» သတင်း

အလံဖြူထောင်ပြီး ရုရှားနှင့်စေ့စပ်ဆွေးနွေးရန် ပုပ်ရဟန်းမင်းကြီးတောင်းဆိုမှုကို ယူကရိန်းအစိုးရ ငြင်းဆန်

ပုပ်ရဟန်းမင်းကြီးက အတိတ်ကဖြစ်ခဲ့သော အမှားမျိုးကို ထပ်မံမလုပ်ဆောင်ဘဲ ယူကရိန်းစစ်ပွဲနှင့်ပတ်သက်ပြီး ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမမှုများ လုပ်ဆောင်သင့်ကြောင်း ပြီးခဲ့သောရက်ပိုင်းက တိုက်တွန်းခဲ့သည်။

ဂါဇာစစ်ပွဲနှင့်ပတ်သက်ပြီး အမေရိကန်သမ္မတ၏ ပြောဆိုချက်များကို အစ္စရေးဝန်ကြီးချုပ် ငြင်းဆန်

အစ္စရေးဝန်ကြီးချုပ်က "သမ္မတ ဂျိုးဘိုင်ဒန်ဟာ ဘာကိုဆိုလိုချင်သလဲဆိုတာကို ကျွန်တော်မသိဘူး။ ဂါဇာဒေသအပေါ် ပြုလုပ်နေတဲ့ အစ္စရေးအစိုးရရဲ့ မူဝါဒတွေကို ပြည်သူအများစု ထောက်ခံပါတယ်။ အစ္စရေးပြည်သူအများစုရဲ့ဆန္ဒကို ငြင်းဆန်ပြီး လုပ်ဆောင်မယ်ဆိုရင်တော့ အစ္စရေးနိုင်ငံရဲ့အကျိုးစီးပွားကို ထိခိုက်စေမှာဖြစ်ပါတယ်။" ဟုပြောသည်။

အမေရိကန်နှင့်ပူးပေါင်းပြီး တောင်တရုတ်ပင်လယ်အတွင်း ဓါတ်ငွေ့ထုတ်ယူတော့မည်ဟုဖိလစ်ပိုင်အစိုးရ ဆို

ဖိလစ်ပိုင်သံအမတ်ကြီးက "တောင်တရုတ်ပင်လယ်အတွင်း ဓါတ်ငွေ့ထုတ်ယူမှုတွေစတင်ဖို့ အချိန်ကျရောက်လာချိန်မှာ ကျွန်တော်တို့ဟာ ဘယ်လိုမျိုးလုပ်ဆောင်မလဲဆိုတာ တွေ့မြင်ရမှာပါ၊ ကျွန်တော်တို့ဟာ အမေရိကန်၊ ဂျပန်၊ သြစတြေးလျနိုင်ငံတို့နဲ့ ပူးပေါင်းဆောင်ရွက်မှာပါ။" ဟု ပြောသည်။

နေပြည်​တော်မှ Ordinary Bar ကို ၆ လပိတ် အရေးယူ

"အခုမတ် ၁ ရက်က Ordinary Bar and Restaurant မှာ ရင်သားကိုတိပ်နဲ့ကပ်ပြီး ဗလာကျင်းပုံစံနဲ့ Sexy Dane ကပြဖျော်ဖြေခဲ့ကြတာဖြစ်ပါတယ်။ အဲဒီပွဲစီစဥ်သူကို ဖမ်းဆီးအ​ရေးယူထားပါတယ်။" ဟု နေပြည်​တော်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

NUG, PDF အဖွဲ့ အစည်းများနှင့် ပတ်သက်သည်ဆိုသည့် ဓနုဖြူဒေသခံ ၁၆ ဦး ဖမ်းဆီးခံရ

"ရွာထဲကအိမ်တွေမှာ လာဖမ်းသွားတာ။ ဖမ်းဆီးခံရသူတွေက လူငယ်အမျိုးသားတွေများတယ်။ အိမ်ထောင်သည် အမျိုးသားလူငယ်တွေလည်း အဖမ်းခံရတဲ့အထဲပါတယ်။ အဖေရောအမေပါ အဖမ်းခံရသူတွေလည်းပါတယ်။ မိဘနှစ်ဦးစလုံး အဖမ်းခံရတော့ အခုကလေးတွေအတွက်ပါ အခက်အခဲဖြစ်နေတယ်။ ဖမ်းတဲ့တာဝန်ရှိသူတွေကတော့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ပတ်သက်နေတာကြောင့်တဲ့။" ဟု အထက်ပါပုဂ္ဂိုလ်က ဆက်ပြောသည်။

