» သတင်း

အပစ်ခတ်ရပ်စဲရေးတောင်းဆိုချက်များကို ထပ်မံပယ်ချပြီး စစ်ပွဲကိုအလုံးစုံအနိုင်ရရန် တိုက်ခိုက်မည်ဟု အစ္စရေးဝန်ကြီးချုပ် ဆို

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလီကန်သည် ပြီးခဲ့သောရက်ပိုင်းတွင် အရှေ့အလယ်ပိုင်းဒေသအတွင်းရှိ နိုင်ငံများကိုသွားရောက်ကာ ဂါဇာစစ်ပွဲအဆုံးသတ်ရန်အတွက် ဆွေးနွေးခဲ့ပြီး အပစ်ခတ်ရပ်စဲရေး မကြာခင်ရရှိမည်ဟုမျှော်လင့်ကြောင်း ပြောဆိုခဲ့သည်။

ပဲခူးတွင် ရေခဲမုန့်ဆိုင် ဝါယာရှော့ဖြစ်ရာမှ မီးလောင်ကျွမ်း

“ရေခဲ့မုန့်ဆိုင်ကနေစပြီးတော့ Safe Guard ကနေ ဝါယာရှော့ဖြစ်ပြီး မီးစတင်လောင်တာပါ။ လူထိခိုက်မှုတော့ မရှိပါဘူး။ ဆိုင်ကတော့ တစ်ဆိုင်လုံးကုန်သွားပါတယ်။ ဘေးနားမှာရှိတဲ့ ဆိုင်တစ်ဆိုင်လည်း ပါသွားတယ်။ ဘာဆိုင်ဆိုတာတော့ မသိလိုက်ဘူးဗျ။ ဆုံးရှုံးမှုကတော့ အတိအကျပြောလို့မရသေးဘူး။”

တိုက်ပွဲကြောင့် ဇရပ်ကြီးမြို့ခံ တစ်သောင်းကျော် တောင်ငူ၌ စစ်ရှောင်

"စစ်ရှောင်တွေကို ဦးဇင်းတို့ကားနဲ့ ဦးဇင်းတို့ကိုယ်တိုင် သွားခေါ်လာတာ။ မြေပြင်အထိကို တိုက်ရိုက်ဆင်းပြီး ပစ်နေတဲ့ကြားကနေ သူတို့ကို တောင်ငူကိုခေါ်ဆောင်လာတာပါ။ အစ က လူတစ်ထောင်၊ ထောင့်ငါးရာကနေ အခုဆိုရင် တစ်သောင်းကျော်ပြီ။"

ကွတ်ခိုင်၌ ကချင်တော်လှန်ရေးနေ့ ပြင်ဆင်မှုကို TNLA က နှောင့်ယှက်ခြင်းကို ရှုတ်ချ ဟုဆို

"ကျွန်တော်တို့က ရေရှည်အတူ နေနိုင်ဖို့အတွက် ဒီလိုမျိုး စာထုတ်ပြန်ပြောဆိုရတာဖြစ်ပါတယ်။ အုပ်ချုပ်ရေးဆိုင်ရာကအစ ကူးပြောင်းမှုတွေရှိနေတာဆိုတော့ ပွတ်တိုက်မှုတွေ ဖြစ်လာတာပေါ့။ ကချင်လူမျိုးတွေအနေနဲ့က အေးအေးချမ်းချမ်းနေချင်တယ်။ ထိခိုက်ပြောဆိုမှုတွေ လုပ်ရပ်တွေအတွက်တော့ ရှုတ်ချပါတယ်။"

အိန္ဒိယနိုင်ငံသားများကို ရခိုင်ပြည်နယ်မှ အမြန်ဆုံးထွက်ခွာရန် အိန္ဒိယအစိုးရ တိုက်တွန်း

ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ကြိုးဖုန်းများအပါအဝင် ဆက်သွယ်ရေးလိုင်းများ အခက်ခဲဖြစ်ပွားနေခြင်း၊ စားသုံးကုန်ဈေးနှုန်းများ မြင့်တက်နေခြင်းအပြင်လုံခြုံရေးအခြေနေ ဆိုးရွားစွာပျက်စီးနေကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။

