» သတင်း

ဖားကန့်မြို့၌ Green City KTV မန်နေဂျာ သေနတ်ဖြင့် ပစ်သတ်ခံရ

သေနတ်ဖြင့် ပစ်သတ်ခံရသည့် Green City KTV မန်နေဂျာသည် အသက် ၅၀ ဝန်းကျင်ဖြစ်ပြီး ဩဂုတ် ၁၇ ရက်၊ ည ၁၀ နာရီကျော်က ဆိုင်အတွင်းရှိနေစဉ် မျက်နှာဖုံးစွပ်ထားသည့် အမည်မသိအမျိုးသား ၂ ဦး…

ရှမ်းပြည်တောင်ပိုင်းတွင် ရေကြီးမှုမှုဖြစ်ပွားပြီး ကားလမ်းပေါ်ရေကျော် ယာဉ်များသွား လာမရဖြစ်နေ

"မိုးက ဒီနေ့နဲ့ဆို ၃ ရက်လောက်အထိရှိနေပြီ ရက်ဆက်ရွာနေတာ။ တောင်ကျရေတွေက တဟုန်ထိုးဆင်းနေတယ်။ မိုးက တစ်ရက်လေးမှ မရပ်သွားဘူး။ အခုတော့ ရေကတစ်ရိပ် ရိပ်တက်လာပြီး။ ကားတွေ၊ ဆိုင်ကယ်တွေ ဖြတ်သွားလို့မရတော့ဘူး။ ခုမနက်အထိရွာနေတုန်း။ ကားတချို့ပိတ်နေတယ်။" ဟု ဒေသခံတစ်ဦးကပြောသည်။

သျှမ်းတို့၏ ရှေးဟောင်းမြို့ရိုးကို TNLA က ဖျက်စီးသည့်လုပ်ရပ်အား သျှမ်းအရပ်ဖက် အဖွဲ့အစည်းများ ကန့်ကွက်

ဩဂုတ်လ ၇ ရက်၊ ညနေပိုင်းက သျှမ်းဧကရာဇ်မင်းကြီး ဆဝ်ဆေခန်ဖလက်ထက် သမိုင်းဝင်ရှေးဟောင်းမြို့ရိုးကို PSLF/TNLA တပ်ဖွဲ့ဝင်များက ဌာနေတိုင်းရင်းသားများနှင့် ဒေသခံ များ အပြင်းအထန်တားမြစ်သည့်ကြားမှ ဘူဒိုဇာမြေထိုးစက်ဖြင့် ဖြိုချဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အမေရိကန်အစိုးရ၏ ပိတ်ဆို့မှုချမှတ်ခံရသော မြန်မာဘဏ်နှစ်ခု၏ အကောင့်များကို ပိတ်သိမ်းလိုက်ကြောင်း ဘင်္ဂလားနိုင်ငံပိုင်ဘဏ် ဆို

Sonali Bank ဘဏ်၏ မန်နေဂျင်းဒါရိုက်တာတစ်ဦးဖြစ်သည့် Afzal Karim က MFTB ဘဏ်နှင့် ၊ MICB ဘဏ်တို့၏အကောင့်များကို ပိတ်သိမ်းမှုများ လုပ်ဆောင်ခဲ့ကြောင်း ပြော ဆိုခဲ့သော်လည်း အသေးစိတ်အခြေနေများကို ထုတ်ဖော်ပြောဆိုခြင်းမရှိကြောင်း သိရသည်။

ရသေ့တောင်မြို့နယ်၌ စစ်ဘေးရှောင် ၅၀၀၀ ကျော် စားနပ်ရိက္ခာနှင့် အမိုးအကာများ အရေးပေါ်လိုအပ်နေ

