» သတင်း

ဒီပဲယင်းမြို့နယ်အတွင်း လေကြောင်းပစ်ခတ်မှုများကြောင့် ဒေသခံတစ်သောင်းကျော် တိမ်းရှောင်နေရ

ရန်ကုန်၊ စက်တင်ဘာ ၂၆ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ညောင်လှကျေးရွာတွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသဖြင့် ဒေသခံတစ်သောင်းကျော် တိမ်းရှောင်နေရကြောင်း စစ်ဘေးရှောင်များကို ကူညီနေသူများထံမှ သိရသည်။ ယနေ့ စက်တင်ဘာ ၂၆ ရက်၊ နံနက် ၁၁ နာရီ…

ဒလမြို့မရဲစခန်းမှ အချုပ်သားခြောက်ယောက် ခေါင်မိုးဖောက် ထွက်ပြေး

“ပြေးသွားတာကခြောက်ယောက်။ လေးယောက်က မူးယစ်မှုနဲ့ နှစ်ရှည်ကျမယ့်ပုဒ်မနဲ့ တရားစွဲခံထားရတာ။ အမိန့်မချရသေးတဲ့လူတွေ။ နှစ်ယောက်ကတော့ ဘာမှုလဲမသိဘူး။ ခေါင်မိုးကိုဖောက်ပြီး ထွက်ပြေးသွားတာ။” ဟု လုံခြုံရေးအဖွဲ့ဝင်များနှင့် နီးစပ်သူတစ်ဦးကပြောသည်။

တောင်ကြီး မီးပုံးပျံပွဲတော် ပြန်လည်ကျင်းပမည်

"ကိုဗစ်ကြောင့် မလုပ်ဖြစ်‌တာကြာပြီပေါ့။ ဒီပွဲက ရှမ်းပြည်နယ်ရဲ့ အထင်ကရပွဲတော်လည်းဖြစ်သလို ရိုးရာပွဲတော်လိုလည်း ဖြစ်နေတာပေါ့။ ပြည်တွင်းခရီးသွားတွေလည်း အများ ဆုံးလာကြသလို ပြည်ပခရီးသွားတွေလည်း စိတ်ဝင်စားကြတယ်။" ဟု ‌ဒေသခံတစ်ဦးကပြောသည်။

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်တို့နေရာကို အပြောင်း အလဲ ပြုလုပ်

၎င်းတို့နှစ်ဦး၏နေရာအား ညှိုနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် နစကဥက္ကဌ၏ အကြံပေးပုဂ္ဂိုလ် ဒုတိယဗိုလ်ချုပ်ကြီး ညိုစောတို့နှင့် အပြောင်း အလဲပြုလုပ်ခဲ့ကြောင်း သိရသည်။

နိုင်ဂျာနိုင်ငံရှိ တပ်ဖွဲ့ဝင်များနှင့် သံတမန်များကို ပြန်လည်ခေါ်ယူ ရုတ်သိမ်းသွားမည်ဟု ပြင်သစ်အစိုးရ သတင်းထုတ်ပြန်

အာဖရိကတိုက်နိုင်ငံများဖြစ်သော မာလီ၊ ဘာကီနာဖာဆိုနိုင်ငံတို့တွင် အာဏာသိမ်းမှုများ ဖြစ်ပွားခဲ့ပြီးနောက်မကြာမီ စစ်အစိုးရတို့သည် ပြင်သစ်နှင့် စစ်ရေးပူးပေါင်းဆောင်ရွက် မှုများကို ရပ်တန့်လိုက်ပြီးနောက်

လာမည့်ရက်ပိုင်းအတွင်း ဒေသအချို့တွင် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်း၊ ရုတ်တရတ်ရေကြီးခြင်းနှင့် မြေပြိုခြင်းများဖြစ်နိုင် ဟုဆို

"မိုးများနိုင်မဲ့ဒေသတွေမှာ နေရာဒေသနဲ့ မုန်တိုင်းလမ်းကြောင်းပေါ်မှာမူတည် ပြီး ၅ ရက်အတွင်း မိုးရေချိန် ၃၀ မီလီမီတာမှ မီလီမီတာ ၂၀၀ ကျော်အထိ ရွာသွန်းနိုင်ပါတယ်။" ဟု ပြောကြားသည်။

မန္တလေး၌ ကိုယ်ပိုင်အထက်တန်းကျောင်းနှစ်ကျောင်း လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခံရ၍ တစ်ဦးဒဏ်ရာရ

လက်ပစ်ဗုံးမှာ ကျောင်းရှေ့သို့ ကျရောက်ပေါက်ကွဲခဲ့၍ ကျောင်းရှေ့တွင်ရှိနေသူ အသက် ၂၁ နှစ်အရွယ် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ၊ ကျောင်းရှေ့တွင်ရပ်ထား သည့် ကားတစ်စီး၏မှန်များ ကွဲကြေပျက်စီးသွားကြောင်း သိရသည်။

ဆားလင်းကြီး စစ်ရှောင်စခန်းများတွင် စစ်ရှောင်အားလုံး၏ ထမင်းတစ်နပ်စာ ကျပ်တစ်သိန်းခွဲရှိပြီး ပုံမှန်အလှူရှင်မရှိသဖြင့် ရေရှည်ရပ်တည်ရန် ခက်ခဲလာ

အခြေခံစားသောက်ကုန်ဈေးနှုန်းများ တဖြည်းဖြည်း မြင့်တက်လာသဖြင့် အလှူရှင်များ ယခင်လောက် မလှူဒါန်းနိုင်တော့ဘဲ ရံဖန်ရံခါသာ လာ‌ရောက်လှူဒါန်းနိုင်ကြောင်း သိရသည်။

မူဆယ်၌ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွား နှစ်ဦးသေဆုံးကာ သုံးဦးဖမ်းမိ

ယမန်နေ့ ၊ နံနက် ၆ နာရီက မူဆယ်မြို့၌ လုံခြုံရေးအဖွဲ့များက ယာဉ်စစ်ဆေးမှု ဆောင်ရွက်နေစဉ် မောင်းနှင်လာသော အဖြူရောင် Crown အမျိုးအစား မော်တော်ယာဉ်အား တား ဆီးစစ်ဆေးရာ ရပ်တန့်မပေးဘဲ မောင်းနှင်ထွက်ပြေးသဖြင့် လိုက်လံပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ပြင်ဦးလွင်တွင် ယာဉ်တစ်စီးတိမ်းမှောက် အမျိုးသားတစ်ဦးသေဆုံး

စက်တင်ဘာ ၂၂ ရက်၊ နံနက် ၉ နာရီ ၃၅ မိနစ်က ပြင်ဦးလွင်-မန္တလေးအဆင်းလမ်း၊ မိုင်တိုင်အမှတ် ၂၅/၄ တွင် ၁၂ ဘီးယာဉ်သည် လမ်းဘေးရှိကျွန်းပင်ကို အရှိန်မထိန်းနိုင်ပဲ ဝင် တိုက်ခဲ့ရာ လူတစ်ဦး ကားခေါင်းခန်းထဲ၌…