» သတင်း

ဝိုင်ဘီအက်စ် ကျူအာကုတ် စမတ်ကတ်များ ​စျေးနှုန်းနှစ်ဆခန့် မြင့်တက်လာ ဟုဆို

ဝိုင်ဘီအက်စ် ကျူအာကုတ် စမတ်ကတ်များ နှစ်ဆခန့်စျေးနှုန်းတိုးမြင့်လာခြင်းနှင့်ပတ်သက်၍ Yangon Payment Service-YPS မှ တာဝန်ရှိသူတစ်ဦးထံ ဆက်သွယ်​မေးမြန်းရာတွင် ​ခေတ်စနစ်အရ ​စျေးနှုန်း​ပြောင်းလဲရခြင်းဟုသာ ​ဖြေကြားခဲ့သည်။

ထိုင်းနိုင်ငံတွင်အလုပ်လုပ်ရန် မြန်မာနိုင်ငံသားများ ပိုမိုဝင်ရောက်လာဖွယ်ရှိနေဟု ထိုင်းကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်းအသင်းချုပ် ဆို

တာနစ်ဆိုရက်က "ထိုင်းနိုင်ငံသားတွေဟာ 3Ds လို့ တင်စားခေါ်ဆိုတဲ့ လုပ်ငန်းတွေကို လုပ်ကိုင်ဖို့ ဆန္ဒမရှိဘူး။ ကျွန်တော်တို့နိုင်ငံဟာ စိုက်ပျိုးရေးနဲ့ ကုန်ထုတ်စက်မှုလုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်ဖို့ ရွှေ့ပြောင်းအလုပ်သမားတွေလိုအပ်တယ်။" ဟု ပြောသည်။

ဂါဇာစစ်ပွဲနှင့်ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များကို အမေရိကန် ဗီတိုအာဏာသုံး ပယ်ချ

အမေရိကန်သည် ဂါဇာစစ်ပွဲနှင့်ပတ်သက်ပြီး လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များကို ဗီတိုအာဏာသုံးပယ်ချမည်ဟု ပြောဆိုထားသည့်အတိုင်း ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင်ကျင်းပသော လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များကို ဗိတိုအာဏာသုံး ပယ်ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကုန်ကျစရိတ်များပြားနေခြင်းကြောင့် ထိုင်းဘက်မှ သွင်းကုန်လျော့ကျနေခြင်း ဟုဆို

မြန်မာ-ထိုင်းနှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုကို တာချီလိတ်၊ မြဝတီ၊ ကော့သောင်း၊ မြိတ်၊ ထီးခီး၊ မောတောင်၊ မယ်စဲ့ စသည့်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကုန်သွယ်မှုပြုလုပ်နေခြင်းဖြစ်ပြီး တိုက်ပွဲများနှင့် နယ်မြေမတည်ငြိမ်မှုများကြောင့် ကုန်သည်များအနေဖြင့် လုပ်ငန်းများရပ်ဆိုင်းထားကြောင်း သိရသည်။

အစ္စရေးနိုင်ငံဆိုင်ရာ ဘရာဇီးသံအမတ်ကြီးကို ပြန်လည်ခေါ်ယူ

ဂါဇာစစ်ပွဲနှင့်ပတ်သက်ပြီး အစ္စရေး၏ဆောင်ရွက်ချက်များသည် ဒုတိယကမ္ဘာစစ်အတွင်းက ဂျူးများကို ဂျာမနီအာဏာရှင်ဟစ်တလာ ဆုံးဖြတ်လုပ်ကိုင်ပုံနှင့် တူညီနေကြောင်း ဘရာဇီးသမ္မတက ဝေဖန်ပြစ်တင်ခဲ့ရာ နှစ်နိုင်ငံကြား တင်းမာမှုများဖြစ်လာခဲ့ကြောင်း သိရသည်။

