» သတင်း

ပြည်တွင်းရွှေဈေး မြင့်တက်နေသော်လည်း အရောင်းအဝယ်မရှိဟု YGEA ‌အသင်းဥက္ကဋ္ဌ ဆို

ကမ္ဘာ့ရွှေဈေး မြင့်တက်နေသည့်အတွက် ပြည်တွင်းရွှေစျေးနှုန်း မြင့်တက်နေခြင်းဖြစ်ပြီး အမေရိကန်ဒေါ်လာငွေနှင့် ကျပ်ငွေလဲလှယ်နှုန်းမှာလည်း ယခုရက်ပိုင်းတွင် ဈေးနှုန်းမြင့်တက်ခြင်းမရှိကြောင်း သိရသည်။

မုန်းမြို့၌ တိုက်ပွဲပြင်းထန်နေပြီး ဒေသခံထောင်ချီ၍ စစ်ရှောင်

တိုက်ပွဲများကြောင့် မုန်းမြို့နယ်တွင် နေထိုင်သူအများစုမှာ ညောင်လေးပင်မြို့နှင့် ဖြူးမြို့နယ်တို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိပြီး အချို့မှာ မြို့နှင့်နီးသည့်ကျေးရွာများနှင့် တောအစပ်များ၌ ယာယီနေထိုင်လျက်ရှိကြောင်း သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း) လွိုင်မွေဒေသ၌ ချယ်ရီပန်းပွဲတော် ကျင်းပမည်

လာမည့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်းရှမ်းပြည်နယ် (အရှေပိုင်း)ရှိ လွိုင်မွေဒေသ၌ တတိယအကြိမ်မြောက် ချယ်ရီပန်းပွဲတော်ကို ကျင်းပသွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

ဟစ်ဘိုလာအုပ်စု၏ တိုက်ခိုက်မှုကြောင့် လက်ဘနွန်နိုင်ငံ ဖျက်ဆီးခံရမည်ဟု အစ္စရေးဝန်ကြီးချုပ် သတိပေး

အစ္စရေးစစ်တပ်သည် ဟစ်ဘိုလာအုပ်စုများ၏ တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး ကာကွယ်မှုများ၊ ပြင်းထန်သောဟန့်တားမှုများ လုပ်ဆောင်ရန် မူဝါဒများချ မှတ်ထားပြီဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ်က ပြောသည်။

နမ့်ခမ်း၌ လေကြောင်းတိုက်ခိုက်ခံရ၍ ဒေသခံတစ်ဦးသေဆုံးကာ ခြောက်ဦးဒဏ်ရာရ

ထို့ပြင် TNLA လက်နက်ကိုင်အဖွဲ့ ရပ်ကွက်ထဲသို့ လာရောက်နေထိုင်စဉ် လေကြောင်းတိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း နမ့်ခမ်းဒေသခံတစ်ဦးက ပြောကြားသည်ဟု ရှမ်းပြည်တိုးတက် ရေးပါတီ SSPP ၏ ထုတ်ပြန်ချက်အရ သိရသည်။

ကိုရီးယားနိုင်ငံသို့ ရာသီချိန်လုပ်သား စေလွှတ်ရန် အေဂျင်စီ ၁၁ ခု တင်ပြထား

ယခင်က ကိုရီးယားနိုင်ငံမှ ရာသီချိန်လုပ်သား ခေါ်ယူခြင်းမရှိပဲ၊ ယခုအခါ လုပ်သားလိုအပ်ချက်ကြောင့် နှစ်နိုင်ငံအစိုးရ၏ သဘောတူညီချက်အရ ခေါ်ယူခြင်းဖြစ်ပြီး၊ လာမည့် ၂၀၂၄ ခုနှစ်မှစတင်ကာ ရာသီချိန် လုပ်သားများအား ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

နယ်စပ်ကုန်သွယ်ရေး အခက်အခဲများကြောင့် ပြည်ပသို့ လယ်ယာထွက်ကုန်တင်ပို့မှု လျော့ကျနေ

ဧပြီလ ၁ ရက်မှ နိုဝင်ဘာ ၂၄ ရက်အထိ လယ်ယာထွက်ကုန် ပြည်ပတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၉၈ ဘီလီယံကျော် ရရှိထားပြီး၊ အလားတူ ပြီးခဲ့သည့်ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ၂ ဒသမ ၂၆…

ဆားကြမ်းတန် ၆၀၀ ကျော်ဝယ်ယူရန် တောင်ကိုရီးယားမှကမ်းလှမ်းထား ဟုဆို

ရေးမြို့နယ်၊ ပလိုင်ကီးကျေးရွာမှ ထွက်ရှိသည့် နေလှန်းဆားကြမ်းကိုတင်ပို့ရန် တောင်ကိုရီးယားကုမ္ပဏီတစ်ခုနှင့် စက်တင်ဘာလ နောက်ဆုံးအပတ်က နားလည်မှုစာချွန်လွှာ MoU ရေးထိုးခဲ့ပြီး နမူနာအဖြစ် တန်ချိန် ၂၀ ပါ ကွန်တိန်နာတစ်လုံး စမ်းသပ်တင်ပို့ခဲ့ကြောင်း သိရသည်။

ကော့ကရိတ် တိုက်ပွဲများကြောင့် အာရှလမ်းပိတ်ထားရ၍ ကုန်တင်ယာဥ်မောင်းများ ပိတ်မိနေ

"ကုန်ကားတွေက မနက်ပိုင်းမှာထဲက ပိတ်မိကုန်တာ။ ကားသမားတွေလည်း လွတ်ရာရေမြောင်းထဲ ဆင်းပုန်းနေရတာလေ။ ဘယ်မှထွက်မရပဲ ပိတ်မိနေတာ။ အာရှလမ်းတင်မဟုတ် ဘူး၊ ဘီးလင်းဘက်မှာရော ဖြစ်နေတာ။" ဟု ကုန်တင်ယာဥ်မောင်းတစ်ဦးက ပြောသည်။

ဒဂုံမြို့သစ်(​တောင်ပိုင်း)တွင် အငှါးယာဥ်တစ်စီး ဓါး​ထောက်လုယက်ခံရ

"​နေ့လည်တစ်နာရီက ကားငှါးလို့လိုက်ပို့ရင်းမှာ ​မေယုလမ်းအ​ရောက်မှာ ငှါးစီးလာတဲ့ အမည်မသိလူများက ဓါး​ထောက်လုယက်သွားကြတာဖြစ်ပါတယ်။" ဟု ယာဥ်​မောင်းကိုဇာ နည်​အောင်က ယ​နေ့​ခေတ်သို့ ​ပြောသည်။