» သတင်း

ဂါဇာဒေသရှိ လူသားချင်းဆိုင်ရာအကူအညီ လိုအပ်နေသူများကို လေယာဉ်ပေါ်မှ ကြဲချကူညီမည်ဟု အမေရိကန်သမ္မတ ဆို

ဂါဇာဒေသတွင် ဟားမက်စ်လက်နက်ကိုင်အဖွဲ့နှင့် အစ္စရေးနိုင်ငံကြား စစ်ပွဲဖြစ်လာခဲ့ပြီးနောက် လေးလကျော်ကြာလာချိန်တွင် ပါလက်စတိုင်းလူမျိုး ၃ သောင်းကျော်သေဆုံးကာ လူသားချင်းဆိုင်ရာ စာနာမှုအကူအညီလိုအပ်မှု မြင့်တက်နေကြောင်း သိရသည်။

ပိတ်ပင်ထားသော်လည်း မြန်မာနိုင်ငံမှသစ်များကို ဥရောပအခြေစိုက်ကုမ္မဏီများ ဝယ်ယူ

အီတလီနိုင်ငံသည် မြန်မာနိုင်ငံမှထွက်ရှိသော ကျွန်းသစ်နှင့် အခြားသစ်ထွက်ပစ္စည်းများကို တင်သွင်းခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း အီတလီကုမ္မဏီများသည် အခြားဥရောပတိုက်နိုင်ငံများက တင်သွင်းသော သစ်ပမာဏာထက် ပိုမိုတင်သွင်းခဲ့ကြောင်း ICIJ အဖွဲ့က ဆိုသည်။

ဧရာဝတီတိုင်းတွင် ဆန်ဈေးအဆ မတန်မြင့်တက်လာမှုကြောင့် အခြေခံလူတန်းစားများအခက်အခဲနှင့်ကြုံနေရ

ပြီးခဲ့သည့်ဖေဖော်ဝါရီလ ပထမအပတ်က ပေါ် ဆန်းဆန်တစ်အိတ်ကို ငွေကျပ် ၈၇,၀၀၀၊ ဆန်ကြမ်းတစ်အိတ်ကိုငွေကျပ် ၅၉,၀၀၀ ဝန်းကျင်သာရှိခဲ့ပြီး၊ လက်ရှိတွင်ပေါ်ဆန်း ဆန်ချောတစ်အိတ်ကို ၁၁၀,၀၀၀ ကျပ်နှင့် ၁၂၅,၀၀၀ ကျပ်အထိ၊ ဆန်ကြမ်းတစ်အိတ်ကို ငွေကျပ် ၈၉,၀၀၀ နှင့် ၉၇၀,၀၀၀…

ရုရှားပိုင်ဆိုင်မှုများ သိမ်းယူရေးကို အရှိန်မြင့်လုပ်ဆောင်ရန် အမေရိကန်သမ္မတ စီစဉ်နေ

ဗြိတိန်နှင့် ကနေဒါနိုင်ငံတို့က ယူကရိန်းကို စစ်ရေးအကူညီပေးနိုင်ရန်နှင့် ယူကရိန်းနိုင်ငံ ပြန်လည်တည်ဆောက်ရေးကို ကူညီထောက်ပံ့ပေးရန် ရုရှားပိုင်ဆိုင်မှုများကို သိမ်းယူရန် အ ကြံပေးခဲ့ပြီး၊ ပြင်သစ်နှင့် ဂျာမနီနိုင်ငံတို့က အဆိုပါအစီစဉ်ကို ဆန့်ကျင့်ကန့်ကွက်ခဲ့ကြောင်း သိရသည်။

မလေးရှားတွင် တရားမဝင်နေထိုင်သည့် မြန်မာနိုင်ငံသားများ ဒဏ်ငွေဆောင်ပြီး တစ်လအတွင်းထွက်ခွာကြရန် မြန်မာသံရုံး အသိပေး

ယနေ့ မေလ ၁ ရက်မှစတင်ကာ မလေးရှားနိုင်ငံ၌ တရားမဝင်နေထိုင်ကြသည့် မြန်မာနိုင်ငံသားများအပါအဝင် အခြားနိုင်ငံခြားသားများ မေလ ၃၁ ရက်နောက်ဆုံးထားပြီး ဒဏ်ငွေ မလေးရှားရင်းဂစ် ၅၀၀ ပေးဆောင်ပြီး မိမိတို့နိုင်ငံများသို့ ပြန်သွားရန် မလေးရှားအစိုးရက မြန်မာသံရုံးသို့ အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း…

