» သတင်း

မြဝတီရှိ လျှပ်စစ်ဓာတ်အားခွဲရုံ ဒရုန်းဗုံးဖြင့်တိုက်ခိုက်ခံရ၍ တစ်မြို့နယ်လုံး မီးပြတ်နေ

ညကတော့ ဓာတ်အားခွဲရုံ တိုက်ခိုက်ခံရတယ်လို့တော့ကြားတယ်။ ညထဲက မီးလုံးဝ မလာတာ ဒီနေ့ခင်းအထိပဲ။ ရွာဘက်တွေပါ မီးပြတ်နေတယ်လို့ သိရတယ်။ အခုတော့ ရပ်ကွက်ထဲကလူတွေစုပေါင်းပြီး မီးစက်ရှိတဲ့အိမ်တွေက မီးစက်တွေထဲကို ဓာတ်ဆီ၊ ဒီဇယ်တွေ ဝယ်ထည့်ပေးပြီး သုံး နေရတယ်။

ဒီဇင်ဘာ ၆ ရက်မတိုင်မီ ဝင်ရောက်ထားသည့် ပို့ကုန်ရငွေများမှ ၅၀ ရာခိုင်နှုန်းကို ကျပ်ငွေဖြင့်လဲလှယ်ပေးရမည် ဟုဆို

နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း(AD) လိုင်စင်ရဘဏ်များသို့ ပို့ကုန်ရငွေများ ဝင်ရောက်သည့်အခါတွင် လဲလှယ်ရမည့် ၃၅ ရာခိုင်နှုန်းခံစားခွင့်သည် ဒီဇင် ဘာ ၆ ရက်နောက်ပိုင်း ဝင်ရောက်သည့်ရငွေများသာ အကျုံးဝင်မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်-မန္တလေး အမြန်ရထားတစ်စင်း မိုင်းထိမှန်ကာ တိမ်းမှောက်

မန္တလေးမြို့မှ ရန်ကုန်မြို့သို့ ခရီးသည်များတင်ဆောင်ကာ ပြေးဆွဲလာသည့် အမှတ် (၆) အစုန် လေအိတ်အမြန်ရထားသည် ယနေ့ နံနက် ၄ နာရီဝန်းကျင်က ကျောက်တံခါးမြို့နယ်၊ သူဌေးကုန်းနှင့် ပိန်းဇလုပ်ဘူတာကြားတွင် မိုင်းထိမှန်ကာ တိမ်းမှောက်ခဲ့ခြင်းဟု သိရသည်။

အစ္စရေးမှာ နိုင်ငံတကာ၏ ထောက်ခံမှုများ ဆုံးရှုံးနေကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် သတိပေး

"ဝန်ကြီးချုပ် နေတန်ရာဟု ဦးဆောင်နေတဲ့ လက်ရှိအစိုးရအဖွဲ့ဟာ အစ္စရေးနိုင်ငံသမိုင်းမှာ ကွန်ဆာဗေးတစ်အယူဆအားသန်တဲ့ဝန်ကြီးတွေ အများဆုံးပါဝင် နေတယ်။ ဝန်ကြီးချုပ်ဟာ ဒီအချက်ကို ပြောင်းလဲရမယ်။ ဒေသအတွင်း စုစည်းညီညွှတ်မှုတွေဖြစ်လာဖို့ အခွင့်ရေးကောင်းတွေကို စတင်သင့်တယ်။"

နမ့်ခမ်း၌ တစ်လကျော်ကြာ တိုက်ပွဲအတွင်း လူနေအိမ်များအပါအဝင် အဆောက်အဦတစ်ရာနီးပါး ပျက်စီး

