» သတင်း

သီပေါမြို့၌ စစ်ဘေးရှောင်အချို့ နေရပ်ပြန် ဟုဆို

"ဒီဘက်မှတော့ လတ်တလောကငြိမ်နေတော့ ဒေသခံတွေလည်း သူတို့အိမ်ပြန်ချင်လာကြတာပေါ့။ မနေ့ကဆို ၆၀ လောက်ပြန်ကြတယ်။ ဒီနေ့တော့ ၈၀ ကျော်လောက်ပြန်ကြ တယ်။" ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ပြင်ဦးလွင်မြို့၌ ဓားထိုးမှုဖြစ်ပွား အမျိုးသမီးတစ်ဦး ပြင်းထန်ဒဏ်ရာရရှိ

ယနေ့ နံနက်က ပြင်ဦးလွင်မြို့၊ နောင်ခမ်းကြီး (၂၀) ရပ်ကွက်တွင် လင်မယားနှစ်ယောက်ရန်ဖြစ်ရာမှ မိန်းမဖြစ်သူမှာ လည်ပင်းနှင့် မေးဖျားတို့တွင် ပြင်းထန်ဒဏ်ရာများရရှိကာ စိုးရိမ် ရကြောင်း ဒေသခံတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

တစ်လက်မကျူးကျော်ရုံဖြင့် တောင်ကိုရီးယားကို စစ်တိုက်သွားမည်ဖြစ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ဆို

တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားနိုင်ငံကြားရှိ ရေကြောင်းနယ်နမိတ်ကို အသိမှတ်မပြုကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်လည်း တောင်ကိုရီးယားကို သိမ်းပိုက်ရယူခွင့် ပေးမည်ဆိုသောအချက်ကို ပြောင်းလဲထည့်သွင်းသွားမည်ဖြစ်ကြောင်း ကင်ဂျုံအမ်က ပြောသည်။

မြစ်ကြီးနား၌ ဖုန်းအားသွင်းရင်း ပေါက်ကွဲသွား၍ လူသုံးဦးဒဏ်ရာရ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်ရှိ နေအိမ်တစ်လုံး၌ ဖုန်းအားသွင်းထားစဥ် အပူလွန်ပြီး ပေါက်ကွဲသွားသဖြင့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦး မီးလောင်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ကျောက်တံခါး၌ ဆိုင်ကယ်စီးနင်းလာသည့်သားအဖ ပစ်ခတ်ခံရ၊ ဖခင်သေဆုံး

"သေဆုံးသူက မြို့နယ်ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးဆိုတော့ ဒလန်စွပ်စွဲချက်နဲ့ ပစ်ခတ်သွားတာလို့လည်း ပြောကြတယ်။ သူ့သမီးလည်း ပြင်းထန်ဒဏ်ရာရတယ်။" ဟု ဒေသခံတစ်ဦးက ပြောသည်။

ရေဦး၌ ဒေသခံသုံးထောင်ကျော် စစ်ရှောင်ရ

ယမန်နေ့ နံနက်ပိုင်းက ရေဦးမြို့မှထွက်ခွာလာသော စစ်ကြောင်းသည် ရေဦးမြို့ နယ်အနောက်ဘက်ခြမ်းရှိ ကျေးရွာများအနီးသို့ရောက်ရှိလာ၍ တိုက်ပွဲများဖြစ်ပွားနိုင်သောကြောင့် ဒေသခံများ ဘေးလွတ်ရာသို့ ရွေ့ပြောင်းနေထိုင်ခြင်းဟု သိရသည်။

ဖားကန့်-မြစ်ကြီးနားလမ်းပိုင်းအား တိုက်ပွဲကြောင့် ယာယီပိတ်ထား

ယနေ့ နံနက်ပိုင်းက ဖားကန့်မြို့နယ်၊ ဝှေခါနှင့် နမ့်တိန်ကျေးရွာတို့အနီး၌ ပစ်ခတ်မှုများဖြစ်နေ၍ လုံခြုံရေးအရ ဖားကန့်-မြစ်ကြီးနားလမ်းပိုင်းအား ယာယီပိတ်ထားခြင်းဖြစ်ကာ ကုန်တင်ယာဉ်များနှင့် ခရီးသည်တင်ယာဉ်များ လမ်းတွင်ပိတ်မိနေကြောင်း သိရသည်။

ကလော-မိတ္ထီလာအမြန်လမ်းတွင် ​မော်​တော်ယာဥ်တစ်စီး ဘရိတ်ပေါက်ပြီး ချောက်အတွင်းပြုတ်ကျ ယာဉ်မောင်းသေဆုံး

ကလော-မိတ္ထီလာအမြန်လမ်း ဝက်ဖြူရေအောက်ဖက်၊ မဂွေဘုန်းကြီးကျောင်းအနီးတွင် အရှိန်မထိန်းနိုင်ပဲ Canter တစ်စီး ဘရိတ်ပေါက်ကာ အနက် ၃၀ ခန့်ရှိ လမ်း​ဘေးချောက် အတွင်းသို့ ပြုတ်ကျခဲ့ပြီး ယာဥ်​မောင်း​သေဆုံးခဲ့​ကြောင်း သိရသည်။

မြောက်ကိုရီးယားက အသံထက်မြန်သောဒုံးကျည် စမ်းသပ်မှုအောင်မြင်

မြောက်ကိုရီးယားနိုင်ငံက ၎င်းတို့ဒုံးကျည်စမ်းသပ်မှုများသည် အိမ်နီးချင်းနိုင်ငံများ၏ လုံခြုံရေးကို ခြိမ်းခြောက်မှုမရှိကြောင်း၊ ဒေသအတွင်းတင်းမာမှုအခြေနေများကို ခြိမ်းခြောက် မှုမရှိကြောင်း ပြောသည်။

တရုတ်၏ဖိအားပေးမှုကြောင့် Nauru ကျွန်းစုနိုင်ငံက ထိုင်ဝမ်နှင့် သံတမန်ဆက်ဆံရေး ဖြတ်တောက်

တရုတ်နိုင်ငံသည် ပြီးခဲ့သောနှစ်ပိုင်းတွင် ထိုင်ဝမ်နှင့် သံတမန်ဆက်ဆံရေးရှိနေသည့် နိုင်ငံများကို ဖိအားမျိုးစုံပေးကာ ထိုင်ဝမ်နှင့် သံတမန်ဆက်ဆံရေးဖြတ်တောက်ရန် တွန်းအား ပေးခဲ့ကြောင်း သိရသည်။