ထိုင်းနိုင်ငံတွင် ဆောင်ခရမ်ရေသင်္ကြန်ပွဲတော်ကို ဧပြီ ၁ ရက်မှစတင်ပြီး သုံးပတ်ကြာကျင်းပမည် ဟုဆို

ထိုင်းအစိုးရအဖွဲ့သည် ဆောင်ခရမ်ပွဲတော်ကို ယူနက်စကိုအဖွဲ့၏ ရှေးဟောင်းအမွေနှစ်စာရင်းဝင်ပွဲတော်အဖြစ် ခွင့်ပြုချက်ရရှိခဲ့ပြီးနောက် ဆောင်ခရမ်ရေသင်္ကြန်ပွဲတော်ကို အချိန်တိုးမြှင့်ကျင်းပရန် စီစဉ်လာခြင်းဖြစ်သည်။

ဆေးခြောက်ကို အပန်းဖြေရာတွင်အသုံးပြုခွင့်ပေးခြင်းကို ပိတ်ပင်ရန်ပြန်လည် စီစဉ်သွားမည်ဟု ထိုင်းအစိုးရ ဆို

ပြီးခဲ့သောသီတင်းပတ်အတွင်း ကျင်းပခဲ့သော ဂီတဖျော်ဖြေပွဲတစ်ခုတွင် ခန်းမတစ်ခုလုံး ဆေးခြောက်သုံးစွဲသောအနံများ ဖုံးလွမ်းနေခဲ့ကြောင်း လူမူကွန်ရက်များတွင် ဝေဖန်ပြစ်တင်မှုများ ထွက်ပေါ်ခဲ့သည်။

ဖားကန့်တိုက်ပွဲကြောင့် ဓာတ်တိုင်များပျက်စီးပြီး လျှပ်စစ်မီးပြတ်တောက်နေ

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၄ ရက်တွင်ဖြစ်ပွားသည့်တိုက်ပွဲကြောင့် ဖားကန့်မြို့နယ်၊ နန့်တိန်းကျေးရွာနှင့် ၇ မိုင်ကျေးရွာအနီးတို့သို့ လက်နက်ကြီးကျည်များကျရောက်ခဲ့၍ 66 KV မိုးကောင်း-ဖားကန့်ဓာတ်အားလိုင်းမှ ဓာတ်တိုင်များပျက်စီးခြင်း၊ ကြိုးပြတ်တောက်ခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ဆီဆိုင်၌ တိုက်ပွဲဆက်ဖြစ်၍ ဒေသခံများထပ်မံ တိမ်းရှောင်ရ

ယမန်နေ့က ဆီဆိုင်မြို့ပေါ် အပါအဝင် အနီးအနားရှိကျေးရွာများတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိ၍ နေရပ်တွင်ပြန်လည်နေထိုင်သည့် ဒေသခံများနှင့် မြို့တွင်း၌ကျန်ရှိနေသူများ ထပ်မံ၍စစ်ရှောင်ရကြောင်း သိရသည်။

ယူကရိန်းသမ္မတက ကာကွယ်ရေးဦးစီးချုပ်အပါအဝင် စစ်ဘက်ခေါင်းများကို ရာထူးမှထုတ်ပယ်ဖွယ်ရှိနေ

ယူကရိန်းသမ္မတနှင့် ကာကွယ်ရေးဦးစီးချုပ်ကြား အငြင်းပွားမှုများဖြစ်လာခဲ့ပြီးနောက်ပိုင်း ကာကွယ်ရေးဦးစီးချုပ်ရာထူးမှ ထုတ်ပယ်ခံရဖွယ်ရှိသည်ဆိုသောသတင်းများ ပြီးခဲ့သော ရက်ပိုင်းတွင် ကျယ်ပြန့်စွာထွက်ပေါ်လာခဲ့ကြောင်း သိရသည်။