» သတင်း

အကျဉ်းသားကိုးထောင်ကျော်အား လွတ်ငြိမ်းခွင့်ပြု ဟုဆို

(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အကျဉ်းသားများအား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခြင်းဖြစ်ကာ နိုင်ငံသား အကျဉ်းသား ၉၆၅၂ ဦးနှင့် နိုင်ငံခြားသားအကျဉ်းသား ၁၁၄ ဦးတို့အား လွတ်ငြိမ်းခွင့်ပြုကြောင်း ကြေညာချက်အရ သိရသည်။

မြဝတီမြို့သို့ ကုန်စည်ပို့ဆောင်ရာ၌ ဂိတ်ကြေးနှင့်တန်ဆာခ တိုးမြှင့်ကောက်ခံသည့်အတွက် ကုန်သည်များအဆင်မပြေ ဟုဆို

ပြီးခဲ့သည့် ဇန်နဝါရီလ ၁ ရက်မှစတင်ကာ ဂိတ်ကြေးနှင့်တန်ဆာခကို တိုးမြှင့်ကောက်ခံသည့်အတွက် မြဝတီမြို့နှင့် ပြည်မရှိမြို့များသို့ အပြန်အလှန် ကုန်စည်ပို့ဆောင်နေကြသည့် ကုန်သည်များ အဆင်မပြေဖြစ်နေကြောင်း သိရသည်။

အိန္ဒိယနိုင်ငံမှ ဝယ်လိုအားမြင့်တက်လာ၍ မြန်မာမတ်ပဲနှင့် ပဲစင်းငုံ ဈေးကောင်းလာ

လက်ရှိ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် မတ်ပဲ ၂ ဒသမ ၅ သိန်း တန်နှင့် ပဲစင်းငုံတန်ချိန် တစ်သိန်းကို မြန်မာနိုင်ငံမှ ဝယ်ယူရန် MoU ထိုးထားပြီး၊ အိန္ဒိယနိုင်ငံသို့ လွတ်လပ်စွာ ပဲတင်သွင်းခွင့်ကို ၂၀၂၅ ခုနှစ်အထိ…

ICJ တွင် တရားစွဲရန် စီစဉ်နေခြင်းများအတွက် တောင်အာဖရိကနိုင်ငံကို အစ္စရေးဝန်ကြီးချုပ် ဝေဖန်ပြစ်တင်

အစ္စရေးစစ်တပ်သည် ဂါဇာဒေသကို ထိန်းချုပ်ထားသော ဟားမက်စ်လက်နက်ကိုင်အဖွဲ့အပေါ် တိုက်ခိုက်ရာတွင် သတ်မှတ်ထားသော စစ်ပွဲစည်းကမ်းများအတိုင်း တိုက်ခိုက်ခဲ့ပြီး လူမျိုးသုန်းသတ်ဖြတ်တာမျိုးမရှိကြောင်း ပြောဆိုသည်။

သင်္ဃန်းကျွန်း သုဝဏ္ဏဘူမိကွင်း၌ လက်လုပ်ဗုံးတစ်လုံးတွေ့ရှိ၍ ဖောက်ခွဲခဲ့ ဟုဆို

"နယူးရီးယားညက အဲ့ကွင်းမှာပွဲလုပ်ပြီး မနေ့မနက်က သန့်ရှင်းရေးလုပ်ကြရင်း လုံခြုံရေးတွေက စတင်တွေ့ရှိတာလို့ သိရတယ်။ အဲ့ဒီဗုံးကို အဲ့နေရာမှာပဲ အတားအဆီးလုပ်ပြီး ဖောက်ခွဲခဲ့တယ်" ဟု လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံရှိ မည့်သည်လက်နက်ကိုင်အဖွဲ့စည်းကိုမှ အားပေးထောက်ခံခြင်းမရှိကြောင်း တရုတ်အစိုးရ တုံ့ပြန်

မြန်မာနိုင်ငံမြောက်ပိုင်းတွင်ဖြစ်ပွားနေသည့် ပဋိက္ခများနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံ၏ရပ်တည်ချက် သဘောထားက အလွန်ရှင်းလင်းကြောင်း၊ မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်ကို အခိုင်မာအားပေးထောက်ခံကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ကွတ်ခိုင်၊ သီပေါနှင့် သိန္ဒီတို့၌ တိုက်ပွဲပြင်းထန်နေ၍ ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရ

ကွတ်ခိုင်၊ သီပေါနှင့် သိန္ဒီမြို့နယ်တို့၌ နှစ်လကျော်ကာလအတွင်း နစကတပ်များနှင့် မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲများအကြိမ်ကြိမ်ဖြစ်ပွားနေ၍ ထိုဒေသများရှိ ဒေသခံစုစုပေါင်း နှစ်သောင်းထက်မနည်းမှာ စစ်ဘေးရှောင်စခန်းများတွင် နေထိုင်နေရကြောင်း သိရသည်။

ပြည်ပလစာငွေလွှဲ ဝင်ရောက်မှုနှင့် သွင်းကုန်လျော့ကျသဖြင့် နှစ်သစ်ကူးကာလ ဒေါ်လာဈေး ကျဆင်း

"ပြောရမယ်ဆိုရင် နည်းသွားတယ်။ ပစ္စည်းတွေအများကြီး အဝင်မရှိတော့ဘူး။ ပြီးတော့ လမ်းခရီးပိုင်းကလည်း သိပ်အဆင်မပြေတော့ အဝင်ကသိပ်မရှိတော့ဘူး။ တချို့နယ်စပ် ပေါက်တွေ ပိတ်ထားတာတွေလည်းရှိနေတော့ ဒီနှစ်က ပြောရမယ်ဆိုရင် တစ်ဝက်မကလျော့သွားတာပေါ့"

မြစ်ငယ်ကုန်တွင်းဆိပ်မှ Export Cargo များ သီလဝါဆိပ်ကမ်းသို့ တိုက်ရိုက်တင်ပို့မှု စတင်

အဆိုပါ ကုန်တွင်းဆိပ်နှစ်ခုအတွက် ရင်းနှီးမြှုပ်နှံမှုအဖြစ် အမေရိကန်ဒေါ်လာ ၄၉ သန်း ရင်းနှီးမြှုပ်နှံထားပြီး၊ ရွာသာကြီးကုန်းတွင်းဆိပ်ကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင် ဖွင့်လှစ်ခဲ့ကာ မြစ်ငယ်ကုန်းတွင်းဆိပ်ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ကောလင်း၌ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသံကြောင့် အမျိုးသမီးတစ်ဦး နှလုံးရပ်၍ သေဆုံး

"ပထမတစ်လုံးက ဦးဖိုးနိုင်ရဲ့အိမ်ကိုထိမှန်ပြီး အိမ်ထဲက မိသားစုဝင်အမျိုးသမီးတစ်ဦး ဒဏ်ရာရတယ်။ နောက်တစ်လုံးက ဦးဇော်မင်းနိုင်ရဲ့အိမ်ကို ထိမှန်တာ။ သူကဒဏ်ရာရပြီး သူ့ အမျိုးသမီး ကျောင်းဆရာမက လက်နက်ကြီးအသံကြောင့် ရုတ်တရတ်နှလုံရပ်ပြီး သေဆုံးသွားတယ်။"