» သတင်း

မှော်ဘီမြို့တွင် ယာဉ်တိုက်မှုဖြစ် အမျိုးသားတစ်ဦး သေဆုံး

ကားတိုက်တဲ့နေရာက လမ်းပြင်နေတဲ့နေရာပေါ့ လှော်ကားဘက်ကလာရင် ညာဘက်ခြမ်းမှာပြင်နေတာ။ လှော်ကားဘက်ကနေ ကားကလာတယ်။ လှော်ကားဘက်ကို ဘေးတွဲက တက်တဲ့အချိန်ငြိ့တယ်လို့ပြောတယ်။ ကားကတိုက်ပြီး ထွက်ပြေးသွားတာ။ မမိလိုက်ဘူး။

မုဒုံမြို့တွင် ဘုရားဖူးယာဉ်တိမ်းမှောက် ၂၅ ဦး ထိခိုက်ဒဏ်ရာရ

ယနေ့ နေ့လည် ၂ နာရီ ၁၅ မိနစ်ခန့်က မော်လမြိုင်-သံဖြူဇရပ်လမ်းမကြီး၊ လက်တက်ကျေးရွာ၊ ထိုင်တော်မူဘုရားအနီးတွင် ဘုရားဖူးယာဉ်တစ်စီး လမ်းချော်၍ တိမ်းမှောက်ခဲ့ပြီး က လေးများအပါအဝင် ၂၅ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ပုဂံ​ရှေး​​ဟောင်းမြို့​တော်ရှိ က​​မ္ဘောဇဘဏ် ကျပ်သိန်း ၃၀၀၀ ​ကျော် ဓါးပြတိုက်ခံရ

မန္တလေးတိုင်း​ဒေသကြီး၊ ပုဂံရှေးဟောင်းမြို့တော်ရှိ က​မ္ဘောဇဘဏ်တွင် ဇန်နဝါရီ ၃၁ ရက်၊ မွန်းတည့် ၁၂ နာရီက ကျပ်သိန်း ၃၀၀၀ ​ကျော်အား အမည်မသိလူတစ်စုက ဝင်​​ရောက်ဓါးပြတိုက်ခံသကြောင်း ပုဂံ​ရှေး​ဟောင်းမြို့​တော် အုပ်ချုပ်​ရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

နိုင်ငံပိုင်နက်၊ အကျိုးစီးပွားနှင့် အီရန်နိုင်ငံသားများကို တိုက်ခိုက်လာမည်ဆိုပါက လျင်မြန်စွာတုံပြန်မည်ဟု အီရန် ဆို

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အီရန်ကျောထောက်နောက်ခံပြုပေးနေသည့် လက်နက်ကိုင်အဖွဲ့စည်းများကို တုံ့ပြန်ရန်ဆုံးဖြတ်ထားကြောင်း ပြောဆိုခဲ့ပြီးနောက် ထိုကဲ့သို့ တုံ့ပြန်လိုက်ခြင်းဖြစ်သည်။

ပါလက်စတိုင်းနိုင်ငံကို အသိမှတ်ပြုရန် စဉ်းစားနေကြောင်း ဗြိတိန်အစိုးရ ဆို

ဗြိတိန်သည် ၂၀၁၁ ခုနှစ်တုန်းက ပါလက်စတိုင်းကို နိုင်ငံအဖြစ်အသိမှတ်ပြုရန် အစီအစဉ်ရှိခဲ့သော်လည်း ကုလသမဂ္ဂက ယင်းအချိန်တွင် ပါလက်စတိုင်းကို ကုလသမဂ္ဂ၏ တစ်စိတ်တစ်ပိုင်းအဖွဲ့ဝင်နိုင်ငံအဖြစ်သာ သတ်မှတ်ခဲ့ကြောင်း ဒေးဗစ်ကင်မရွန်းက ပြောသည်။

