» သတင်း

မြန်မာနိုင်ငံ၏ ဖက်ဒရယ်ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ကူညီထောက်ပံ့ သွားမည်ဟု အိန္ဒိယအစိုးရ ကတိပြု

အိန္ဒိယ ပြည်ပရေးရာဝန်ကြီးဌာနသည် ဖက်ဒရယ်ဒီမိုကရေစီ အသွင်ကူးပြောင်း ရေးအတွက် ကူညီထောက်ပံ့ပေးမည်ဟု ပြောဆိုခဲ့သော်လည်း အသေးစိတ်အ ခြေနေများကို ဖော်ပြ ခြင်းမရှိခဲ့ကြောင်း အိန္ဒိယအခြေစိုက် သတင်းဌာနများက ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေး လျင်မြန်စွာရရှိမည်ဟု မျှော်လင့်ထားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဆို

မြန်မာနိုင်ငံမြောက်ပိုင်းတွင် ပြီးခဲ့သော အောက်တိုဘာလနောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်သုံးဖွဲ့နှင့် တပ်မတော်ကြား တိုက်ပွဲများဖြစ်ပွားလာခဲ့ရာ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များက မြို့အချို့သိမ်းယူမှုများရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲများကြောင့် တစ်လအတွင်း ကလေးငယ်များအပါအဝင် လူပေါင်းသုံးရာနီးပါး သေဆုံးခဲ့

တိုက်ပွဲများအရှိန်မြင့်လာသဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် တောင်ပိုင်း၊ ကယားပြည်နယ်၊ ရခိုင်၊ ချင်း၊ စစ်ကိုင်း၊ မန္တ လေး၊ ပဲခူးအရှေ့ပိုင်း၊ ကရင်၊ မွန်နှင့် တနင်္သာရီတိုင်းတို့တွင် ကလေးငယ်များအပါအဝင် အရပ်သား ၂၈၄ ဦးသေဆုံးခဲ့ပြီး၊ ၃၃၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း…

ရန်ကုန်၌ ယခုရက်ပိုင်းတွင် အချိန်ကြာမြင့်စွာ လျှပ်စစ်မီးပြတ်တောက်

"ဒီရက်ထဲ မီးက နေ့တွေ၊ ညတွေမခွဲဘူး ပြတ်နေတာ။ တချို့နေ့တွေဆို လာချိန်နာရီဝက်လောက်ပဲရှိတယ်။ တစ်နေကုန်ကို ပြတ်သွားရော။ ထမင်း၊ ဟင်းချက်ဖို့ တောင် တော်တော် အဆင်မပြေဘူး။" ဟု တာမွေမြို့နယ်၌နေထိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။

ပို့ကုန်ရငွေ၏ ၅၀ ရာခိုင်နှုန်းကို တစ်ဒေါ်လာလျှင် ၂၉၂၀ ကျပ်ဖြင့် ဗဟိုဘဏ်သို့ ရောင်းချပေးနေရခြင်းမှ ၃၅ ရာခိုင်နှုန်းသို့ လျှော့ချ

"ဒေါ်လာဈေးကတော့ တဖြည်းဖြည်းတက်လာနိုင်တယ်။ ဒီဟာပေါ်အခြေခံပြီးတော့။ သူတို့ကတော့ ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်တွေ အဆင်ပြေအောင်လို့ ဖြေလျှော့ပေးလိုက်တာ လို့ပြောတာပဲ။ စောင့်ကြည့်ရမှာပေါ့။" ဟု စီးပွားရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောသည်။

အိန္ဒိယ၏ ပဲလိုအပ်ချက် ကြီးမြင့်မှုကြောင့် မတ်ပဲနှင့် ပဲစဉ်းငုံ ဈေးကောင်းရနေ

နိုဝင်ဘာလ ၃၀ ရက်က ပိဿာချိန် ၆၀ ရှိ သုံးတင်းဝင်မတ်ပဲတစ်အိတ် ဈေးနှုန်းသည် ၂၆၀,၀၀၀ ကျပ်ခန့်ပေါက်ဈေးရှိခဲ့ပြီး၊ ဒီဇင်ဘာလ ၆ ရက်တွင် မတ်ပဲတစ် အိတ် ၂၈၅,၀၀၀ ကျပ်အထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။

ကျောက်မဲမြို့တွင် နေအိမ်တစ်လုံးပေါ်သို့ လက်နက်ကြီးကျည်ကျ နေအိမ်နှင့် ကားတစ်စီး ပျက်စီး

“ကျွန်တော်သိရသလောက်တော့ ဒီနေ့မနက်ဖြစ်တာပဲဗျ။ ကျွန်တော်တို့ ဒီနေ့တော့ အဲ့နေရာကို မရောက်ဘူး။ အသံတော့ကြားတယ်။ အိမ်တစ်လုံးနဲ့ ကားတစ်စီးပျက်တာတော့ ရှိတယ်ဗျ။ လူထိခိုက်မှုတော့မရှိဘူး။”

မူဆယ်မြို့အတွင်း လက်နက်ကိုင်တပ်ဖွဲ့များ ပိတ်ဆို့ထားခြင်းကြောင့် ဒေသခံပြည်သူများ အခက်ကြုံ

“၁၀၅ မိုင်ဘက်ဆိုလည်း သွားလို့မရဘူး။ လမ်းဆိုလည်း ထွက်လို့မရဘူး။ ထွက်တာနဲ့ ပစ်မှာဆိုးလို့။ လာလှူတဲ့သူတွေလည်း မလာရဲ။ အခုက ကြက်ခြေနီအသင်းကားတွေကအစ ပစ်ခံနေရတာဆိုတော့ ဘယ်သူမှကိုမထွက်ရဲတာ။ စစ်ဘေးရှောင်တွေလည်း အဝင်အထွက်လုပ်မရနဲ့။ ဘာမှကို လုပ်မရဘူး။ မထွက်ရတာ လေးရက်၊ ငါးရက်လောက်ကြာပြီ။”

မြင်းခြံ၌ လင်မယားနှစ်ဦး ပစ်ခတ်ခံရ၍ သေဆုံး

"သူတို့လင်မယားနှစ်ယောက်က အိမ်မှာရှိနေတုန်း အဲ့ဒီအမျိုးသားသုံးဦး ရောက်လာပြီးတော့ လမ်းပေါ်ကိုဆွဲခေါ်ပြီး သေနတ်နဲ့ပစ်သွားတာ။ ရွှေထည်အချို့နဲ့ ငွေသားတွေလည်း ယူသွားတယ်လို့တော့ကြားတယ်။" ဟု ဒေသခံတစ်ဦးက ပြောသည်။

နေရပ်စွန့်ခွာရသူများကို ကုလမှ ကန်ဒေါ်လာ ၇ သန်း ကူညီထောက်ပံ့မည်

"စစ်ရှောင်တွေအတွက် လိုအပ်ချက်တွေက အများကြီးပဲ။ ဆေးဝါး၊ ရိက္ခာ၊ စောင်၊ အနွေးထည်တွေလိုတယ်။ နောက်ပြီး စစ်ရှောင်အတွက် သောက်သုံးရေလိုတယ်။ သူတို့ အဖွဲ့ အစည်းတွေ လာကူညီရင် ပိုအဆင်ပြေမှာပေါ့။ အခုက ပြည်တွင်းအလှူရှင်တွေကိုပဲ အားကိုးနေရတယ်။"