» သတင်း

ငွေကြေးနှင့် ရွှေဆွဲကြိုးခိုးယူရန်အတွက် အလုပ်ရှင်ကိုရန်ပြုခဲ့သော မြန်မာအမျိုးသမီးကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီး

အလုပ်ရှင်ဖြစ်သူ ဆူပဟတ်ထရာက အသက် ၁၉ နှစ်အရွယ်ရှိ မြန်မာအမျိုးသမီးအလုပ်သမား Waewdao သည် ၎င်းအိပ်နေချိန်တွင် အခန်းအတွင်းသို့ဝင်ရောက်ခဲ့ပြီး ပစ္စည်းများကိုခိုးယူရန် ကနဦးကြိုးပမ်းနေချိန်တွင် ၎င်းနိုလာခဲ့ရာ မြန်မာအမျိုးသမီးက ဓါးကိုအသုံးပြုကာ တိုက်ခိုက်ခဲ့ကြောင်း ပြောသည်။

မြန်မာစီးပွားရေးလုပ်ငန်းရှင်ကို အနုကြမ်းစီးသတ်ဖြတ်ခဲ့သော စကော့တလန်နိုင်ငံသားနှစ်ဦးကို ထိုင်းရဲတပ်ဖွဲ့ စုံစမ်းရှာဖွေနေ ဟုဆို

သေဆုံးခဲ့သော မြန်မာနိုင်ငံသား၏မိခင်ဖြစ်သူက စကော့တလန်နိုင်ငံသားနှစ်ဦးသည် ပြီးခဲ့သောရက်ပိုင်းတွင် ဘန်ကောက်မြို့ Sukhumvit Soi 4 အရပ်ဒေသရှိ သားဖြစ်သူ၏တိုက်ခန်းကို လာရောက်ပြီး အနုကြမ်းစီးလုယက်ကာ သားဖြစ်သူကို သတ်သွားခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့ကို ပြောဆိုထားသည်။

ဘင်္ဂလားဒေရှ့်ပိုင်နက်အတွင်း တိမ်းရှောင်ခဲ့သော မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင် ၃၃၀ကို မြန်မာအာဏာပိုင်များ ပြန်လည်ခေါ်ယူ

အဆိုပါ မြန်မာလုံရေးခြုံအဖွဲ့ဝင် ၃၃၀ ဦးထဲတွင် မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၃၀၂ ဦး၊ ရဲတပ်ဖွဲ့ဝင်မိသားစု လေးဦး၊ တပ်မတော်သား နှစ်ဦး၊ လူဝင်မှုကြီးကြပ်ရေးဌာန တာဝန်ရှိသူ ၁၈ ဦးနှင့် အရပ်သား လေးဦးတို့ပါဝင်ကြောင်း သိရသည်။

မြန်မာနယ်စပ်ဒေသတလျောက်ရှိ နေရပ်စွန့်ခွာသူများကို အကူအညီပေးမည့်အစီအစဉ် အမေရိကန်ထောက်ပံ့မည်ဟု ထိုင်းအစိုးရ ဆို

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလီကန်သည် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာနေရသူများကို ကူညီပေးနိုင်ရန် ထိုင်းနှင့် မြန်မာနယ်စပ်ဒေသတလျောက်တွင် လူသားချင်းဆိုင်ရာ စာနာမှုအကူအညီပေးရေးစင်္ကြန်လမ်းများ တည်ဆောက်မည့် ထိုင်းနိုင်ငံ၏အစီအစဉ်ကို ထောက်ခံကြောင်းပြသခဲ့သည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara က ပြောသည်။

မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေး ပို့ကုန်လျော့ကျနေပြီး သွင်းကုန်မြင့်တက်လာ

"အခု နယ်စပ်ကုန်သွယ်ရေးပြန်ပွင့်ဖို့ မျှော်လင့်နေရတာပေါ့။ မူဆယ်နဲ့ ချင်းရွှေဟော်ကတော့ လုံးဝပို့ကုန်တင်ပို့မှုမရှိဘူး။ တခြားဂိတ်တွေက သွားတော့သွားတယ် နည်းတာပေါ့။ အဓိက ဒီဂိတ်နှစ်ခုကနေပဲ ကုန်သည်တွေကအများဆုံးပို့ကြတာ။ ဒီဂိတ်တွေပြန်ဖွင့်မှ ကုန်သည်တွေက အသက်ရှုချောင်မှာ။"

