» သတင်း

ပြင်ပစျေးကွက်၌ ရွှေစျေးတရိပ်ရိပ်မြင့်တက်နေ၍ စျေးတင်ရောင်းချသူများကို ဖော်ထုတ်အရေးယူမည် ဟုဆို

"ရွှေကို စျေးဆွဲတင်၊ ဆွဲချလုပ်ပြီး ကစားသူ၊ လမ်းကြောင်းလုပ်သူများ၊ ကောလာဟလထုတ်လွှင့်ပြီး ရွှေစျေးမြင့်တက်အောင်လုပ်သူများ၊ ဖေ့ဘုတ်စ်၊ Viber အသုံးပြုပြီး စျေးတက် အောင်လုပ်သူတွေကို ထိရောက်စွာအရေးယူမယ်။”

ဘဏ်ဝန်ထမ်းအချို့ကို နှစ်လစာကြိုထုတ်ပေးသည့်သတင်း မမှန်ကြောင်း ဗဟိုဘဏ် ဖြေရှင်း

“ယခုလက်တလောကာလတွင် အများပြည်သူအကျိုးစီးပွား ပျက်စီးစေရန် မသမာသူလူတစ်စုက လူမှုကွန်ရက်စာမျက်နှာများတွင် သတင်းမှားများ ဖြန့်ဝေလျက်ရှိကြောင်း သိရှိရပါသည်။” ဟု ထုတ်ပြန်ထားသည်။

ကျောက်မဲ-သီပေါအကြားရှိ ကျင်သီတံတား တိုက်ပွဲကြောင့်ပျက်စီး

"ကျောက်မဲကလူနာ သီပေါဘက်သွားမယ်ဆိုရင် ကျောက်မဲအသင်းက တံတားနားအထိ လိုက်ပို့တယ်။ သီပေါအသင်းက တံတားဒီဘက်ကနေ စောင့်ပြီးသယ်ရတယ်။ နှစ်ဆင့် သယ်ရတာပေါ့။" ဟု ဒေသတွင်း ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လောက်ကိုင်တွင် စစ်ဘေး​ရှောင် ၃၅၀၀ ​ကျော် မိုင်းယန်းမြို့သို့ ထွက်​ပြေးတိမ်း​ရှောင်​နေရ

"​လောက်ကိုင်နဲ့ ချင်း​ရွှေ​​ဟော်မြို့နယ်​တွေက စစ်ဘေးရှောင်၃၀၀၀ ကျော် နိုဝင်ဘာ ၁၆ ရက်က ရောက်လာတယ်။ (ယ​နေ့) နိုဝင်ဘာ ၁၇ ရက်​နေ့မှာ ၅၀၀ ကျော်လောက် ထပ်မံ ရောက်လာတယ်။ ကုန်တင်ကားနဲ့လာကြတာ။ နှစ်ဘက်တိုက်ပွဲ​ကြောင့် တိမ်း​ရှောင်လာရတာပါ။"

နဝဒေးတံတားပတ်ဝန်းကျင် ည ၈ နာရီမှ နံနက် ၆ နာရီထိ ဖြတ်သန်းသွားလာခွင့် ပိတ်ပင်

ပြည်မြို့နယ်နှင့် ပန်းတောင်းမြို့နယ်သို့ ဆက်သွယ်ထားသည့် နဝဒေးတံတား၊ တံတားနှင့်ကိုက် ၅၀၀ အတွင်း ည ၈ နာရီမှ နံနက် ၆ နာရီအထိ ဖြတ်သန်း သွားလာခွင့်မပြု​ကြောင်း နစကမှ ပုဒ်မ ၁၄၄ ထုတ်ပြန်တားမြစ်ခဲ့​ကြောင်း ပြည်မြို့နယ်…

ကျိုင်းတုံမြို့အနီး အင်အား ၅.၉ အဆင့်ရှိ ငလျင်လှုပ်ခတ်မှု ဒေသခံများ သိသိသာသာခံစားရ ဟုဆို

"ကျိုင်းတုံမြို့က ထိခိုက်ပျက်စီးမှု မရှိပါဘူး။ ငလျင်ကိုတော့ သိသိသာသာခံစားရတယ်။ မနက်ပိုင်း ၈ နာရီလောက်ကလှုပ်တာ။ ဗဟိုနဲ့တော့နီးပေမဲ့ သိပ်ကြာကြာ မလှုပ်လိုက်တာ ကံကောင်းသွားတယ်။"

တရုတ်က ဖမ်းဝရမ်းထုတ်ထား​သူ ကိုးကန့်သူဌေးကြီး မြီရှောက်ချန်းသေဆုံး ဟုဆို

တရုတ်နိုင်ငံနှင့် နစကမှ ဝရမ်းထုတ်ထားသူ ကိုးကန့်သူဌေး မြီရှောက်ချန်းသည် လောက်ကိုင်မြို့တွင် နိုဝင်ဘာ ၁၆ ရက်က သေဆုံးသွား​ကြောင်း (ယ​နေ့) နိုဝင်ဘာ ၁၆ ရက် ​နေ့စွဲဖြင့် နစက၏ ထုတ်ပြန်ချက်အရ သိရသည်။

ပဲခူးမြို့ပေါ်၌ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အသွားအလာနည်းပါးနေ ဟုဆို

"အမှတ် (၁) ရဲစခန်းကို မနက်ကဝင်ပစ်တာ။ တခြားတော့ တိတိကျကျ မသိရဘူး။ ကျွန်မတို့လည်း အပြင်မထွက်ဘူး။ ကျောင်းတွေကတော့ ကလေးတွေကို ကျောင်းထဲမှာ ထိန်း သိမ်းထားတယ်။ လူအသွားအလာကတော့ ရှင်းသွားတယ်။"

ပေါက်တောမြို့၌ လေကြောင်းတိုက်ခိုက်ခံရ၊ ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်

ယမန်နေ့ ညပိုင်းက AA အဖွဲ့က ပေါက်တောမြို့မရဲစခန်းရှိ တာဝန်ရှိသူများထံ ဖုန်းဆက်ကာ လက်နက်ချရန် ပြောကြားကြောင်း၊ ရဲတပ်ဖွဲ့ဝင်အချို့က လက်နက်ချခဲ့သော်လည်း အချို့မှာ လက်နက်ချရန် ငြင်းဆန်သောကြောင့်

ရန်ကုန်မြို့၌ တရားမဝင် မျက်နှာခွဲစိတ်ပေးသည့် ဆေးခန်းတစ်ခုကို ဖမ်းဆီး

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ အမှတ်(၂၄/C)၊ နတ်မောက်ရိပ်သာလမ်း၊ ဆရာစံရပ်ကွက်တွင် တရားမဝင် ဆေးဝါးများကို အသုံးပြု၍ တရားမဝင် မျက်နှာခွဲစိတ်ကုသပေးသည့် ဆေး ခန်းကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။