» သတင်း

ဒီပဲယင်းနှင့် ရွှေဘို စစ်ရှောင်ဒေသ၌ တစ်လအတွင်း မြွေကိုက်ခံရသူ ၃၀ ဦး ထိရှိခဲ့

"စစ်ဘေးသင့်ဒေသက တောင်ယာလုပ်သူတွေပေါ့၊ အခုက ရိတ်သိမ်းတဲ့ကာလဖြစ်နေတော့ ယာထဲဆင်းရင်းကိုက်ခံရတာပါ။ အခုက ပိုများလာတာပါ။" ဟု ဒေသတွင်း ကူညီစောင့် ရှောက်ပေးနေသူတစ်ဦးက ပြောသည်။

မလေးရှားစက်ရုံတွင် အတင်းအဓမ္မ အလုပ်ခိုင်းစေခံရသည့် အသက် ၁၃ နှစ်နှင့် အသက် ၁၇ နှစ်ကြားရှိ မြန်မာလူငယ်သုံးဦးကို မလေးရှားရဲတပ်ဖွဲ့ ကယ်တင်

အဆိုပါမြန်မာနိုင်ငံသား လူငယ်သုံးဦးသည် အတင်းအကြပ် အလုပ်ခိုင်းစေခံရ ပြီး အခန်းကျဉ်းထဲတွင် ဆိုးရွားစွာ ရှင်သန်နေထိုင်ခဲ့ရကြောင်း၊ ခွင့်ပြုချက်မရှိ ပါက အပြင်ဘက်ထွက်ခွင့်မရပဲ ပိတ်ပင်တားမြစ်ခံရကြောင်း မလေးရှားရဲတပ် ဖွဲ့က ပြောသည်။

ဘင်္ဂလားဒေရှ့်ရွေးကောက်ပွဲတွင် အတိုက်ခံပါတီမပါသည့်အတွက် အာဏာရပါတီ အနိုင်ရရန် အလားလာများနေ

လူဦးရေသန်းပေါင်း ၁၇၀ ကျော်ရှိနေသည့် ဘင်္ဂလားဒေရှ့်နိုင်ငံသည် တစ်ပါတီတည်းက နှစ်အတန်ကြာ အုပ်ချုပ်မည့်လမ်းကြောင်းကို ဦးတည်နေကြောင်း နိုင်ငံတကာလူအခွင့်ရေး အဖွဲ့များက ဝေဖန်ထားသည်။

တရုတ်နိုင်ငံမှ မြန်မာ့ဖရဲ ဝယ်လိုအား ပြန်လည်မြင့်တက်လာ

"မိုင်းလားက တင်ပို့တဲ့အခါ လမ်းကြောင်းဝေးလွန်းပြီး ကုန်ကျစရိတ်များသလို အချိန်လည်းကြာတော့ အသီးတွေအပုပ်နာတာတွေရှိတယ်" ဟု သစ်သီးပွဲရုံလုပ်ငန်း လုပ်ကိုင်သူ တစ်ဦးက ဆိုသည်။

ကရင်နီဒေသတွင် တစ်လအတွင်း တိုက်ပွဲကြောင့် ဒေသခံခုနစ်ဦးထက်မနည်း သေဆုံး

နိုဝင်ဘာ ၁၁ ရက်နေ့က လွိုင်ကော်မြို့အား ဒေသတွင်းလက်နက်ကိုင်ပူးပေါင်းအဖွဲ့ဖြစ်သည့် KNDF နှင့် PDF အဖွဲ့တို့က စတင်တိုက်ခိုက်ရာမှ ယခုရက်ပိုင်းအထိ ကယားပြည်နယ်ရှိ ဒေသအများအပြားတွင် တိုက်ပွဲများ ပြင်းထန်လျက်ရှိကြောင်း သိရသည်။

မြောက်ကိုရီးယားက တောင်ကိုရီးယားရေပိုင်နက်နားကို အမြှောက်ကျည်ဆံ ၆၀ ကျော် ထပ်မံပစ်ခတ်ခဲ့ ဟုဆို

မြောက်ကိုရီးယားနယ်စပ်နားတွင် ဒီဇင်ဘာလနောက်ပိုင်းက တောင်ကိုရီးယားနှင့် အမေရိကန်နိုင်ငံကြား စစ်ရေးလေ့ကျင့်ခန်းများ လုပ်ဆောင်ခဲ့ခြင်းကို မကျေနပ်သည့်အတွက် မြောက်ကိုရီးယားက အမြှောက်များပစ်ခတ်ခဲ့ကြောင်း သိရသည်။

နယ်စပ်ကုန်သွယ်ရေးစခန်း အားလုံးနီးပါး ကုန်သွယ်မှုကျဆင်း

အဆိုပါ ကုန်သွယ်ရေးဂိတ်များသည် ယခုဘဏ္ဍာနှစ်၏ ကိုးလတာကာလအတွင်း အမေရိကန်ဒေါ်လာ ၆ ဒသမ ၁၈ ဘီလီယံကျော် ရရှိထားပြီး၊ ယင်းတွင် ပို့ကုန်တင်ပို့မှု လျော့ကျ နေပြီး၊ သွင်းကုန်တင်သွင်းမှု မြင့်တက်နေကြောင်း စာရင်းများအရ သိရသည်။

နိုင်ငံအတွင်း တရားမဝင်နေထိုင်သည့် မြန်မာနိုင်ငံသား ၁၀၀ ကျော်အပါအဝင် နိုင်ငံခြားသား ၂၄၀ နီးပါးကို ဖမ်းဆီးရမိခဲ့ဟု မလေးရှားအာဏာပိုင်များ ဆို

မြန်မာနိုင်ငံသားများအပြင် အင်ဒိုနီးရှားနိုင်ငံသား ၁၅ ဦး၊ ဘင်္ဂလားဒေရှ့်နိုင်ငံသား ၇၆ ဦး၊ ထိုင်းနိုင်ငံ သားခြောက်ဦး၊ ပါကစ္စတန်နိုင်ငံသားသုံးဦးနှင့် အိန္ဒိယနိုင်ငံသားသုံးဦးတို့ကိုလည်း တရားမဝင် ဝင်ရောက်နေထိုင်နေထိုင်မှုဖြင့် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ရွှေကျင်၌ နာရေးအိမ်လက်နက်ကြီးကျည်ထိ၍ လေးဦးသေဆုံးကာ ၁၆ ဦးဒဏ်ရာရ

သေဆုံးသူများမှာ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးတစ်ဦးပါဝင်ကြောင်း သိရသည်။ ဒဏ်ရာရသူ ၁၆ နှစ်ဦးတွင်လည်း ဆယ်နှစ်အောက် ကလေးနှစ်ဦးပါဝင်ကြောင်း သိရသည်။

တာမွေမြို့နယ်ရှိ နေအိမ်တစ်ခုတွင် ရွှေထည်ပစ္စည်းများ လုယက်မှုဖြစ်ပွား အမျိုးသမီးနှစ်ဦး ဒဏ်ရာရ

ယမန်နေ့ နေ့လည် ၁ နာရီခွဲ့ခန့်က တာမွေမြို့နယ်၊ တာမွေကြီး က+ဂ ရပ်ကွက်၊ ၁၅၆ လမ်းရှိ၊ မြေညီတိုက်ခန်းတွင်နေထိုင်သည့် အမျိုးသမီးနှစ်ဦးထံမှ ရွေထည်ပစ္စည်းများ လုယက် ခံရပြီး၊ အဆိုပါအမျိုးသမီးနှစ်ဦးမှာ ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြောင်း ...