ဂျပန်ပြည်ဝင်ခွင့်ဗီဇာအတွက် တယ်လီဖုန်းဖြင့်ရက်ချိန်းရယူခြင်း ခေတ္တရပ်နား၊ အီးမေးလ်ဖြင့်သာ လက်ခံဆောင်ရွက်မည် ဟုဆို

"အီးမေးလ်နဲ့ပဲ ကြိုတင်ရက်ချိန်းကို လက်ခံမယ်ဆိုတော့ အဆင်မပြေဘူး။ သူတို့ကအီးမေးလ်ကိုစစ်အုံးမှလေ။ ဖုန်းနဲ့ရက်ချိန်းယူတာတောင် တော်တော်နဲ့မရတာ။ မလွယ်ကူဘူး။" ဟု ဂျပန်တွင်သွားရောက်အလုပ်လုပ်မည့်သူတစ်ဦးက ပြောသည်။

ရုရှားနှင့်ဖြစ်လာနိုင်သော တိုက်ရိုက်စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားရန် နေတိုးနိုင်ငံများကို အမေရိကန်စစ်ဘက် သတိပေး

ရုရှား၏တိုက်ခိုက်မှုများကို ဟန့်တားနိုင်ရန်အတွက် ယူကရိန်းသို့ နေတိုးအဖွဲ့ဝင်များစေလွှတ်မည်ဟု ပြင်သစ်သမ္မတ မက်ခရွန်က ပြီးခဲ့သောရက်ပိုင်းတွင် ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် နေတိုးနှင့် ရုရှားအုပ်စုကြား တင်းမာမှုအရှိန် မြင့်တက်နေချိန်တွင် အမေရိကန်ကာကွယ်ရေးဝန်ကြီးက သတိပေးပြောဆိုလိုက်ခြင်းဖြစ်သည်။

တန့်ဆည်၌ ကျေးရွာအချို့ မီးရှို့ခံရပြီး ဒေသခံသုံးသောင်းကျော် ဆက်လက်စစ်ရှောင်ရ

တန့်ဆည်မြို့နယ်၊ ကံထူးမကျေးရွာနှင့်အနီးတဝိုက်တွင် ဖေဖော်ဝါရီ ၂၁ ရက်နေ့မှစ၍ တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ရက်ပိုင်းအတွင်း ကျေးရွာခြောက်ရွာ မီးရှို့ခံရပြီး၊ ဒေသခံသုံးသောင်းကျော် စစ်ဘေးတိမ်းရှောင်နေရကြောင်း သိရသည်။

ဧရာဝတီတိုင်းတွင် ဖေဖော်ဝါရီလအတွင်း လုယက်၊ ဓားပြတိုက်၊ ဖောက်ထွင်းခိုးယူမှု အကြိမ် ၃၀ နီပါး ဖြစ်ပွားခဲ့

ပုသိမ် ဒေသခံတစ်ဦးက "စီးပွားရေးတွေကျပ်တည်းလာလို့ အခုလိုပြဿနာတွေပိုပိုဖြစ်လာတာ။ အခုထက် ပိုပိုဖြစ်လာဖို့ပဲရှိတယ်။ ဘာလို့ဆိုတော့ စပါး၊ ဆန်ထွက်တဲ့ဒေသမှာ ဆန်စပါးရှားလာတော့ လုယက်၊ ဓားပြတိုက်တော့တာပေါ့။" ဟု ဆိုသည်။

ကြည့်မြင်တိုင်မြို့နယ် ဗားဂရာဆိပ်ကမ်းအနီး ကုန်တင်သင်္ဘောတစ်စီးမီးလောင် တစ်ဦးသေဆုံး

ယနေ့ မတ်လ ၁ ရက်၊ နံနက် ၂ နာရီ ၂၃ မိနစ်ခန့်တွင် ကြည့်မြင်တိုင်မြို့နယ်၊ ဗားဂရာဆိပ်ကမ်းအနီး ရန်ကုန်မြစ်အတွင်း ဆိုက်ကပ်ထားသည့် လောင်စာဆီများအပါအဝင် အခြားကုန်ပစ္စည်းများတင်ဆောင်ထားသည့် ကုန်တင်သင်္ဘောပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦးသေဆုံးကာ၊ အမျိုးသားတစ်ဦး ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။