» သတင်း

ကန့်ဘလူဒေသမှ စစ်ရှောင်ထောင်ချီ နေရပ်မပြန်နိုင်ဘဲ အခက်အခဲများ ကြုံနေရ

"စစ်ရှောင်နေရတာ ၁၀ ရက်ကျော်ပြီ။ အခုအထိ ဘယ်သူမှမပြန်ရဲသေးဘူး။ ပြီးခဲ့တဲ့ရက် မိုးရွာတုန်းကဆို နေစရာနေရာတွေပါ ရေမြုပ်လို့ တစ်ညလုံး မတ်တပ်ရပ်နေရတဲ့ စစ် ရှောင်တွေတောင်ရှိတယ်။ အခုရက်ပိုင်း ဖျားနာသူတွေလည်း များလာတယ်။"

နမ္မတူမြို့နယ်၌ ရေကြီးရေလျှံမှုကြောင့် စပါးဧက ၅၀၀ ကျော် ပျက်စီးဆုံးရှုံး

မ္မတူမြို့နယ်အတွင်း ရေကြီးရေလျှံမှုဖြစ်ပွား ခဲ့ပြီး မိုင်းရင်းကျေးရွာအပါအဝင် ကျေးရွာပေါင်းခြောက်ရွာတွင် ရိတ်သိမ်းခါနီး မိုးစပါးခင်းများအပါအဝင် စပါးဧက ၅၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံတောင်သူတစ်ဦးက ပြောသည်။

Keppel ကော်ပိုရေးရှင်းက စင်ကာပူလုပ်ငန်းစုထံ Sedona Hotel ကို အပြီးသတ်ရောင်းချ

ဆီဒိုနားဟိုတယ် (ရန်ကုန်)သည် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းခဲ့သည်မှာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတွင်ကုန်ဆုံးသည့် ဘဏ္ဍာရေးနှစ်ကတည်းကဖြစ်သည်။

လမ်း​ဘေး၌ ရပ်နားထားသည့် တွဲကားများကို ပိုင်ရှင်ထံ ခွင့်ပြုချက်​တောင်း၍ ​ရောင်ပြန်စ​တေကာများ အခမဲ့ကပ်​ပေးမည် ဟုဆို

ရန်ကုန်မြို့တွင် ညပိုင်းအချိန် တွဲကားများတွင် ရောင်ပြန်မကပ်ထားခြင်း​ကြောင့် အနောက်ဘက်မှ ဝင်တိုက်မိပြီး ယာဥ်တိုက်မှုများ မကြာခဏဖြစ်​ပေါ်လျက်ရှိ၍ ယင်းဖြစ်စဥ်များ ထပ်မံမဖြစ်​ပေါ်​စေရန် ရည်ရွယ်ကာ ​ဆောင်ရွက်ရခြင်းဖြစ်​ကြောင်း

လင်းခေးတွင် မီးရှူးမီးပန်း ပေါက်ကွဲမှုကြောင့် လူနှစ်ဦးသေဆုံး

"မီးရှူးမီးပန်းဆိုင်ရှင် အမျိုးသားတစ်ဦးသေဆုံးပြီး ဆိုင်နဲ့မျက်နှာချင်းဆိုင် နေအိမ်ရှေ့ ထွက်ထိုင်နေသူ အမျိုးသမီးတစ်ဦး ထပ်မံသေဆုံးခဲ့ပါတယ်။" ဟု လင်း​ခေးလူမှုညီ​ရေး အသင်းက တာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

ဖားကန့်၌ လက်နက်ကြီးကျည် ထိမှန်မှုကြောင့် အသက် ၁၂ အရွယ် မိန်းကလေးတစ်ဦး သေဆုံးခဲ့ပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရှိ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ တာမခန်ကျေးရွာတွင် အောက်တိုဘာ ၁၈ ရက်က လက်နက်ကြီးကျည်ထိမှန်ပြီး အသက် ၁၂ နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးပြီး၊ အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦးပါ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဗန်းမော်မြို့၌ နေအိမ်တစ်လုံး ဗုံးခွဲဖျက်ဆီးခံရ

“KIA ရဲ့အရာရှိဟောင်းရဲ့အိမ်လေ။ အိမ်ကလူတွေကို ရှေ့တစ်ရက်ကဖမ်းသွားတယ်၊ အိမ်ထဲကပစ္စည်းတွေကို ထုတ်ယူသွားတယ်တဲ့။ ပေါက်ကွဲတဲ့အချိန်မှာ လူမရှိဘူး။ အိမ်ကြီးက တော့ တော်တော်ပျက်စီးသွားတယ်။ အရှေ့မှာရပ်ထားတဲ့ ကားလည်းထိသွားတယ်။”

KIA တပ်မဟာ ၉ နယ်မြေအနီး လေကြောင်းဖြင့်တိုက်ခိုက်ခံရ နှစ်ဦးသေဆုံး

အောက်တိုဘာလ ၁၆ ရက်၊ ညနေ ၄ နာရီခွဲမှ ၅ နာရီခွဲအတွင်းက KIA တပ်မဟာ ၉ နယ်မြေအနီး လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပြီး KIA အရာရှိနှစ်ဦး ကျဆုံးသွားခဲ့ကြောင်း သိရသည်။

နေပြည်တော်ရှိ အကျဉ်းစခန်းမှ ထွက်ပြေးလွတ်မြောက်သွားသူ ခုနစ်ဦးအား ဖမ်းမမိသေး

"ဘယ်လိုမျိုး ထွက်ပြေးလွတ်မြောက်သွားတယ်တော့ မသိရသေးဘူး။ ဖမ်းဆီးရမိရေး ဆောင်ရွက်နေပါတယ်။ ဒီမနက်အထိတော့ ဖမ်းမမိသေးဘူး။" ဟု လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

အမေရိကန်နိုင်ငံသည် အစ္စရေးနိုင်ငံနှင့်အတူ အမြဲတမ်းရပ်တည်မည်ဟု ဂျိုးဘိုင်ဒန် ကတိပြု

"အစ္စရေးနိုင်ငံကို ကျွန်တော်လာတဲ့ အဓိကရည်ရွယ်ချက်နဲ့ ပေးချင်တဲ့ မက်ဆေ့ကတော့ အစ္စရေးတစ်နိုင်ငံတည်း မဟုတ်ဘူးဆိုတာကို သိစေချင်တာပါ။ အမေရိကန်နိုင်ငံဟာ အစ္စရေးနိုင်ငံနဲ့အတူ အမြဲတမ်းရပ်တည်သွားမယ်။ အစ္စရေးကို တစ်နိုင်ငံတည်း အထီးကျန်တာမျိုး ခွင့်မပြုဘူး။"