» သတင်း

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟင်နရီကစ်ဆင်ဂျာ ကွယ်လွန်

သေဆုံးချိန်တွင် အသက် ၁၀၀ ရှိနေပြီဖြစ်သည့် ဟင်နရီကစ်ဆင်ဂျာသည် အမေရိကန်သမ္မတနှစ်ဦးလက်ထက်တွင် နိုင်ငံခြားရေးဝန်ကြီး၊ အမေရိကန် အမျိုးသားလုံခြုံရေး အကြံ ပေးအရာရှိ စသောတာဝန်များကို ရယူခဲ့သူဖြစ်ကြောင်း သိရသည်။

ချောက်မြို့နယ် စည်ပင်ဥက္ကဌ ပစ်ခတ်ခံရ၍ သေဆုံး

"သူက စည်ပင်ရုံးကနေ အိမ်ကို ဆိုင်ကယ်နဲ့ပြန်နေတုန်း လမ်းမှာ သူ့နောက်က ဆိုင်ကယ်နဲ့လိုက်လာတဲ့ အမျိုးသားတစ်ဦးက အနီးကပ်သေနတ်နဲ့ နှစ်ချက်ပစ်ပြီး ထွက်ပြေးသွား တယ်လို့ သိရတယ်။ သူကတော့ နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားတယ်။" ဟု ဒေသခံတစ်ဦးက ပြောသည်။

SSPP နှင့် RCSS တို့ အပစ်အခတ်ရပ်စဲကြောင်း ကြေညာ

ယမန်နေ့ နိုဝင်ဘာ ၂၉ ရက်တွင် SSPP ဗဟိုဌာနချုပ် ကိုယ်စားလှယ်သုံးဦး၊ RCSS ဗဟိုဌာနချုပ် ကိုယ်စားလှယ်လေးဦးတို့ တွေ့ဆုံဆွေးနွေးပြီး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲခြင်း ကို တရားဝင်သဘောတူညီခဲ့ကြောင်း SSPP ၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။

လောက်ကိုင်မှပြန်လာသူများ လားရှိုးမြို့မှ အာမခံပေးမည့်သူရှိမှသာ မြို့ထဲသို့ဝင်ရောက်ခွင့်ရှိ ဟုဆို

"မြို့ထဲဝင်မရသေးတာ လူထောင်ချီရှိတယ်။ သူတို့စားသောက်ရေးလည်း တော်တော်ခက်ခဲနေကြတယ်။ ဒီက အလှူရှင်တွေကတော့ ထမင်းတို့၊ မုန့်တို့၊ ရေတို့၊ စားသောက်စရာတွေ ကို သွားလှူပေးနေကြတယ်။" ဟု လားရှိုးမြို့ခံ ပရဟိတလုပ်ငန်းများ လုပ်ဆောင်နေသူတစ်ဦးက ပြောသည်။

ငပလီကမ်းခြေရှိ Aureum Palace ဟိုတယ် မီးလောင်

"စတိုဆောင်ဘက်ကနေ စလောင်တာပဲ။ သူနဲ့နီးတဲ့ အဆောင်သုံးဆောင်လောက်တော့ ပါသွားတယ်။ အဆောင်တွေက သစ်သားတွေနဲ့ ဆောက်ထားတော့ မီးလောင်အားကောင်း တယ်လေ။ ဟိုတယ်မှာ ဧည့်သည်တော့နည်းတယ်။ ဧည့်သည်ရှိတဲ့ အဆောင်တွေအထိတော့ မရောက်ဘူး၊ မီးလောင်အားကတော့ နည်းနည်းပြင်းတယ်။"

ရေးမြို့၌ စာသင်ကျောင်းအား မိုင်းထောင်နေသူ မိုင်းပေါက်ကွဲ၍ သေဆုံး

"သေဆုံးသူကျောင်းစောင့်က လက်လုပ်မိုင်းနဲ့ ကျောင်းကိုဖောက်ခွဲဖို့ ဆောင်ရွက်နေတုန်း လက်ထဲမှာတင် မိုင်းကွဲသွားတာလို့ သိရတယ်။ နေရာမှာတင် ပွဲချင်းပြီးသေဆုံးသွားပါ တယ်။" ဟု လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ကရင်နီဒေသ တိုက်ပွဲများကြောင့် ရက်ပိုင်းအတွင်း ဒေသခံ ၇၆ ဦး သေဆုံး

"သေဆုံးသူများမှာ လက်နက်ကြီးကြောင့်သေဆုံးသူ ၃၇ ဦး၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူ ၂၄ ဦး၊ ပစ်ခတ်သတ်ဖြတ်ခံရသူ ၁၅ ဦးတို့ဖြစ်တယ်။" ဟု ကရင်နီ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

လမ်းမတော်၌ အမျိုးသားတစ်ဦးအား နေအိမ်အတွင်း ဒဏ်ရာများဖြင့်သေဆုံးလျက် တွေ့ရှိ

"သူက အိမ်မှာတစ်ယောက်ထဲရှိနေတဲ့အချိန် အသတ်ခံရတာလို့တော့ ထင်တယ်။ ခေါင်းတစ်ခုလုံးမှာလည်း ဒဏ်ရာတွေနဲ့။ သူ့ကားလည်း ပျောက်နေတာဆိုတော့ လုယက်သတ်ဖြတ် ခံရတာလို့လည်း ပြောကြတယ်။" ဟု လမ်းမတော် ၉ လမ်းတွင်နေထိုင်သူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

လောက်ကိုင်၌ပိတ်မိနေသူ ထောင်ချီ၍ နေရပ်ပြန်လျက်ရှိနေ

နေရပ်ပြန်ကြသူများတွင် ကားများ၊ ဆိုင်ကယ်များဖြင့် ပြန်ကြသူများရှိပြီး အချို့မှာ နီးစပ်ရာနေရာများသို့ လမ်းလျှောက်ပြန်သူများပါရှိကြောင်း သိရသည်။ လောက်ကိုင်မှ နေရပ် ပြန်သူ များပြားလွန်းသဖြင့် လမ်းတစ်လျှောက် ယာဉ်ကြောပိတ်ဆို့မှုများပါ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပို့ကုန်ဝင်ငွေအများဆုံးရရှိသည့် စက်မှုကုန်ချောတင်ပို့မှု ယခုဘဏ္ဍာနှစ်တွင် လျော့ကျ

"ပြောရရင် အထည်တင်ပို့မှုက လျော့ကျနေတယ်။ လုပ်သားအင်အားကလည်း နည်းတယ်။ ပြည်ပထွက်ပြီး အလုပ်လုပ်ကြတာများတော့ လုပ်သားရှားပါးတာပေါ့။ အဲဒါကြောင့် လည်း သိပ်မချုပ်နိုင်ကြဘူး။ ပြောရရင် အမှာစာရရှိမှုကလည်း နည်းသွားတယ်။"