ပြင်သစ်လယ်သမားက မြို့တော်ပဲရစ်မြို့၏ ဝင်လမ်းထွက်လမ်းများကို ဒုတိယမြောက် ပိတ်ဆို့ဆန္ဒပြ

ပြင်သစ်လယ်သမားများသည် လုပ်ခလစာအပြင် နိုင်ငံခြားသားများနှင့်ယှဉ်ပြိုင်ရာတွင် တရားမျှတမှုမရှိခြင်း၊ စည်းမျဉ်းစည်းကမ်းများကို ကျေနပ်နှစ်သက်မှုမရှိခြင်း စသောအချက်များကြောင့် ပြင်သစ်အစိုးရကို ဇန်နဝါရီ ၃၀ ရက်နေ့တွင် စတင်ဆန္ဒပြခဲ့ကြောင်း သိရသည်။

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အင်ရန်ခန်းနှင့် (PTI)ပါတီ ဒုတိယခေါင်းဆောင်ကို ထောင်ဒဏ် ၁၀နှစ်စီ ပြစ်ဒဏ်ချမှတ်

ပါကစ္စတန်နိုင်ငံတွင် ရွေးကောက်ပွဲကျင်းပရန် သီတင်းပတ်နှစ်ပတ်အလိုတွင် ပါတီခေါင်းဆောင်ဖြစ်သူ အင်ရန်ခန်းကို ပြစ်ဒဏ်ပေးခဲ့ခြင်းဖြစ်ရာ ပါကစ္စတန် Pakistan Tehreek-e-Insaf (PTI) ပါတီအတွက် ထိုးနှက်ချက်ဖြစ်လာစေခဲ့ကြောင်း သိရသည်။

မြန်မာနေရပ်စွန့်ခွာသူများကို အကူညီပေးရန်အတွက် ထိုင်းနိုင်ငံ၏အဆိုပြုချက်ကို အာဆီယံသဘောတူ ဟုဆို

ထိုင်းနိုင်ငံခြားရေးဝန်ကြီးသည် လာအိုနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအတွင်း မြန်မာနေရပ်စွန့်ခွာသူများကို လူသားချင်းဆိုင်ရာ စာနာမှုအကူညီပေးနိုင်မည့် စင်တာတစ်ခုဖွင့်လှစ်ရန် အဆိုပြုခဲ့ကြောင်း သိရသည်။

လားရှိုး၌ ယနေ့နေ့လည်တွင် ဗုံးပေါက်ကွဲ

"နေ့ခင်း ၂ နာရီဝန်းကျင်လောက်က RD ဆိုင်ရှေ့မှာဗုံးထောင်ပြီးရပ်ထားတဲ့ ဆိုင်ကယ်တစ်စီးကနေ ပေါက်ကွဲမှုဖြစ်တာပါ။ ပေါက်ကွဲသံကို နှစ်ကြိမ်တောင်ကြားရတယ်။ အသံက တော်တော်ကျယ်တယ်။ ဗုံးကွဲတဲ့ဆိုင်ကယ်က မီးထလောင်သေးတယ်။ ဆိုင်ဝန်ထမ်းတွေနဲ့ အနီးအနားကလူတွေ အကုန်ဝိုင်းငြိမ်းရတယ်။"

စစ်အခြေစိုက်စခန်း တိုက်ခိုက်ခံရမှုအတွက် လက်တုံ့ပြန်သွားမည်ဟု ဂျိုးဘိုင်ဒန် ဆို

ဆီးရီးယားနှင့် နယ်စပ်ချင်းထိစပ်နေသော ဂျော်ဒန်နိုင်ငံနယ်စပ်ဒေသရှိ အမေရိကန်စစ်အခြေစိုက်စခန်းတစ်ခုသည် ဒရုန်းများဖြင့် တိုက်ခိုက်ခံရပြီးနောက် သုံးဦးသေဆုံးကာ ၃၄ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။