» သတင်း

နမ့်ခမ်း၌ လေကြောင်းတိုက်ခိုက်ခံရ၍ ကျေးရွာတိုက်နယ်ဆေးရုံ ပျက်စီး

"ဆာလူတိုက်နယ်ဆေးရုံကိုထိမှန်ပြီး အသက် ၂၆ နှစ်အရွယ် ဆေးရုံဝန်ထမ်းအမျိုးသမီးတစ်ဦးရဲ ခြေထောက်ကို ကျည်စထိမှန်သွားတာပါ။ အသက်အန္တရာယ် မစိုးရိမ်ရဘူး။" ဟု ဒေသတွင်းစစ်ရှောင်များအား ကူညီပေးနေသူတစ်ဦးက ပြောသည်။

ကချင်ပြည်နှင့် စစ်ကိုင်း ကားလမ်းမကြီး ပြန်လည်ဖြတ်သန်းခွင့်ပြု

နှစ်ဘက်တိုက်ပွဲများ​ကြောင့် ကချင်ပြည်နယ်နှင့် စစ်ကိုင်းသို့ သွားကားလမ်းကို ပြီးခဲ့သည့် နိုဝင်ဘာ ၁၆ ရက်က စတင်ပိတ်ထားခဲ့​ရာမှ နိုဝင်ဘာ ၂၆ ရက် (ယနေ့) တွင် ပြန်လည် အသုံးပြုခွင့်ပေးလိုက်ပြီဖြစ်ကြောင်း ​ဒေသခံများ၏ ​ပြောဆိုချက်အရ သိရသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး ရပ်တန့်နေ

"ကုန်ကားတွေက မသွားရတဲ့အတွက် နယ်စပ်ကုန်သွယ်ရေးက ရပ်တန့်သွားတယ်။ ပြီးတော့ ရခိုင်ပြည်ထဲကို ဘယ်ကုန်ကားမှ အဝင်မရှိတော့တဲ့အတွက် ရှိတဲ့ကုန်တွေက ဈေးတွေ တတ်ကုန်တာ။" ဟု နယ်စပ်ကုန်သည်တစ်ဦးက ပြောသည်။

ပြန်ပေးဆွဲခံရသူများ ပြန်လွှတ်မြောက်လာခြင်းကို လက်ခံကြိုဆိုပြီး အားလုံးလွှတ်မြောက်လာရန် လုပ်ဆောင်မည်ဟု အစ္စရေးဝန်ကြီးချုပ်နှင့် အမေရိကန်သမ္မတတို့ ဆို

အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုအနေဖြင့် ဟားမက်စ် လက်နက်ကိုင်အဖွဲ့ကို အမြစ်ပြတ်ချေမှုန်းရေး ကြိုးပမ်းနေသလို ရည်ရွယ်ချက်များရရှိအောင် လုပ်ဆောင်နေကြောင်း အမေရိကန်သမ္မတက ပြောသည်။

တရုတ်နှင့် မြန်မာနယ်စပ်ဒေသတွင် ကျည်အစစ်ဖြင့် စစ်ရေးလေ့ကျင့်ခန်းများ ပြုလုပ်မည်ဟု တရုတ်စစ်ဘက် ဆို

တရုတ်နိုင်ငံဘက်ခြမ်းမှ မြန်မာနိုင်ငံသို့တင်ပို့သော ကုန်ပစ္စည်းတင်ဆောင်လာသည့် ကုန်ကားများ မီးရှို့ခံရပြီးနောက် မကြာမီ တရုတ်စစ်ဘက်က စစ်ရေးလေ့ကျင့်ခန်းများ လုပ် ဆောင်လာခြင်းဖြစ်သည်။

ပြည်ပဆန်တင်ပို့မှု ၅၀ ရာခိုင်နှုန်း လျော့နည်းဟု MRF ဆို

ပြီးခဲ့သည့် ဘဏ္ဍာနှစ်အတွင်း နိုင်ငံတကာဆန်ဈေးကွက်၌ မြန်မာ့ဆန်များသည် အမျိုးအစားပေါ် မူတည်ကာ တစ်တန်လျင်ပျမ်းမျှ အမေရိကန်ဒေါ်လာ ၃၅၀၊ ၄၀၀ ဝန်းကျင်သာ ဈေး ရရှိခဲ့သော်လည်း ယခုနှစ်အတွင်း တစ်တန်လျင် အမေရိကန်ဒေါ်လာ ၅၀၀ ကျော်အထိ ဈေးရရှိနေကြောင်း သိရသည်။

မူဆယ် စယ်လန့်ရွာတိုက်ပွဲကြောင့် ဒေသခံတစ်ဦးဒဏ်ရာရကာ နေအိမ် ၁၀ လုံးကျော် ပျက်စီး

TNLA တပ်များနှင့် နစကတပ်များအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ လေ ကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့၍ စယ်လန့်ရွာ၊ ကောင်းနောင်ရပ်ကွက်ရှိ လူနေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးခဲ့ကာ၊ မော်တော်ယာဉ်အချို့လည်း ပျက်စီးခဲ့ကြောင်း သိရသည်။

ရက်ပိုင်းအတွင်း ဆန်ဈေးတရိပ်ရိပ် မြင့်တက်လာ

ထို့ပြင် လတ်တလောတိုက်ပွဲများကြောင့် ဆန်ဝယ်ယူရ ခက်ခဲလာမည်ကို စိုးရိမ်သူများက ယခုရက်ပိုင်းအတွင်း ဆန်အများအပြား ဝယ်ယူစုဆောင်းလာမှုများကြောင့် ဝယ်လိုအား များပြားလာ၍ စျေးတက်လာခြင်းဟုလည်း ဆန်လုပ်ငန်းရှင်အချို့က သုံးသပ်ပြောကြားသည်။

ငပလီကမ်းခြေခရီးစဉ်အပါအဝင် အခြားခရီးစဉ်များပါ ဖျက်သိမ်းမှုများရှိလာ

တန်ဆောင်တိုင်ပိတ်ရက်အတွက် ငပလီအပါအဝင် ကမ်း‌ခြေ‌များ၊ အခြားသောခရီးစဉ်များကို ပိတ်ရက်မတိုင်ခင် ဟိုတယ်ဘိုကင်ကြိုတင်ယူမှု များပြားခဲ့သော်လည်း တိုက်ပွဲများ ပြင်းထန်လာမှုကြောင့် ခရီးစဉ်ဖျက်သိမ်းလာကြခြင်းဖြစ်ကြောင်း သိရသည်။