အောက်တိုဘာ ၂၇ ရက်မှ ယမန်နေ့(ဒီဇင်ဘာ ၁၂)ရက်အထိ နမ့်ခမ်းမြို့ပေါ်နှင့် အနီးတဝိုက်ကျေးရွာများမှ လူနေအိမ်များ၊ ဘာသာရေးအဆောက် အဦများ၊ စာသင်ကျောင်းများ၊ ခန်းမများနှင့် ဆေးရုံအဆောက်အဦများ စုစုပေါင်း ၉၃ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ကိုးကန့်စစ်​ဘေး​ရှောင်များ ယာယီ​နေထိုင်ခွင့် ကတ်ပြားပြုလုပ်ရန် အသိ​ပေး

စစ်​ဘေး​ရှောင်များအ​နေနဲ့ မိုင်း​လား​ဒေသအတွင်းကို ဝင်​ရောက်လာရင် ယာယီ​နေထိုင်ခွင့်ပြုလုပ်ဖို့ မိုင်းလား​အထူး​ဒေသ (၄)ရဲတပ်ဖွဲ့က အသိ​ပေးစာ ထုတ်ပြန်ထားတာပါ။ လက်တ​လောမှာ စစ်​ဘေး​ရှောင် တစ်​သောင်း​လောက်ရှိမယ်။ စားဝတ်​နေ​ရေး​ အ​တော်လေးအခက်​တွေ့​နေပါတယ်။

ကြံ၊ တစ်သျှူးငှက်ပျောနှင့် ဖရဲတင်ပို့မှု ခက်ခဲလာနိုင် ဟုဆို

"အခုသွားနေတဲ့ လမ်းကြောင်းက အခက်အခဲလေးတွေတော့ရှိတယ်။ ကုန်ထုတ်လမ်းကြောင်း ပေါက်တယ်ဆိုရုံလေးပဲရှိတယ်။ မကြာခင်ရောက်တော့မယ့် ကြံရာသီ၊ တစ်ရှူးငှက် ပျောရာသီနဲ့ ဖရဲအထွက်များလာရင် အခုထက်ပို ခက်နိုင်တယ်။" ဟု ခွာညိုသစ်သီးပွဲရုံမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

နမ့်ဆန်၌ လေကြောင်းတိုက်ခိုက်ခံရ၍ ဒေသခံသုံးဦးသေဆုံး

"မြို့ပေါ်ကို လေကြောင်းတိုက်ခိုက်တဲ့အချိန် သူက ကားဂိုထောင်ထဲက ကားသွားယူတုန်း ဗုံးထိမှန်ပြီး သေဆုံးသွားတာ။ လွယ်ခမ်းရွာကိုလည်း မနေ့က လေကြောင်းတိုက်ခိုက်တာ ရွာသားနှစ်ဦး သေဆုံးသွားတယ်။" ဟု ဒေသခံတစ်ဦးက ပြောသည်။

သီပေါမြို့တွင် သီလရှင်ကျောင်းတစ်ကျောင်းပေါ်သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ

ဒီဇင်ဘာ ၁၀ ရက်၊ ညက ရှမ်ပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့၊ စံဖိတ်ကျေးရွာရှိ ရွှေမောင်း သီလရှင်ကျောင်းပေါ်သို့ လက်နက်ကြီးကျည် ကျပေါက်ကွဲမှုကြောင့် ကျောင်းပျက်စီးကာ၊ သီလရှင်အပါး ၁၀၀ ကျော်သည် ဘေးလွတ်ရာသို့ စစ်ဘေးရှောင်နေရကြောင်း ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

လက်နက်ကိုင်ပဋိပက္ခများကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးကောင်းမွန်မည်မဟုတ်ဟု ကမ္ဘာဘဏ် ဆို

လက်နက်ကိုင်ပဋိပက္ခများကြောင့် ကုန်သွယ်ရေးနှင့် ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်လာခြင်းကြောင့် စီးပွားရေးအခက်ခဲများ ရှိနေခဲ့သလို အမေရိကန်ဒေါ် လာ လိုအပ်ချက်ကြောင့် လည်း သွင်းကုန်များအပေါ် ထိခိုက်မှုဖြစ်စေခဲ့ကြောင်း ကမ္ဘာဘဏ်က ဖော်ပြထားသည်။