» သတင်း

လာမည့်ကြံရာသီတွင် ကြံတစ်တန် တစ်သိန်းနှစ်သောင်းကျပ်အထိ ဈေးဖွင့်ဝယ်ယူမည် ဟုဆို

လက်ရှိ ပြည်တွင်းသကြားစားသုံးမှုနှင့် ထုတ်လုပ်မှုမှာ ညီမျှမှုမရှိဘဲ လျော့နည်းနေကြောင်း၊ ပြည်တွင်းသကြားစားသုံးမှုမှာ တန်ချိန် ငါးသိန်းခန့်ရှိပြီး ယခင်နှစ် သကြားထုတ်လုပ် မှုမှာ တန်ချိန် ငါးသိန်းအောက် လျော့နည်းခဲ့ခြင်းကြောင့် သကြားဈေး မြင့်တက်နေခြင်းဖြစ်ကြောင်း သိရသည်။

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် လိုင်ဇာစစ်ရှောင်စခန်းရှိ ကလးငယ်များအပါအဝင် ပြည်သူ ၃၀ ခန့် သေဆုံး

အောက်တိုဘာ ၉ ရက်၊ ည ၁၂ နာရီကျော်တွင် လိုင်ဇာရှိ အရပ်သားပြည်သူများနှင့် စစ်ရှောင်စခန်းများရှိရာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခံခဲ့ရပြီး နေအိမ် ၅၀ ကျော်ထိခိုက်ပျက် စီးကာ ကလေးငယ် ၁၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်း၌ ရေကြီးနေ၍ ရန်ကုန်-မန္တလေးနှင့် ပဲခူး-မော်လမြိုင် ရထားခရီးစဉ်များ ခေတ္တရပ်နားမည်

ရေကြီးရေလျှံမှုဖြစ်ပေါ်နေ၍ ပဲခူးမြို့နယ်၊ ပဲခူးဘူတာနှင့် ရွှေလှေဘူတာကြား မိုင်တိုင်အမှတ် (၅၀/၃-၇)ရထားလမ်း အလျားပေ ၅၀၀ ခန့်၌ သံလမ်းအပေါ် ၁၈ လက်မခန့် ရေ ကျော်နေပြီး ရထားများဖြတ်သန်းသွားလာ၍မရသဖြင့် ခေတ္တရပ်နားထားရကြောင်း သိရသည်။

ပုဏ္ဏားကျွန်းမြို့နယ်တွင် မိုင်းပေါက်ကွဲမှုကြောင့် အသက် ၁၀ နှစ်အရွယ်ကလေးတစ်ဦး သေဆုံးပြီး ကလေးနှစ်ဦး ပြင်းထန်ဒဏ်ရာရရှိ

ကလေးသုံးယောက်က ကစားနေတာ။ ကစားနေတဲ့အချိန် မိုင်းက ထပေါက်တာ။ တစ်ယောက်က တခါတည်းဆုံးသွားတယ်။ ကလေးနှစ်ယောက်က လက်တွေ၊ ရင်အုံတွေ၊ မျက်နှာတွေ နေရာတော်တော်များများမှာ ဒဏ်ရာတွေရရှိခဲ့တယ်။

ဂါဇာကမ်းမြောင်ဒေသကို အပြည့်အဝပိတ်ဆို့ထားရန် အစ္စရေး ကာကွယ်ရေးဝန်ကြီး အမိန့်ပေး

၎င်းက "ကျွန်တော်တို့ ဂါဇာကမ်းမြောင်ဒေသကို အပြည့်အဝပိတ်ဆို့သွားမယ်။ ဂါဇာကမ်းမြောင်ဒေသကို လျှပ်စစ်မီးမပေးဘူး၊ အစားစာ၊ ရေနဲ့ ဓါတ်ငွေ့ အားလုံးမရအောင် လုပ် မယ်။" ဟုပြောသည်။

ပေါင်းတည်မြို့နယ်၌ ကြံ့ခိုင်ရေးပါတီဝင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

''သေနတ်နဲ့ပစ်သတ်ခံရသူက ပေါင်းတည်မြို့နယ်၊ ကျောက်တံခါးအုပ်စု၊ အောင်သပြေရွာမှာနေတဲ့ အသက် ၃၃ နှစ်အရွယ် ကိုဖိုးဝဆိုသူပါ။ အောက်တိုဘာ ၇ ရက်၊ ညက နေအိမ် မှာရှိနေချိန် ပစ်ခတ်သတ်ဖြတ်ခံရတာ။ သူက ကြံ့ခိုင်ရေးပါတီဝင်လို့သိရတယ်။''

သုဝဏ္ဏ အထက်တန်းကျောင်းအနီး ဗုံးတွေ့၍ ဖောက်ခွဲဖျက်စီး

ယနေ့နံနက် ၇ နာရီခွဲက သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ (၂၉)ရပ်ကွက်၊ သံသုမာလမ်းနှင့် သုဝဏ္ဏလမ်းထောင့်၊ သုဝဏ္ဏအထက်တန်းကျောင်းနှင့် Max စက်သုံးဆီဆိုင်အနီးတွင် ဗုံး တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ကားလမ်းပိတ်ကာ ဖောက်ခွဲဖျက်စီးခဲ့ကြောင်း သိရသည်။

ပြည်ပအလုပ်အကိုင် အေဂျင်စီအချို့ အလုပ်သမားများထံမှ ငွေကြိုယူ၍ လိမ်လည်မှုများရှိနေ

ပြည်တွင်း၌ အလုပ်အကိုင်ရှားပါးမှုကြောင့် ပြည်ပထွက် အလုပ်လုပ်ကိုင်သူ များပြားနေပြီး အေဂျင်စီတစ်ချို့မှလည်း အခွင့်ကောင်းယူကာ လိမ်လည်မှုများ ရှိနေခြင်းဖြစ်သည်။

အစ္စရေးရောက် မြန်မာများ အကူအညီလိုအပ်ပါက ဆက်သွယ်နိုင်ရန် မြန်မာသံရုံး ထုတ်ပြန်

ပါလက်စတိုင်းရှိ ဂါဇာတွင်နေထိုင်သူ မြန်မာအမျိုးသမီးတစ်ဦးက "တရစပ်တွေပစ်ခတ်ကြတော့ ဗုံးခိုကျင်းတွေထဲပြေးလိုက်။ ခဏလေး ထွက်ကြည့်လိုက်နဲ့ နေခဲ့ရတာ။" ဟု နှစ်ဖက်တိုက်ပွဲအပေါ် ဘီဘီစီသတင်းဌာန၏ ဆက်သွယ်မေးမြန်းချက်အား ဖြေကြားထားသည်ကို တွေ့ရသည်။

အငှားယာဉ်နှင့်အတူ ပျောက်ဆုံးနေသည့် ယာဉ်မောင်းအား ၄ ရက်ကြာသည်အထိ ရှာမတွေ့သေး

ပျောက်ဆုံးနေသာယာဉ်မှာ တိုယိုတာ Probox အမျိုးအစား၊ ယာဉ်အမှတ် YGN 2K- 1003 ဖြစ်ပြီး လက်ရှိတွင် ယာဉ်နှင့်အတူ ယာဉ်မောင်းပျောက်ဆုံးနေမှုကို မင်္ဂလာတောင်ညွန့် ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားသည်ဟု ၎င်းကဆက် လက်ပြောကြားသည်။