» သတင်း

ဧရာဝတီတိုင်းတွင် စိုက်ပျိုးစရိတ် မတတ်နိုင်ခြင်းကြောင့် ယခုနှစ် မိုးသီးနှံစိုက်ပျိုးမှု ထက်ဝက်ကျော်လျာ့နည်း

ယခင်နှစ် သီးနှံစိုက်ပျိုးရာသီက နယ်မြေမတည်ငြိမ်မှုများကြောင့် ဘေးလွတ်ရာ ထွက်ပြေးခဲ့ရသဖြင့် စိုက်ပျိုးသီးနှံများ ရိတ်သိမ်းခွင့်မရ ဖြစ်ကာ အရှုံးပေါ်ခဲ့ခြင်းကြောင့် ယခုနှစ် စိုက်ပျိုးရန်အတွက် စိုက်ပျိုးစရိတ် ပြန်မသုံးနိုင်ခြင်းများလည်းဖြစ်နေကြောင်း

သထုံမြို့နယ်၌ ဘုရားဖူးယာဉ်တစ်စီး မိုင်းထိ၍ နှစ်ဦးဒဏ်ရာရ

ယမန်နေ့ နံနက် ၆ နာရီက ဘုရားဖူးယာဉ်တစ်စီး မောင်းနှင်လာစဉ် အဆိုပါ လမ်းပေါ် မိုင်တိုင်အမှတ် (၁၃၂/၅)နှင့် (၁၃၂/၆) အရောက်၌ မိုင်းပေါက်ကွဲမှုဖြစ်ပွား၍ ယာဉ်ပေါ်ပါ ယာဉ်မောင်းနှင့် ၎င်း၏ဇနီးတို့ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

သီတင်းကျွတ်ကာလအတွင်း YBS ယာဥ်လိုင်းအချို့ ညနက်သည်အထိ ပြေးဆွဲပေးမည် ဟုဆို

သီတင်းကျွတ်ပွဲတော် ကျင်းပတဲ့ရက်တွေမှာ YBS ယာဥ်လိုင်း ခုနှစ်လိုင်းက YBS ကား ခုနှစ်စီးနဲ့စတင်ပြီး သတ်မှတ်ထားတဲ့ဂိတ်တွေကနေ ပြည်သူ့ရင်ပြင်ရှေ့ကို ည ၉ နာရီခွဲအ ရောက် သွားမှာဖြစ်ပါတယ်။

မုန်တိုင်းအရှိန်ကြောင့် ရခိုင်ပြည်နယ်၌ မိုးသည်းထန်နိုင်ကာ ကျန်ဒေသများ မိုးများနိုင်

မုန်တိုင်းငယ်မှာ ယနေ့ညသန်းခေါင်ကျော်တွင် ဆိုင်ကလုန်းမုန်တိုင်းအဆင့်သို့ စတင်ရောက်ရှိနိုင်ပြီး မုန်တိုင်းဦးတည်ရာလမ်းကြောင်းမှာ စစ်တွေမြို့၏ ၁၈၆ မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံ စစ်တကောင်းမြို့၏ မိုင် ၆၀ ခန့်အကွာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေဘက်သို့ ဦးတည်ရွေ့လျားလျက်ရှိကြောင်း သိရသည်။

ဒီပဲယင်းရှိ ဝဘာရွာ မီးရှို့ခံရပြီး နေအိမ်နှင့်စပါးကျီများ ပျက်စီး

"လူနေအိမ်က ၇ လုံး၊ စပါးတိုက် ၄ လုံး မီးရှို့ခံရပြီး နေအိမ်တွေက ပြာကျသွားတယ်။ စပါးတင်း ၈၀၀ ခန့်နဲ့ မြေဆီ ၁၅ လုံးလည်း မီးလောင်ဆုံးရှုံးခဲ့တယ်။" ဟု စစ်ရှောင်များအား ကူညီပေးနေသူတစ်ဦးက ပြောသည်။

ပြည်တွင်းခရီးသွားများကိုသာ မြိတ်ကျွန်းစုခရီးစဥ် လည်ပတ်ခွင့်ပြုမည်

ကိုဗစ် -၁၉ ရောဂါကာလမှ စတင်ရပ်နားထားရသည့် ခရီးသွားလုပ်ငန်းများကို အောက်တိုဘာလ နောက်ဆုံးပတ်မှစတင်ပြီး လုပ်ငန်းများပြန်လည် လည်ပတ်ရန် ကြိုတင်ပြင်ဆင် နေပြီး ယခုအခါ ပြည်တွင်းခရီးများကိုသာ ကျွန်းခရီးစဉ်ဝန် ဆောင်မှုပေးမည်ဖြစ်ကြောင်း သိရသည်။

အမြန်လမ်းပေါ်၌ ကိုးလအတွင်း စည်းကမ်းဖောက်ဖျက်သည့် ယာဉ်စီးရေ တစ်သောင်းကျော် အရေးယူခံရ

“ပြီးခဲ့တဲ့လက တောင်ငူကို ဆေးပစ္စည်းတွေသွားပို့ရင်း သတ်မှတ်ထားတဲ့ ကီလိုထက် ပိုမောင်းတယ်ဆိုပြီး ဆွာဂိတ်မှာ အဖမ်းခံရတယ်။ ဆွာမြို့နယ်တရားရုံးမှာ ဒဏ်ငွေ ငါးသောင်း ဆောင်ခဲ့ရတယ်။ နေ့ချင်းပြီးဆောင်ရတယ်။” ဟု ရန်ကုန်မြို့ရှိ ဆေးကုမ္ပဏီတစ်ခုမှ ယာဉ်မောင်းတစ်ဦးက ပြောသည်။

မှော်ဘီလေတပ်စခန်းအား ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခဲ့ ဟုဆို

လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူများကမူ မှော်ဘီလေတပ်စခန်းကို ပစ်ခတ်သည့် ရှော့တိုက်ဒုံးများမှာ လေတပ်အားထိမှန်ခြင်းမရှိဘဲ လေတပ်အနီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း ပြော ကြားသော်လည်း မည်သည့်နေရာကို ထိမှန်ခဲ့သည်ကိုမူ တိတိကျကျပြောဆိုခြင်းတော့ မရှိပေ။

ဧရာဝတီတိုင်း၌ ၉ လအတွင်း နေအိမ်အလုံး ၁၀၀ ကျော်အထိ ချိပ်ပိတ်ခံရ

ပြီးခဲ့သည့် ၉ လတာကာလအတွင်း ချိပ်ပိတ်သိမ်းဆည်းခံရသည့် လူနေအိမ် ၁၀၀ ကျော်အထိရှိပြီး ချိပ်ပိတ်သိမ်းဆည်းခံရသည့် အိမ်များထဲတွင် NLD ပါတီဝင် များနှင့် CDM ပညာရေးဝန်ထမ်းများ၏နေအိမ်များ အများဆုံးပါဝင်ကြောင်း သိရသည်။

ဖားကန့် ၌ ၉၂ ဆီပြတ်နေ၍ ဆီဆိုင်များပိတ်ထားရ

ပြီးခဲ့သည့် လပိုင်းမှစတင်ကာ ဖားကန့်မြို့အဝင်ဂိတ်များမှ ခရီးသည်တင်ယာဥ်များမှလွဲ၍ အခြားသော ကုန်တင်ယာဥ်နှင့် ဆီကားများကို ဖြတ်သန်းသွားလာ ခွင့်မပြုထားကြောင်း သိရသည်။