» သတင်း

ရန်ကုန်၌ ယနေ့ညမှစ၍ ညမထွက်ရအမိန့်အား အချိန်လျော့သတ်မှတ်

"ဒီနေ့ညက စမှာပါ။ ဘယ်နေ့အထိဆိုတာတော့ မသိရသေးဘူး။ လောလောဆယ်တော့ နောက်ထပ်ကြေညာချက် ထပ်ပြီးမထုတ်မချင်း နံနက် ၁ နာရီကနေ နံနက် ၃ နာရီအထိ သာ ညမထွက်ရအမိန့်ရှိတော့မယ်။" ဟု ရန်ကုန်မြို့ရှိ မြို့နယ်တစ်ခုမှ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

တိုက်ပွဲများကြောင့် အဓိကပို့ကုန့်ဖြစ်သည့် လယ်ယာထွက်ကုန်ပစ္စည်းများ ဆုံးရှုံးမှုပိုများနိုင် ဟုဆို

အဆိုပါလမ်းပိုင်း ပိတ်ထားမှုကြောင့် အကျိုးဆက်အနေဖြင့် တိုင်းပြည်၏ ဒုတိယဝင်ငွေအများဆုံးရရှိသည့် လယ်ယာထွက်ကုန်ပစ္စည်းများ ဆုံးရှုံးမှု ပိုမိုများပြားလာနိုင်ကြောင်း ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ထိုင်းနိုင်ငံတွင် မြန်မာလုပ်သားသုံးဦးအား ရိုက်နှက်၍ ထိုင်းရဲက ဘတ်​တစ်သိန်း​တောင်း ဟုဆို

ချွန်ဘူရီခရိုင်၊ ဘော်ဝင်းရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက အောက်တိုဘာ ၂၂ ရက်တွင် မြန်မာလုပ်သားသုံးဦးကို ထိုင်းနိုင်ငံတွင် တရားမဝင်နေထိုင်နေသည်ဟု စွပ်စွဲပြီး ဖမ်းဆီးခဲ့ခြင်းဖြစ် ကြောင်း ထိုင်းနိုင်ငံရှိ The Nation Thailand သတင်းဌာနက ​ဖော်ပြခဲ့သည်။

ကော့ကရိတ်၌ တိုက်ပွဲပြင်းထန်နေ၍ ဒေသခံများထွက်ပြေးတိမ်းရှောင်ရ

ကော့ကရိတ်မြို့ရှိ နေရာအနှံ့အပြားတွင် နစကတပ်များနှင့် KNU , PDF ပူးပေါင်းအဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေကာ ယနေ့ နံနက် ၁၁ နာရီအထိ ဒေသခံအများအပြား ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှိ ဒေသအများအပြား၌ ယနေ့နံနက်တွင် တိုက်ပွဲများ ပြင်းထန်နေ

တရုတ်-မြန်မာနယ်စပ်ရှိ ချင်းရွှေဟော်မြို့တွင် အပြင်းအထန်ဆုံးဖြစ်ကာ မြို့တွင်းပစ်ခတ်မှုများရှိကြောင်း၊ ယနေ့နံနက်ပိုင်းအထိ လက် နက်ကိုင်ပူးပေါင်းအဖွဲ့က မြို့ကိုထိန်းချုပ်ထားကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

မြန်မာသူရ ကျောက်မျက်ကုမ္ပဏီဝန်းအတွင်း လုံခြုံရေးယူထားသော်လည်း ရေမဆေးသမားများ ခြံဝန်းရှေ့၌ စောင့်ဆိုင်းနေဆဲ ဟုဆို

"ညနေပိုင်း အဲ့ဘက်ကပြန်လာတော့ ရေမဆေးသမားတွေက ခြံရှေ့မှာရှိနေကြသေးတယ်။ ခြံဝန်းတံခါးကြီးက ပိတ်ထားတယ်။ ပစ်ခတ်သံတော့မကြားဘူး။ ခြံထဲမှာ ပေါက်ကွဲသံ လိုလိုတော့ကြားတယ်။"

စစ်ကိုင်းမြို့ ဧရာဝတီမြစ်ထဲ ကလေးသုံးဦး ရေဆင်းချိုးရာမှ ကလေးတစ်ဦး ရေနစ်သေဆုံး

ယနေ့နံနက် ၉ နာရီခန့်တွင် စစ်ကိုင်းမြိုနယ်၊ တာဝါတိုင်ဆိပ်အနီး၊ မြရတနာရပ်ကွက်၌ နေထိုင်သည့် ကလေးသုံးဦး ဧရာဝတီမြစ်ထဲ ရေဆင်းချိုးရာက ၁၃ နှစ်အရွယ် မိန်းကလေး တစ်ဦး ရေနစ်သေဆုံးကြောင်း ထုံးဘို အရေးဖော်ကယ်ဆယ်ရေးမှ အသင်းဝင်တစ်ဦး၏ ပြောကြာချက်အရ သိရသည်။

တရုတ်နိုင်ငံက တိုက်ခိုက်လာမည်ဆိုလျှင် ဖိလစ်ပိုင်နိုင်ငံကို ကာကွယ်ပေးမည်ဟု အမေရိကန်သမ္မတ ဆို

အငြင်းပွားနေသည့် တောင်တရုတ်ပင်လယ်ပြင်တွင် တရုတ်စစ်သင်္ဘောများနှင့် ဖိလစ်ပိုင်စစ်သင်္ဘောတို့ ထိပ်တိုက်တွေ့ဆုံခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် အမေရိကန်သမ္မတက ဖိလစ်ပိုင်နိုင်ငံကို ကာကွယ်ပေးမည့်အကြောင်း ကတိပြု ပြောဆိုခဲ့ခြင်းဖြစ်သည်။

တာမွေမြို့နယ်ရှိ United Living Mall တွင် ခါးပိုက်နှိုက်နှစ်ဦးအား ပြည်သူများ ဝိုင်းဝန်းဖမ်းဆီး

"ခါးပိုက်နှိုက်တာက နှစ်ယောက်ပေါ့။ United Living Mall မှာဖြစ်တာ။ တစ်ယောက်ကတော့ ဝိုင်းဖမ်းလို့ ဒဏ်ရာရတာရှိတယ်။ ဦးခေါင်းကွဲဒဏ်ရာရသူတစ်ဦးကို သင်္ဃကျွန်းမြို့ နယ်၊ စံပြဆေးရုံကို အသွား/အပြန် ကူညီပို့ဆောင်ပေးခဲ့ပါတယ်။"

အောင်ဆန်းအားကစားကွင်းအသစ် ပြန်လည်တည်ဆောက်မည် ဟုဆို

အောင်ဆန်းကွင်းကြီးကို အားကစားဝင်းအဖြစ် ၁၉၀၆ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အားကစားကွင်း၏ မူလအမည်မှာ BAA(Burma Athletic Association Ground) ဖြစ်ပြီး အဆိုပါကွင်းတွင် ပြည်တွင်း/ပြည်ပ အားကစားပြိုင်ပွဲများလည်း ကျင်းပခဲ့​ကြောင်း သိရသည်။