» သတင်း

စက်တင်ဘာလအတွင်း ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် ရှစ်သောင်းကျော် တင်ပို့ထား ဟုဆို

"ဆန်ကတော့ ပင်လယ်ရေကြောင်းက အများဆုံးတင်ပို့တာပေါ့။ နယ်စပ်ကနေ ဆန်တင်ပို့မှုက ရပ်ဆိုင်းလုနီးပါးဖြစ်နေတာ။ အဓိက ၅၀/၅၀ ကြောင့်။ ကုန်သည်တွေက အခြေအ နေစောင့်ကြည့်နေတုန်းပဲ ရှိသေးတယ်။" ဟု နယ်စပ်မှ ဆန်တင်ပို့သည့် ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ပျဉ်းမနားမြို့နယ်၌ မြေပြိုမှုကြောင့် အမျိုးသားသုံးဦး သေဆုံး

ပျဉ်းမနားမြို့၊ ဝဲကြီးကျေးရွာအနီး၊ ဆင်ဖြူတောင်တော်ရှိ ကျင်းဟောင်းအတွင်း ရွှေတူးဖော်ရာမှ တောင်အမြင့် ပေ ၁၀၀၀ ခန့်ရှိ မြေပြိုကျကာ အမျိုးသားသုံးဦး သေဆုံးခဲ့ကြောင်း ပျဉ်းမနားမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ကော့ကရိတ်၌ Drop Bomb ကျရောက်ပေါက်ကွဲ၍ ကျောင်းသားတစ်ဦးအပါအဝင် နှစ်ဦးဒဏ်ရာရ

ယမန်နေ့ ညနေ ၄ နာရီခန့်က ကော့ကရိတ်မြို့၊ အမှတ် (၂) ရပ်ကွက်၊ ဓမ္မရာမဘုန်းကြီးကျောင်းအနီး၊ ဝင်းကြီးကွက်သစ်သို့ သွားသည့်လမ်းပေါ်တွင် ဒရုန်းတွင်ဗုံးချိတ်ဆွဲထားသည့် (Drop Bomb) တစ်လုံး ဝေဟင်မှ မြေပြင်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

EV ကား အားသွင်းရာမှ ကားမီးလောင်ကျွမ်း

အောက်တိုဘာ ၅ ရက်၊ ည ၁၁ နာရီခန့်တွင် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ (၃၁) ရပ်ကွက်၊ သခင်ဗစိန်လမ်း နေအိမ်တိုက်တစ်ခုရှေ့၌ လျှပ်စစ်ကားကို အားသွင်းထားရာမှ ကားမီး လောင်မှုဖြစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စက်သုံးဆီစျေး တရိပ်ရိပ်ကျဆင်းနေကာ ကျပ် ၂၀၀၀ အောက်ရောက်ရှိ

"ဒီရက်ပိုင်းက နေ့တိုင်းကိုကျနေတာ။ 92 ရော၊ 95 ရော၊ ဒီဇယ်ရော သုံးမျိုးစလုံး ၂၀၀၀ အောက်ကိုရောက်ရင်တော့ ပိုကောင်းတာပေါ့။ ဒါမှ အားလုံးအဆင်ပြေကြမှာ။ ပြန်တက်မ လာဖို့လည်း ဆုတောင်းနေရသေးတယ်။" ဟု ရန်ကုန်မြို့ မှ အငှားယာဉ်မောင်းတစ်ဦးက…

စစ်တွေမြို့ ALP ရုံးအနီး၌ သားအဖနှစ်ဦး ပစ်ခတ်ခံရ၍ ဖခင်ဖြစ်သူ သေဆုံး

သေဆုံးသူမှာ စက်ရုံစုရပ်ကွက်၌နေထိုင်သည့် အသက် ၅၀ ကျော်အရွယ် ဦးမောင်စိန်တင်ဖြစ်ပြီး သမီးဖြစ်သူ ဒေါ်မချေမှာ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူ တစ်ဦးက ပြောသည်။

မိုးကောင်မြို့၊ ရေရှင်ကျေးရွာအုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်သတ်ခံရ

သေနတ်ဖြင့် ပစ်သတ်ခံရသူသည် အသက် ၅၀ ကျော်အရွယ် ရေရှင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းရင်ဖြစ်ပြီး အောက်တိုဘာ ၅ ရက်၊ ညပိုင်းက အမည်မသိလူတစ်စုက ၎င်း၏ အိမ်ဝန်းအတွင်းသို့ဝင်ရောက်ကာ သေနတ်ဖြင့် ပစ်သတ်သွားကြောင်း ၎င်းနှင့်နီးစပ်သူက ပြောသည်။

ဖမ်းဆီးခံထားရသော အီရန်တက်ကြွလှုပ်ရှားသူ အမျိုးသမီး နိုဘယ်ငြိမ်းချမ်းရေးဆု ရရှိ

နိုဘယ်ဆုရွေးချယ်ရေးကော်မတီက အသက် ၅၁ နှစ်အရွယ်ရှိ နာဂက်စ် မိုဟမ် မာဒီသည် အီရန်နိုင်ငံရှိ အမျိုးသမီးများ ဖိနှိပ်ခံရမှုများကို တိုက်ဖျက်နိုင်ရန် ကြိုးပမ်းနေသူဖြစ်သလို လူအခွင့်ရေးနှင့် လွတ်လပ်ခွင့်များအတွက် ကြိုးပမ်းအားထုတ်ခဲ့သူဖြစ်ကြောင်း ပြောသည်။

မြဝတီ၌ လင်မယားနှစ်ဦး နေအိမ်အတွင်း ပစ်ခတ်ခံရ၍ သေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၅ ကရင်ပြည်နယ်၊ မြဝတီမြို့၌ ယနေ့နံနက်ပိုင်းက လင်မယားနှစ်ဦး နေအိမ်အတွင်း ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့နံနက် ၇ နာရီခွဲက မြဝတီမြို့၊ (၄) ရပ်ကွက်၊ ပန်းခြံ ၃…

စစ်ကိုင်းမြို့၌ အသက် ၂၀ ကျော်အမျိုးသားတစ်ဦး ပစ်ခတ်ခံရ၍ သေဆုံး

သေနတ်ဖြင့် ပစ်သတ်ခံရသူသည် စစ်ကိုင်းမြို့၊ သစ်ရပ်ကွက်နေ အသက် ၂၆ အရွယ် ကိုဟိန်းထက်ဆိုသူဖြစ်ပြီး အောက်တိုဘာ ၄ ရက်၊ မနက် ၁၀ နာရီဝန်းကျင်တွင် ဆိုင်ကယ် မောင်းလာသည့်အချိန် သေနတ်သမားများက ပစ်သတ်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။