» သတင်း

ဟားမက်စ်နှင့် အစ္စရေးစစ်ပွဲ အဆုံးသတ်မည့်အချိန်ကို အစ္စရေးနိုင်ငံကသာ ဆုံးဖြတ်သွားမည်ဟု ဘလီကန် ဆို

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက "ဟားမက်စ်အဖွဲ့အပေါ် ပြုလုပ်နေတဲ့ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေ ဘယ်လိုလုပ်ဆောင်မယ်ဆိုတဲ့အချက်နဲ့ ဒီစစ်ပွဲဘယ်အချိန်မှာ အဆုံးသတ်မလဲ ဆိုတဲ့အချက်တွေကို အစ္စရေးနိုင်ငံကသာ ဆုံးဖြတ်သွားဖွယ်ရှိနေပါတယ်။" ဟု ပြောသည်။

မင်းပြား၌ လက်နက်ကြီးကျည်ထိမှန်၍ ကလေးတစ်ဦး သေဆုံး

"လူနေအိမ်ကို လက်နက်ကြီးထိတာလို့ သိရတယ်။ အိမ်ထဲမှာရှိနေတဲ့ အသက် ၁၃ နှစ်အရွယ် မစံပယ်ဆိုတဲ့ မိန်းကလေးငယ်က ပွဲချင်းပြီးသေဆုံးသွားတယ်။ သူ့နဲ့အတူတူရှိနေတဲ့ ကလေးတွေအပါအဝင် ငါးဦးထက်မနည်း ဒဏ်ရာရတယ်။"

ရန်ကုန်-မော်လမြိုင်ကားလမ်း သင်းထော်ကွေ့တွင် ဆီသယ်ယာဉ်တစ်စီး တိမ်းမှောက်

ရန်ကုန်-​မော်လမြိုင်ကားလမ်းမတွင် ဒီဇင်ဘာ ၁၀ ရက်၊ နံ နက် ၁၀ နာရီက ဆီ သယ်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့​ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

မူဆယ်မြို့ကို လက်နက်ကိုင်တပ်ဖွဲ့များပိတ်ဆို့မှုမှာ ၁၀ ရက်ကျော်ကြာနေပြီ ဟုဆို

“မနေ့ကဆို ဘယ်ဘက်ကပစ်တဲ့ဗုံးလဲတော့ မသိဘူး။ ၁၀၅ မိုင်မှာ နေအိမ်ပေါ် ကိုကျလို့ ဆေးထိုးဆရာ ဦးထွန်းဝေဦးတော့ ဆုံးသွားတယ်။ သူ့မိသားစုမှာ နှစ်ဦးဒဏ်ရာရတယ်။ အခု မူဆယ်ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

မီးဖိုချောင်သုံးဂက်စ် တစ်ပိဿာ တစ်သောင်းထိ ဈေးမြင့်တက်

"ဂက်စ်ဆိုင်တွေပိတ်ကုန်တာ တစ်ပတ်လောက်ရှိပြီ။ အိမ်သုံးတောင် ပိဿာချိန်မပေးဘူး။ ဆိုင်တောင် တစ်ပိဿာပဲရတယ်။ ရင်းနှီးတဲ့ သူကိုပဲရောင်းပေးတယ်။ တစ်ပိဿာ တစ်သောင်းထိဈေးတက်တယ်။" ဟု အစားအသောက်ရောင်းချသူတစ်ဦးက ပြောသည်

လွိုင်ကော် သီရိမင်္ဂလာဈေး တစ်ဈေးလုံးနီးပါး မီးလောင်ပျက်စီး

"မြို့ထဲမှာက နေတဲ့သူသိပ်မရှိတော့ပါဘူး။ ဘုန်းကြီးကျောင်းတွေ၊ ဓမ္မာရုံတွေမှာ သူတို့နေရာယူထားတာ။ ဘယ်သူမှ သိပ်မထွက်ရဲဘူး၊ လောင်တာကလည်း သန်းခေါင်ချိန်လေ။ ဗုံးကျပြီး မီးလောင်သွားတာ ဈေးကကုန်တာပဲ တစ်ဈေးလုံး။ လူတွေ ရင်းနှီးထားတာလေ၊ အကုန်ပါသွားပြီ။"

ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ တံတားတစ်စင်း မိုင်းခွဲခံရ၍ ပျက်စီး

"မိုင်းကွဲတဲ့အသံကတော့ တော်တော်ကျယ်တယ်။ အုတ်တွင်းမြို့ပေါ် ကတောင် ကြားရတယ်။ တံတားတစ်ခြမ်း ပျက်စီးသွားတာ။ လောလောဆယ်တော့ မပျက်စီးပဲကျန်ခဲ့တဲ့တစ် ခြမ်းကနေ ကားအသွားအလာတွေ လုပ်နေရတယ်။"

ပြည်တွင်းသို့ ပြည်ပခရီးသွားဧည့်သည် ဝင်ရောက်မှု တိုးတက်လာခြင်းမရှိ ဟုဆို

ယခုနှစ် ခရီးသွားရာသီတွင် ပြည်ပခရီးသွားဧည့်သည် ငါးသိန်းမှ တစ်သန်းအထိ မျှော်လင့်ထားသော်လည်း လက်ရှိအချိန်အထိ ရန်ကုန်လေဆိပ်မှတဆင့် ဝင်ရောက်သည့် ခရီးသည် နှစ်သိန်းကျော်လောက်သာရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ဂါဇာစစ်ပွဲနှင့်ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို အမေရိကန်နိုင်ငံက ဗီတိုအာဏာသုံး ပယ်ချ

အမေရိကန်အစိုးရ၏ ဗီတိုအာဏာသုံးပယ်ချမှုသည် အရှေ့အလယ်ပိုင်းဒေသ အခြေနေများကို ထိန်းချုပ်လို့မရသော ပေါက်ကွဲမှုဖြစ်လာနိုင်ဖွယ်ရှိနေကြောင်း အီရန်နိုင်ငံခြားရေး ဝန်ကြီးက သတိပေးခဲ့သည်။

ကရင်နီဒေသတိုက်ပွဲများကြောင့် တစ်လနီးပါးအတွင်း ဒေသခံ ၈၂ ဦး သေဆုံး

နိုဝင်ဘာ ၁၁ ရက်မှ ယမန်နေ့ (ဒီဇင်ဘာ ၈ ရက်) အထိ အမျိုးသား ၃၉ ဦး၊ အမျိုးသမီး ၁၈ ဦး၊ အသက်မပြည့်သေးသည့် ကလေးငယ် ၁၂ ဦး၊ ဘာသာရေးပုဂ္ဂိုလ် နှစ်ဦးနှင့်…