး ကြာမြင့်လာ

ပြီးခဲ့သည့် ဇွန်လ ၈ ရက်တွင် ဇီးပင်ကြီးကျေးရွအုပ်စုတွင် နှစ်ဖက်ထိတွေ့တိုက်ပွဲကြောင့် ယင်းကျေးရွာအုပ်စု အနီးတဝိုက်ရှိရွာများမှ ဒေသခံလေးထောင်ကျော်ခန့် စစ်ဘေးရှောင်ခဲ့ ရကြောင်း သိရသည်။

မြဝတီရှိ အာရှလမ်းပေါ် ရေနစ်မြှုပ်၍ ကားများသွားလာရ ခက်ခဲနေ

မိုးရွာသွန်းချိန်များ၌ အာရှလမ်းပေါ်သို့ ရေအမြင့် လေး၊ ငါးပေခန့်အထိ မြင့်တက်လျက်ရှိ၍ ကားများသွားလာရ ခက်ခဲနေသကဲ့သို့ ရေကျချိန်ကိုစောင့်ကာသွားလာရ၍ လမ်းခရီး နှောင့်နှေးမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

ကသာရှိ မိုးတားလေးကျေးရွာတွင် လက်နက်ကြီးကျည်ကျ၍ ၅ ဦးဒဏ်ရာရ

"ဦးကျော်ဆန်းရဲ့ အိမ်ပေါ်တည့်တည့်ကို ကျည်ကျရောက်တာ။ ပေါက်ကွဲချိန် အိမ်ထဲမှာရှိနေတဲ့ ကလေးတစ်ဦးအပါအဝင် သူ့မိသားစုဝင်ငါးဦး လက်နက်ကြီးကျည်ထိမှန် ဒဏ်ရာ တွေရသွားတာ။ ဒဏ်ရာပြင်းထန်သူတွေလည်းပါတယ်။“ ဟု ဒေသခံတစ်ဦးကပြောသည်။

လားရှိုးရှိ Sunny ဟိုတယ်၌ ပေါက်ကွဲမှုဖြစ်

ပေါက်ကွဲမှုဖြစ်ပွားရခြင်းမှာ ဆိုင်ကယ်အား ဟိုတယ်အတွင်း ရပ်ထားခဲ့ပြီးနောက် အဝေးထိန်းခလုတ်ဖြင့် ဖောက်ခွဲခဲ့ခြင်းဖြစ်ပြီး ဟိုတယ်ရှိ လုံခြုံရေးဝန်ထမ်းတစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိကာ ဆိုင်ကယ် ၈ စီးခန့် ပျက်စီးသွားကြောင်း လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

အာရှလမ်းပေါ်၌ မြေပြိုမှုကြောင့် ယာဉ်များပိတ်ဆို့

"မြေပြိုတာများတယ်။ လမ်းတစ်ခြမ်းကျော်ဖုံးနေတယ်။ ကားလေး၊ ငါးစီး သွားလာလို့ရတဲ့လမ်းက ကားတစ်စီးစာလောက်ဘဲ သွားလို့ ရတော့တယ်။ အန္တရာယ်လည်း တော်တော် များတယ်။" ဟု ဒေသတွင်းအခြေစိုက် ပုလဲဖြူလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မလေးရှားတွင်နေထိုင်သော မြန်မာမိသားစုဝင်ငါးဦး ပျောက်ဆုံးနေမှုမှာ တစ်လကြာနေ သော်လည်း အခြေနေများတိုးတက်မှုမရှိ ဟုဆို

မသူဇာမောင်နှင့် ခင်ပွန်း၊ သားသမီးများသည် ပြီးခဲ့သောဇူလိုင် ၄ ရက်နေ့တွင် ကွာလာလမ်ပူမြို့ရှိ ၎င်းတို့နေအိမ်မှ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း၊ ရုပ်သံမှတ်တမ်းများတွင် ကားဖြင့်လာရောက်ခေါ်ဆောင်သူနှင့် တစ်နာရီကျော်ကြာ စကားပြောပြီးနောက် လိုက်ပါသွားခဲ့ရာမှ ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။

ဘန်ကောက်တွင် ထိုင်းအမျိုးသားတစ်ဦးက မြန်မာအမျိုးသမီးကို အဓမ္မကျင့်

အဓမ္မပြုကျင့်ခံရသူ အမျိုးသမီးက အော်ဟစ်အကူအညီတောင်းသော်လည်း ဘေးတစ်ခန်းကျော်မှ တရားခံ၏ဦးလေးတော်သူ ထိုင်းအမျိုးသားက သီချင်းကို ဆောင်းဘောက်ဖြင့် အသံကျယ်ဖွင့်၍ ဘေးအခန်းမှလူများ မကြားရစေရန် အားပေးအားမြှောက်လုပ်ခဲ့သည်ကိုလည်း စစ်ဆေးတွေ့ရသည်ဟု MHAC မဟာမိတ်အဖွဲ့က လူမှုကွန်ယက်တွင် ရေးသား ထားသည်။