ကမ္ဘာ့နိုင်ငံအချို့ အစ္စရေးကို စစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံ့မှု ရပ်ဆိုင်း

အစ္စရေးသည် ဂါဇာဒေသကို တိုက်ခိုက်ချိန်အတွင်း လူအခွင့်ရေးချိုးဖောက်မှုများရှိနေသည်ဟု နိုင်ငံတကာလူအခွင့်အရေးအဖွဲ့စည်းများက ဝေဖန်ပြစ်တင်မှုများရှိလာခဲ့ပြီးနောက် အီတလီအပါအဝင် နိုင်ငံအချို့က အစ္စရေးကို စစ်လက်နက်ပစ္စည်း ကူညီထောက်ပံ့ပေးခြင်းများ မရှိတော့ကြောင်း သိရသည်။

တောင်ငူ၌ စစ်ရှောင်နေသည့် ဇရပ်ကြီးဒေသခံများအတွက် အကူအညီများလိုအပ်နေ

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၇ ရက်က ပဲခူတိုင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့ရှိ နယ်မြေခံတပ်အား KNLA နှင့် PDF ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ရာမှ နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် ဒေသခံတစ်သောင်းကျော်မှာ ယနေ့အထိစစ်ရှောင်နေရခြင်း ဖြစ်သည်။

ရာဖယ်မြို့ထဲမှပြည်သူများ ဘေးလွှတ်ရာရွှေ့ပြောင်းနိုင်ရန် အစ္စရေးနိုင်ငံ ပူးပေါင်းခြင်းမရှိကြောင်း ကုလသမဂ္ဂ ဆို

ကုလသမဂ္ဂ လူသားချင်းဆိုင်ရာ စာနာမှုအကူအညီပေးရေးအဖွဲ့ OCHA က အစ္စရေးသည် ရာဖယ်မြို့အတွင်း တိုက်ခိုက်နေရာတွင် အရပ်သားများကို ဘေးလွှတ်ရာသို့ ရွှေ့ပြောင်းပေးရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း၊ သို့မဟုတ် တစ်နိုင်ငံတည်းလုပ်ဆောင်ခြင်းများ မရှိခဲ့ကြောင်း ပြောသည်။

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လာမည့်ရက်ပိုင်းအတွင်း ပြန်လွှတ်မြောက်ဖွယ်ရှိနေ

"ထိုင်းအကျဉ်းဦးစီးဌာနဟာ လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ လူစာရင်းကိုတင်ပြခဲ့တယ်။ အဲဒီတင်ပြခဲ့သူတွေ လူပေါင်း ၉၄၅ ဦးထဲက လူပေါင်း ၉၃၀ ကို လွှတ်မြောက်ခွင့်ပေးမှာပါ ၊အဲဒီလူစာရင်းထဲမှာ အသက် ၇၀ အရွယ်ရှိတဲ့သူတွေ၊ ကျန်းမာရေးမကောင်းတဲ့သူတွေ ပါဝင်ပါတယ်။" ဟု ပြောသည်။

မြန်မာနိုင်ငံ၌ ပေါက်ကွဲစေသာလက်နက်များကြောင့် သေဆုံးသူအရေအတွက် ပိုမိုမြင့်တက်လာနေကြောင်း AOAV ဆို

AOAV အဖွဲ့က ပြီးခဲ့သော ၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် တပ်မတော်အပါအဝင် လက်နက်ကိုင်အဖွဲ့စည်းများကြား ပေါက်ကွဲစေသောလက်နက်များ အသုံးပြုတိုက်ခိုက်မှုကြောင့် လူပေါင်း ၇၄၅ ဦးသေဆုံးမှုအပါအဝင် အရပ်သားများထိခိုက်သေဆုံးမှု ၂၁၆၄ ဦးရှိခဲ့ကြောင်း ဖော်ပြထားသည်။