» သတင်း

မန္တလေး၌ ဟိုတယ်တစ်လုံးအတွင်း မိုင်းပေါက်ကွဲ

"အခန်းအမှတ် ၁၀၅ အနီးမှာ ရီမုမိုင်းပေါက်ကွဲမှုဖြစ်တာ။ တည်းခိုသူတွေထဲက ထားခဲ့တာဖြစ်နိုင်တယ်လို့တော့ ပြောတယ်။ လူထိခိုက်ဒဏ်ရာရရှိမှုတော့ မရှိဘူး။" ဟု ဒေသခံ တစ်ဦးက ပြောသည်။

ရန်ကုန်-ဒလ မြစ်ကူးတံတား ၂၀၂၄ ခုနှစ်တွင် ဖွင့်လှစ်မည် ဟုဆို

ရန်ကုန်ဘက်အခြမ်းမှာ ဘုန်းကြီးလမ်းဘက်ကို နှစ်လမ်းသွား တံတားတစ်စင်း၊ ဆူးလေနဲ့ အလုံဘက်ကို တစ်လမ်းမောင်း တံတားတစ်စင်းစီ ထည့်သွင်းတည်ဆောက်ထားပါတယ်။ တံတားကြီးရဲ့ နှစ်ဖက်ချဉ်းကပ်လမ်းနဲ့ ဆင်ခြေလျှော တံတားပိုင်းကို ၂၀၂၃ ခုနှစ်၊ နှစ်အကုန်မှာ အပြီးဆောက်လုပ်မယ်။

ဂါဇာဒေသကို ကာလအတန်ကြာ သိမ်းပိုက်ထားမည့် အစ္စရေးနိုင်ငံ၏ အစီအစဉ်ကို အမေရိကန်အစိုးရ ဝေဖန်

အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုက ဟားမက်စ်နှင့် စစ်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဂါဇာကမ်းမြောင်ဒေသ လုံခြုံရေးကဏ္ဍအားလုံးကို အပြည့်အဝထိန်းချုပ်နိုင်အောင် လုပ်ဆောင်သွား မည်ဖြစ်ကြောင်း ပြီးခဲ့သောရက်ပိုင်းက ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက်..

လောက်ကိုင်၌ သက်သာသောစျေးနှုန်းဖြင့် ရောင်းချသော ဆန်များအားဝယ်ယူပြီး စျေးတင်ရောင်းချသူများကို အရေးယူမည် ဟုဆို

ယမန်နေ့က လောက်ကိုင်မြို့၌ ဆန်တစ်အိတ်လျှင် ယွမ် ၂၀၀ နှုန်းဖြင့် ရောင်းချရာတွင် တိုးကြိတ်ဝယ်ယူသူ များပြားသဖြင့် တစ်ဦးနှင့်တစ်ဦးနင်းမိပြီး ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပွားခဲ့သည်။

ပို့ကုန်ရငွေ ဝင်ရောက်ခြင်းမရှိသည့် လုပ်ငန်းရှင်များကို နိုဝင်ဘာ ၁၇ ရက် နောက်ဆုံးထားပေးသွင်းရန် သတိပေး

"အခုက အဆင်မပြေဘူးလေ။ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွေကလည်း ပိတ်နေတော့ မရဘူးလေ။ သူတို့ပြောတဲ့ ပို့ကုန်ရငွေကို သတ်မှတ်ရက်အတိုင်း မပေးသွင်းနိုင်ဘူး။ ဖိအားပေးနေတာ။ နည်းနည်းလေးတော့ အောက်ခြေကို ပြန်ကြည့်သင့်တယ်။"

ယာဥ်စီးခပိုတောင်းသည့် YBS ယာဥ်စီးရေ ၁၀၀ ကျော်ကို CNG လုပ်ငန်းလိုင်စင် ပိတ်သိမ်း

ယခုလို လုပ်ငန်းလိုင်စင် ပိတ်သိမ်းခြင်းကို အောက်တိုဘာလ ၇ ရက်က လုပ်ဆောင်ခဲ့ပြီး YBS ယာဥ်မောင်းအချို့သည် ယာဥ်စီးခပိုတောင်းခြင်းများ ပြုလုပ်ကြောင်း ခရီးသည်များ၏ တိုင်ကြားလာမှုကြောင့် သိရှိအရေးယူရခြင်းဖြစ်ကြောင်း YRTC မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရန်ကုန်-လားရှိုး လေယာဉ်ခရီးစဉ်များ လေယာဉ်လက်မှတ် ကြိုတင်ဝယ်ယူမှု လက်မခံသေး ဟုဆို

ရှမ်းပြည်မြောက်ပိုင်းရှိ ဒေသအချို့၌ တစ်ကျာ့ပြန် တိုက်ပွဲများကြောင့် အောက်တိုဘာလ ၂၇ ရက်မှစတင်ကာ လားရှိးလေဆိပ်ကို ပိတ်ထားလိုက်ပြီး မည်သည့် ပြည်တွင်းလေ ကြောင်းခရီးစဉ်များမှ အတက်/အဆင်းလုပ်၍ မရတော့ကြောင်း သိရသည်။

မြန်မာ-တရုတ် နယ်စပ်မျဉ်းရှိ BP ၁၂၅ စစ်ရှောင်စခန်း၌ စစ်ရှောင်တစ်သိန်းသုံးသောင်း ကျော်ရှိကာ စားနပ်ရိက္ခာများ လိုအပ်

"ဒီမနက်အထိဆို စစ်ရှောင်အရေအတွက် ၁၃,၄၀၀ ကျော်လောက်ရှိပြီ။ နေ့တိုင်း စစ်ရှောင်တဲ့သူတွေက အဆက်မပြတ်များလာလို့ သူတို့အတွက် နေရာထိုင်ခင်း၊ စားနပ်ရိက္ခာ၊ ကျန်းမာရေးနဲ့ သောက်သုံးရေတို့အတွက် အခက်အခဲတွေ အများကြီးကြုံရတယ်။"

အမေရိကန်ပိတ်ဆို့သော်လည်း MOGE နှင့် PTEEP လုပ်ငန်းများ ဆက်လုပ်နေ ဟုဆို

"အမေရိကန်က ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်‌ထားပေမယ့်လည်း PTTEP နဲ့ က ဆက်လုပ်နေတယ်။ သူ့ရဲ့အရေးယူပိတ်ဆို့မှုက ဘယ်လောက်ထိအရေးပါလဲ၊ သက်ရောက်မှုရှိနိုင် လဲဆိုတာ စောင့်ကြည့်မှသိမယ်။ ထိခိုက်မှုတော့ ရှိလာနိုင်တယ်။"

ရေစကြို၌ အိမ်စီးကားတစ်စီး ပစ်ခတ်ခံရပြီး နှစ်ဦးသေဆုံး

"ပစ်ခံရတဲ့သူတွေက ရေစကြိုမှာ ကုန်မာဆိုင်ဖွင့်ထားတဲ့ ဦးကျော်ကျော်နဲ့ သူ့ရဲ့ယာဉ်မောင်း ကိုဇော်ဝမ်းထူးတို့ပါ။ သူတို့နှစ်ယောက် ပခုက္ကူကိုသွားရင်း လမ်းမှာအပစ်ခံရတာ။ နှစ် ယောက်စလုံး ပွဲချင်းပြီးပဲ။ ဘာ့ကြောင့် အပစ်ခံရတယ်တော့ မသိဘူး။"