ပါကစ္စတန်ပြည်သူပါတီခေါင်းဆောင်ကို သမ္မတအဖြစ် တစ်ကျော့ပြန်ရွေးချယ်

ပါကစ္စတန်လွှတ်တော်သည် မတ်လ ၉ ရက်နေ့တွင် သမ္မတရွေးကောက်ပွဲကို မဲပေးရွေးချယ်ခဲ့ရာ လွှတ်တော်ကိုယ်စားလှယ် ၄၁၁ မဲက အလီ ဇာဒါရီကို သမ္မတအသစ်အဖြစ် ထောက်ခံမဲပေးခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ် ၁၈၁ ဦးက ကန့်ကွက်မဲပေးခဲ့ကြောင်း သိရသည်။

မြင့်တက်နေသည့်ရွှေဈေးနှုန်းကြောင့် ရွှေလုပ်ငန်းရှင်အချို့ ခေါ်ယူစစ်ဆေးခံနေရ ဟုဆို

"ရွှေလုပ်ငန်းရှင်အချို့ ခေါ်ယူစစ်ဆေးတာတွေရှိတယ်။ အဓိက ရွှေဈေးတတ်လို့။ ဈေးကစားတာဘာညာရှိလားဆိုပြီး ခေါ်စစ်ဆေးတာဖြစ်လိမ့်မယ်။ သူတို့က ရွှေဈေးတတ်တိုင်း လုပ်ငန်းရှင်တွေကိုခေါ်ပြီးစစ်ဆေးတာ။ တချို့ဆို ရှောင်နေကြတာတွေရှိတယ်။" ဟု ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

အင်းစိန်မြို့နယ်တွင် အမျိုးသားတစ်ဦး၏ခြေထောက် ရထားဘီးနှင့်ချိတ်မိပြီး ဒဏ်ရာရ

"မနေ့ကမနက်ပိုင်းက ရွာမဘူတာမှာ သူကရထားစောင့်စီးတာ ရထားပေါ်ကိုတက်ရင်းနဲ့ ခြေချော်ကျတာ။ ရထားဘီးနဲ့ညှပ်ပြီး ညာဘက်ခြေဖနောင့်က ပြတ်ထွက်သွားတာ။ တစ်ချို့နေရာတွေတော့ ပွန်းပဲတာတွေ‌ရှိတယ်။ အသက်ကတော့ ၅၀ လောက်ရှိပြီး။" ဟု အင်းစိန်မြို့နယ် ကြက်ခြေနီအသင်းမှ အသင်းဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

နေ့အပူချိန်တိုးလာနိုင်သည့်အတွက် သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များ အထူးသတိထားရန်လို ဟုဆို

မတ် ၁၅ ရက်နောက်ပိုင်းတွင် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ မကွေးတိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်းဒေသအချို့တွင် နေ့အပူချိန်များတက်လာနိုင်ပြီး၊ အမြင့်ဆုံးအပူချိန်က ၄၀°C အထက်(ခရမ်းရောင်)ဖြစ်လာနိုင်ကြောင်း ၎င်း၏လူမှုကွန်ရက်တွင်…

ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ယာဉ်တိုက်မှုဖြစ် မိန်းကလေးတစ်ဦးသေဆုံး

ယမန်နေ့ ည ၇ နာရီဝန်းကျင်ခန့်က ဇေယျာသိရိမြို့နယ်၊ ပင်လောင်းလမ်းစုံ၊ သစ်တက်ကျေးရွာအနီးတွင် အသက် ၁၉ နှစ်အရွယ်ရှိ အမျိုးသမီးငယ်ကို အဖြူရောင်ကားတစ်စီးက ဝင်တိုက်ခဲ၍ နေရာတွင်သေဆုံးသွားခဲ့ပြီး၊ ကားမှထွက်ပြေးသွားခဲ့ကြောင်း သိရသည်။