တိုက်ပွဲကြောင့် ရေဦးနှင့် တန့်ဆည်မှ ဒေသခံငါးထောင်ထက်မနည်း စစ်ရှောင်ရ

"ရွာသာယာရွာအနီးကို ရောက်လာတဲ့စစ်ကြောင်းကို PDF ပူးပေါင်းအဖွဲ့က တိုက်ရင်းနဲ့ တိုက်ပွဲအပြင်းအထန်ဖြစ်တာ။ လေကြောင်းကနေလည်း လာပစ်သေးတယ်။ အဲ့ဒီစစ်ကြောင်း သွားနေတဲ့ လမ်းကြောင်းပေါ်က ကျေးရွာတွေက စစ်ရှောင်နေရတာ။" ဟု ဒေသတွင်းစစ်ရှောင်ကူညီသူတစ်ဦးက ပြောကြားသည်။

အစိုးရ၏ကမ်းလှမ်းချက်များကို ငြင်းဆန်ပြီး မြို့တော်နယူးဒေလီအထိ ချီတက်ဆန္ဒပြမည်ဟု အိန္ဒိယလယ်သမားများ ဆို

အိန္ဒိယလယ်သမားများသည် ပြီးခဲ့သောသီတင်းပတ်မှစတင်ပြီး သီးနှံရောင်းချရေးနှင့်ပတ်သက်၍ ကန့်သတ်ချက်များအပြင် ဈေးနှုန်းသတ်မှတ်များကို မကျေနပ်သည့်အတွက် ဆန္ဒပြခဲ့ပြီး နယူးဒေလီမြို့အထိချီတက်ရန် လိုလားနေကြောင်း သိရသည်။

ထိုင်းဘုရင်စနစ်ကို ဝေဖန်ခဲ့သောကြောင့် သက်ဆင်နှင့် ထိုင်းအစိုးရရှေ့နေအဖွဲ့ရုံးတို့ ဆွေးနွေး

ထိုင်းရဲတပ်ဖွဲ့က သက်ဆင်သည် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူချိန်အတွင်း ဂျပန်နိုင်ငံခရီးစဉ်တွင် ထိုင်းဘုရင်စနစ်ကို ဝေဖန်တိုက်ခိုက်ခဲ့ဖူးကြောင်း ပြောကြားသည်ဟု မကြာသေးမီက သတင်းများထွက်ပေါ်ခဲ့သည်။

ယူကရိန်းနိုင်ငံအနေဖြင့် အမေရိကန်၏အကူညီမရပါက မြို့အများအပြား ထပ်မံဆုံးရှုံးမည်ဟု သမ္မတ ဂျိုးဘိုင်ဒန် ဆို

အမေရိကန်သမ္မတသည် ယူကရိန်းကို စစ်ရေးအကူညီများ ထပ်မံပေးနိုင်ရန်အတွက် အမေရိကန်ဒေါ်လာ ၆၀ ဘီလျံကိုခွင့်ပြုပေးရန် အမေရိကန်အောက်လွှတ်တော်ကို တောင်းခံထားကြောင်း သိရသည်။

အိန္ဒိယပိုင်နက် နာကွန်ဒန်ကျွန်းပေါ်တွင် မြန်မာနိုင်ငံသား ၆ ဦး၏ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ဟု အိန္ဒိယအစိုးရ ဆို

အိန္ဒိယရဲတပ်ဖွဲ့က မြန်မာနိုင်ငံသား ၁၀ ဦးသည် အိန္ဒိယနိုင်ငံပိုင်နက်အတွင်းသို့ တရားမဝင်ဝင်ရောက်လာခဲ့ကြောင်း၊ အဆိုပါမြန်မာနိုင်ငံသား ၁၀ ဦးအနက် ၆ ဦးက ကျွန်းပေါ်ရှိတောထဲတွင် အစာရေစာပြတ်လပ်ကာ သေဆုံးခဲ့ကြောင်း ပြောသည်။ ကျန်ရှိသော မြန်မာနိုင်ငံသားလေးဦးအနက် နှစ်ဦးမှာပျောက်ဆုံးနေဆဲဖြစ်ပြီး အခြားနှစ်ဦးကို ဖမ်းဆီးထားကြောင်း…