» သတင်း

မောင်းနှင်နေသည့်ကားကို ပိတ်ရပ်ကာ ယာဉ်မောင်အားထိုးကြိတ်၍ ကားလုယက်

လုယက်ခံရသူ ယာဉ်မောင်းတွင် မျက်နှာဖူးယောင် ဒဏ်ရာများရရှိခဲ့ပြီး လုယက်သူများ အသုံးပြုခဲ့သည့်ယာဉ်မှာ AD Van အမျိုးအစားယာဉ်ဖြစ်ကာ ကားနံပတ်မှာ 6I ဖြင့်စသည့် နံပတ်ဖြစ်ကြောင်းသာ သိရပြီး နံပတ်အပြည့်အစုံကို မသိလိုက်ရကြောင်း ၎င်းကဆက်လက်ပြောပြသည်။

ပွင့်ဖြူမြို့တွင် လူနှစ်ဦးကို ငွေစက္ကူအတုများ၊ ငွေစက္ကူ အတုပြုလုပ်သည့်စက်များနှင့် အတူ ဖမ်းမိ

သြဂုတ် ၃၀ ရက်၊ ယမန်နေ့ မနက်ပိုင်းက ပွင့်ဖြူမြို့ရှိ စတိုးဆိုင်တစ်ဆိုင်တွင် ဈေးဝယ်နေသည့်အမျိုးသားတစ်ဦးအား ငွေစက္ကူအတု ၁၀,၀၀၀ ကျပ်တန် ၃၀ ရွက်နှင့်အတူ ရဲတပ်ဖွဲ့ ဝင်များက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

လားရှိုး၌ ဟိုတယ်ကောင်တာတွင် ထားခဲ့သည့်အိတ်မှ ပေါက်ကွဲမှုဖြစ်၍ ၂ ဦး ဒဏ်ရာရ

ပြီးခဲ့သည့်ရက်ပိုင်းက ဒေသတွင်းလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က လားရှိုးမြို့ရှိ လုပ်ငန်းအချို့အား ကျပ်သိန်း ရာဂဏန်းအထိ အခွန်ဆက်ကြေးပေးဆောင်ရန်နှင့် မပေးဆောင်ပါက အရေးယူမည်ဟု စာပေးပို့အကြောင်းကြားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်တွင် လူနာတင်ယာဉ်တစ်စီး ပစ်ခတ်ခံရ၍ တစ်ဦးဒဏ်ရာရ

"စစ်တပ်ကားတွေသွားနေတဲ့ ယာဉ်တန်းနောက်ကနေ လူနာတင်ယာဉ်ကမောင်းလာနေတုန်း စစ်တပ်ကားတွေကို လက်နက်ကိုင်အဖွဲ့က ပစ်ခတ်ရင်း လူနာတင်ယာဉ်ကို ထိသွားတာ။ ယာဉ်လည်း ကျည်ဖောက်ဝင်သလို ယာဉ်ပေါ် ကတစ်ဦးလည်း ဒဏ်ရာရသွားတယ်“ ဟု ဖြစ်စဉ်အားသိရှိသူ ဒေသခံတစ်ဦးက ပြောသည်။

အာရှလမ်း ပြန်လည်ဖွင့်လှစ်သော်လည်း ကုန်စည်စီးဆင်းမှု ပုံမှန်မဖြစ်သေး

သြဂုတ် ၁၃ ရက်တွင် အာရှလမ်းမကြီးအား ဘေလီတံတားထိုးခြင်းနှင့် ချဥ်းကပ်တောင်ပေါ်လမ်း ဖောက်လုပ်ခြင်းအား လုပ်ဆောင်ပြီးသည့်နောက် ပြန်လည်အသုံးပြုခွင့်ရခဲ့ခြင်း ဖြစ်သည်။

ဂါဘွန်နိုင်ငံတွင် သမ္မတရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းပြီး စစ်အာဏာသိမ်းမှု ဖြစ်ပွား

ဂါဘွန်ရွေးကောက်ပွဲကော်မရှင်သည် ပြီးခဲ့သောသီတင်းပတ်က ကျင်းပခဲ့သော သမ္မတရွေးကောက်ပွဲရလဒ်များကို ကြေညာလိုက်ပြီးနောက်မကြာမီ ဂါဘွန်စစ်တပ်က အာဏာသိမ်း ယူလိုက်ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံတွင် စစ်အာဏာသိမ်းခံရမှုနေ့ရက်များ ပြီးဆုံးသွားပြီဟု ဖြူထိုင်းပါတီ ခေါင်းဆောင် ဆို

ထိုင်းနိုင်ငံတွင် ၁၉၃၂ ခုနှစ်နောက်ပိုင်း အာဏာသိမ်းရန်ကြိုးပမ်းမှုအကြိမ်ပေါင်း အနည်းဆုံး ၁၉ ကြိမ်ရှိခဲ့ပြီး ၂၀၀၆ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်တို့တွင်လည်း စစ်အာဏာသိမ်းများ နောက် ဆုံးဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကျိုင်းတုံမြို့၌ ကျောင်းသားတစ်ဦး ရေနစ်‌သေဆုံး

ကျိုင်းတုံ၊ ဩဂုတ် ၃၀ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အ.ထ.က(၄) မှ ကျောင်းသားတစ်ဦး ကျောင်းချိန်အတွင်းခိုးထွက်ပြီး ရေသွားကူးရာမှ ရေနစ်သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူထံမှ သိရသည်။ သြဂုတ် ၂၉ ရက်၊ ယမန်နေ့က အ.ထ.က (၄)…

ဆားလင်းကြီး စစ်ဘေးရှောင်စခန်းတွင် အိမ်လုံးဝမပြန်နိုင်သည့်စစ်ရှောင် တစ်ထောင် နီးပါးရှိနေ

စစ်ရှောင်စခန်းမှာ အိမ်လုံးဝပြန်လို့မရတာ တစ်ထောင်လောက်ကျန်သေးတယ်။ ပြန်သွားကြတာတွေက သူတို့ရှိတဲ့နေရာနဲ့ ဝေးတဲ့သူတွေက ပြန်လို့ရတယ်။ သူတို့နဲ့နီးတဲ့ရွာတွေက လူတွေကတော့ လုံးဝပြန်လို့မရဘူး။ တစ်ချို့ဆို ပြန်စရာအိမ်မရှိဘူး

ပြည်ပသို့ဆန်တင်ပို့ရန် လိုင်စင်အသစ်ထုတ်ပေးမှု ယာယီရပ်နားမည်

ယခုဩဂုတ်လကုန်မှစတင်၍ ယခင်လိုင်စင်အဟောင်းဖြင့် တင်ပို့ခွင်ပြုထားသော်လည်း လိုင်စင်အသစ်လျှောက်ထားခြင်း ခွင့်မပြုတော့ဘဲ ၄၅ ရက် ယာယီရပ်နားထားမည်ဖြစ် ကြောင်း သိရသည်။