စစ်ဘေးရှောင်ဦးရေ ၅၀၀၀ ကျော်သည် ပြီးခဲ့သည့် ဇွန်လနှင့် ဇူလိုင်လအတွင်းကဖြစ်ပွားသည့် တိုက်ပွဲများကြောင့် တိမ်းရှောင်လာသူများဖြစ်ကြောင်း၊ အဆိုပါစစ်ရှောင်များတွင် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ နာတာရှည်ရောဂါဝေဒနာရှင်များ ၂၀၀၀ နီးပါးခန့်ပါဝင်ကြောင်း သိရသည်။

တွဲကားဘရိတ်ပေါက်ကာ ကျောင်းဖယ်ရီကားအပါအဝင် ကားလေးစီးတိုက် ၁၇ ဦး ဒဏ်ရာရ

ယမန်နေ့ သြဂုတ် ၁၆ ရက်၊ ညနေ ၄ နာရီ ၄၅ မိနစ်ခန့်တွင် အင်းစိန်မြို့နယ်၊ ရွာသစ်၊ အောင်ဆန်းဈေးအနီး၌ ကုန်တင်တွဲကားတစ်စီးမှာ ဘရိတ်ပေါက်၍ တစ်ဖက်ယာဥ်ကြောမှ မောင်းနှင်လာသည့် ကျောင်းဖယ်ရီကားတစ်စီးနှင့် အိမ်စီးကားနှစ်စီးတို့အား ဝင်တိုက်မိခဲ့ကြောင်း သိရသည်။

မြောက်ယမားချောင်းထဲ၌ ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသား ၄ ဦး၏ ရုပ်အ လောင်း တွေ့ရှိ

မြောက်ယမားချောင်းအတွင်း ယမန်နေ့ နံနက်ပိုင်းက လည်ပင်းလှီးဖြတ်ခံထားရသည့် ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသား ၃ ဦး၏ ရုပ်အလောင်းများအား တွေ့ရှိပြီးနောက် ထိုနေ့ညနေပိုင်းတွင် နောက် ၁ ဦး၏ ရုပ်အလောင်းအား ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။

ကုမ္ပဏီခွဲတစ်ခုတည်းသာ ဖျက်သိမ်းခြင်းဖြစ်ပြီး အခြားလုပ်ငန်းများနှင့် သက်ဆိုင်မှုမရှိ ဟု ရွှေဗျိုင်းဖြူကုမ္ပဏီ ဆို

ဩဂုတ် ၁၁ ရက်က နိုင်ငံပိုင် မြဝတီသတင်းစာ၌ မြန်မာနိုင်ငံ လူမွဲခံယူခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၅၂(က)၊ နည်းဥပဒေပုဒ်မ ၁၅ အရ SHWE BYAIN PHYU OIL & GAS Company Limited…

ကျောက်ကြီးမြို့နယ်၌ နှစ်ဖက်တိုက်ပွဲများကြောင့် သုံးလအတွင်း လူရှစ်ထောင်ကျော် စစ်ရှောင်နေရ

ယခုလပိုင်းများအတွင်း ပဲခူးတိုင်းရှိ အချို့ဒေသများသို့ KNU နှင့် PDF ပူးပေါင်းအဖွဲ့များက ဝင်ရောက်ကာ စစ်ရေးလှုပ်ရှားမှုများပြုလုပ်ပြီး နစကစစ်ကြောင်းများနှင့် အပြန်အလှန် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

အာရှလမ်းအခက်အခဲကြောင့် ထိုင်းသို့ ပြောင်းတင်ပို့သူများ အရှုံးပေါ်နေ ဟုဆို

ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် ပြောင်းတင်ပို့ရသည်မှာ ဖေဖော်ဝါရီလမှ သြဂုတ်လကုန်အထိ ၇ လသာအချိန်ရှိပြီး ယခုလသည် အခွန်လွတ်ဖြင့် ပြောင်းတင်ပို့ရန် နောက်ဆုံး လဖြစ်နေကာ အကြောင်းအမျိုးမျိုးကြောင့် တင်ပို့ရန်အခက်အခဲများဖြစ်ပေါ်လျက်ရှိနေကြောင်း သိရသည်။