» သတင်း

သရုပ်ဆောင် အကယ်ဒမီ မို့မို့မြင့်အောင်နှင့် ခင်ပွန်းဖြစ်သူတို့အမှု အယူခံကို တရားရုံးပယ်ချ

သရုပ်ဆောင် အကယ်ဒမီ မို့မို့မြင့်အောင်နှင့် ခင်ပွန်းဖြစ်သူတို့အား ကျပ်သိန်း ၅၀၀၀ လိမ်လည်မှုဖြင့် ပဲခူးတိုင်းဒေသကြီး၊ အင်းတကော်မြို့ရှိ အင်းတကော်ရဲစခန်း၌ တရားလို ဦးစိုးလှိုင်(ခ)ဦးအောင်အောင်မိုးက ပြီးခဲ့သည့်ဖေဖော်ဝါရီလက အမှုဖွင့်ထားခြင်းဖြစ်သည်။

အပြစ်မဲ့ပြည်သူများကို ကာကွယ်ပေးရန် အစ္စရေးနိုင်ငံကို အမေရိကန်အစိုးရ ထပ်မံသတိပေး

အစ္စရေးနှင့် ဟားမက်စ် လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲစတင်ခဲ့သော အောက်တိုဘာ ၇ ရက်နေ့ နောက်ပိုင်းတည်းက ဂါဇာဒေသတွင် ပါလက်စတိုင်းပြည်သူ အနည်းဆုံး ၈၀၀၀ သေဆုံးထားကြောင်း သိရသည်။

မန္တလေးမြို့နယ် ၈၄ လမ်းရှိ ​ပေါ်ဦးရွှေဆိုင် ဓားပြတိုက်ခံရပြီး ငွေသားများကို ပီနံအိတ်နှစ်လုံးဖြင့် လုယက်သယ်ဆောင်သွား ဟုဆို

"ဆိုင်ဖွင့်​​နေချိန်မှာ ဆိုင်ကယ်နှစ်စီးနဲ့ လူလေးယောက်ရောက်လာပြီး သေနတ်ပစ်ဖောက်တယ်။ ရွှေမယူဘဲ ငွေသားတွေကို ပီနံအိတ်နှစ်လုံးနဲ့ ယူသွားတာဖြစ်တယ်။" ဟု ပေါ်ဦး​ရွှေဆိုင် အ​ရောင်းတာဝန်ခံတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

မော်လမြိုင်မြို့တွင် ဈေးကြိုအဝိုင်းအား အိမ်စီးကားတစ်စီး အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိကာ ယာဉ်မောင်းသေဆုံး

မော်လမြိုင်မြို့ရှိ စျေးကြိုအဝိုင်းအား အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိခြင်း​ကြောင့် ပြင်းထန် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ယာဥ်မောင်းအား ဘိုဘိုဝင်း လူမှုကူညီရေးအသင်းက မော် လမြိုင်ပြည်သူ့ဆေးရုံကြီး OPD ပြင်ပဌာနသို့ ကူညီပို့​ဆောင်​ပေးခဲ့ပြီး ဆေးရုံအရောက်တွင် ​​သေဆုံးသွား​​ကြောင်း သိရသည်။

လားရှိုး၌ ဒေသခံ ငါးထောင်ကျော် စစ်ဘေးတိမ်းရှောင်နေရ

လားရှိုးမြို့ပေါ်၌ သီရိမင်္ဂလာမန်ဆူ ရှမ်းဘုန်းတော်ကြီးကျောင်းအပြင် ဟိုနမ့်၊ ဟိုပိတ်၊ မိုင်းတင်၊ ကုန်းသာ၊ မန်အိုင်၊ တာပုံ၊ ကောင်းခန် စသည့်ဘုန်းတော်ကြီးကျောင်းများတွင်လည်း လာရောက်စစ်ဘေးရှောင်သူ စုစုပေါင်းလူဦးရေထောင် ချီ၍ရှိနေကြောင်း သိရသည်။

ပြည်ပသို့ ရေထွက်ကုန်တင်ပို့မှုပမာဏ လျော့ကျနေဆဲဖြစ်သော်လည်း ယခုနှစ်တွင် ကန်ဒေါ်လာ သန်း ၈၀၀ နီးပါးရရှိရန် မျှော်မှန်းထား

"နှစ်စဉ် ရေထွက်ကုန်တင်ပို့မှုကနေ ကန်ဒေါ်လာ သန်း ၇၀၀ လောက်ရရှိအောင် ဆောင်ရွက်ပေးနေတာ။ ကိုဗစ်အလွန်မှာလည်း အဲ့လောက်ပမာဏရအောင် တင်ပို့နိုင်ခဲ့တယ်။ အများကြီးလျော့ကျသွားတာမရှိပါဘူး။"

ဦးပိန်တံတား အရှေ့ခြမ်းတွင် တံတားနှစ်ကန့် ကျိုးကျ

ယနေ့သည် သီတင်းကျွတ်လပြည့်နေ့ ဖြစ်သည့်အတွက် ဦးပိန်တံတားသို့ လာရောက်လည်ပတ်သူများပြားခဲ့ပြီး တံတားကျိုးကျချိန်၌ လူ ၃၀ ဝန်းကျင်ခန့် တောင်သမန်အင်းရေပြင် အတွင်း ပြုတ်ကျခဲ့ကြောင်း သိရသည်။

ဒီပဲယင်းနှင့် ရေဦးအစပ်ရှိ ကျေးရွာများမှ ဒေသခံတစ်သောင်းကျော် ထပ်မံ၍စစ်ရှောင်ရ

ပြီးခဲ့သည့်ရက်ပိုင်းက နှစ်ဖက်လက်နက်ကိုင်အဖွဲ့၏ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကာ ဒီပဲယင်းမြို့နယ်၊ ဝဘာကျေးရွာမီးရှို့ခံရပြီး လူနေအိမ် ၇ လုံးနှင့် စပါးတင်း ၈၀၀ ခန့် မီးလောင်ပျက်စီးခဲ့ကာ ဒေသခံအချို့ သတ်ဖြတ်ခံရကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

ဂါဇာဒေသကို တိုက်ခိုက်မှုများ ချက်ချင်းရပ်တန့်ရန် ကုလသမဂ္ဂ၏ တောင်းဆိုမှုများကို အစ္စရေးအစိုးရ ပယ်ချ

ဂါဇာဒေသတွင်ပြုလုပ်သော အစ္စရေး၏တိုက်ခိုက်မှုများကို ချက်ချင်းရပ်တန့်ရန်နှင့် အပစ်ခတ်ရပ်စဲရေး ချက်ချင်းလုပ်ဆောင်ရန် ကုလသမဂ္ဂ၏ တိုက်တွန်းတောင်းဆိုမှုများကို အစ္စရေးအစိုးရက ပယ်ချခဲ့ကြောင်း သိရသည်။

ယုဇနဥယျာဥ်မြို့​တော်တွင် မိုးကြိုးစက်ကွင်းထိမှန်၍ မိန်းကလေးငယ်တစ်ဦး သေဆုံး

မိနီမ(ခေါ် )မပွင့်ဝတီကျော် အသက် (၁၁)နှစ်ပါ။ ကျူးတဲမှာ ​နေထိုင်သူဖြစ်ပါတယ်။ မိုးသည်းထန်စွာရွာသွန်းပြီး မိုးကြိုးပစ်မှုကြောင့် မိုးကြိုးစက်ကွင်းမလွတ်ပဲ နားထင်ကိုထိမိပြီး သေဆုံးတာပါ။