» သတင်း

နီပေါ-တိဘက်နယ်စပ်တွင် ရေကြီးမှုကြောင့် နိုင်ငံခြားသား ၂၉၁ ဦးအပါအဝင် ရာပေါင်းများစွာ ပျောက်ဆုံး

X တွင် မျှဝေထားသော စာရင်းတစ်ခုတွင် နီပေါခရီးသွားဘုတ်အဖွဲ့က နိုင်ငံခြားသား ၂၉၁ ဦးနှင့် နီပေါနိုင်ငံသား ၉၃ ဦး အပါအဝင် စုစုပေါင်း ခရီးသွား ၃၈၄ ဦး ပျောက်ဆုံးနေသည်ဟု ဖော်ထုတ်နိုင်ခဲ့ကြောင်း ပြောကြားသည်။

ပါကစ္စတန်နိုင်ငံ မြို့တော်ဆေးရုံရှိ ကလေးထိန်းဌာနတွင် မီးလောင် မွေးကင်းစကလေးငယ် ၁၄ ဦး သေဆုံး

ကယ်ဆယ်ရေးအရာရှိများက မီးလောင်မှုသည် နံနက် ၆:၄၅ နာရီခန့်တွင်စတင်ခဲ့ပြီး ဆေးရုံမှ မီးယပ်အထူးကုဌာန၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် ကလေးထိန်းဌာနအတွင်း အဲယားကွန်းယူနစ်၏ ကွန်ပရက်ဆာပေါက်ကွဲပြီး ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ပြောကြားသည်။ မီးသတ်သမားများသည် လျင်မြန်စွာမီးငြှိမ်းသတ်နိုင်ခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့များသည် အဆိုပါနေရာတွင် အအေးပေးလုပ်ငန်းများ လုပ်ဆောင်နေကြောင်း ဒေသခံမီဒီယာများက…

အမေရိကန်က ဆီးရီးယားကို အကြမ်းဖက်မှုထောက်ပံ့သည့်နိုင်ငံစာရင်းမှ ဖယ်ရှား

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဆယ်စုနှစ်များစွာကြာ သတ်မှတ်ချက်ကို ရုပ်သိမ်းရန် ၎င်း၏ရည်ရွယ်ချက်ကို ဇူလိုင်လ ၈ ရက်နေ့တွင် ကွန်ဂရက်လွှတ်တော်သို့ တရားဝင်အ ကြောင်းကြားခဲ့ပြီး ၄၅ ရက်ကြာ ကွန်ဂရက်လွှတ်တော်တွင် ပြန်လည်သုံးသပ်ပြီးနောက် တနင်္လာနေ့တွင် ဖယ်ရှားခြင်းသည် အကျိုးသက်ရောက်ခဲ့သည်။

အမေရိကန်-အီရန် နားလည်မှုစာချွန်လွှာ ပြန်လည်အသက်သွင်းရေး တိုးတက်မှုရှိကြောင်း ပါကစ္စတန် ပြောကြား

အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်ဆန့်က ဝါရှင်တန်သည် အီရန်အစိုးရအတွက် ငွေကြေးထောက်ပံ့မှုအားလုံးကို ဖြတ်တောက်ရန် တီဟီရန်အပေါ် ပိတ်ဆို့မှုအသစ်များ ချမှတ်ခဲ့ကြောင်း ကြေညာပြီးနောက် ယခုကဲ့သို့ ဖြစ်ပေါ် လာခြင်းဖြစ်ပြီး သမ္မတဒေါ်နယ်ထရမ့်သည် အမေရိကန်မဟာမိတ်များအား အဆိုပါအစီအမံများကို ထောက်ခံရန် တိုက်တွန်းနေကြောင်း ထပ်လောင်းပြောကြားသည်။

တရုတ်အမျိုးသမီးတစ်ဦးကို ပြန်ပေးဆွဲသည့် ထိုင်းအမျိုးသားလေးဦးကို ဖမ်းဆီး

ဘန်ကောက်မြို့ရှိ ဟိုတယ်တစ်ခုမှ တရုတ်အမျိုးသမီးတစ်ဦး ပြန်ပေးဆွဲခံရပြီး မြန်မာနယ်စပ်ရှိ တာ့ခ်ပြည်နယ်၊ မဲဆောက်ခရိုင်သို့ ခေါ်ဆောင်သွားစဉ် အဆိုပါအမျိုးသမီးသည် ကားပေါ်မှထွက်ပြေးသွားပြီးနောက် ထိုင်းအမျိုးသားလေးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

မှော်ဘီနှင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)တွင် မော်တော်ယာဉ်များအား လုယက်သူလေးဦးကို ဖမ်းဆီး

တက္ကစီယာဉ်မောင်း ဦးအောင်စိုးသည် ဩ ဂုတ် ၁၇ ရက် ညနေ ၆ နာရီခွဲခန့်တွင် ၎င်းကားကိုငှားစီးသူ အမျိုးသားသုံးဦးကို တင်ဆောင်မောင်းနှင် လာစဉ် မှော်ဘီမြို့နယ်၊ ဘွက်ကြီးကျေးရွာ၊ မြေစာရင်းတောရရိပ်သာ ဘုန်းကြီးကျောင်းမုခ်ဝအရောက်တွင် အဆိုပါအမျိုးသားသုံးဦးက ဦးအောင်စိုးကို ကပ်ကြေးဖြင့်ထောက်ပြီး…

အမေရိကန်နှင့်ကုန်သွယ်ရေးစစ်ပွဲသည် ကနေဒါအတွက် ပျက်စီးဆုံးရှုံးမှုဖြစ်စေမည်ဟု ထရမ့်အစိုးရ ခန့်မှန်း

ဝါရှင်တန်နှင့် အော့တဝါအကြား ညှိနှိုင်းမှုများသည် သောကြာနေ့နှောင်းပိုင်းတွင် ပျက်ပြားသွားပြီး အမေရိကန်၏ အခွန်နှုန်းထားအသစ် ၅၀ ရာခိုင်နှုန်းကို စတင်ကောက်ခံခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံတန်ဖိုးရှိ ကနေဒါကုန်ပစ္စည်းများဖြစ်သည့် အမေရိကန်သို့ ကနေဒါပို့ကုန်၏ ၅.၅ ရာခိုင်နှုန်းကို သက်ရောက်မှုရှိမည်ဖြစ်သည်။

နယူးဇီလန်တွင် အသက် ၁၆ နှစ်အောက် လူငယ်များကို လူမှုကွန်ရက်သုံးစွဲခွင့် ပိတ်ပင်မည်

နယူးဇီလန်အစိုးရသည် တနင်္လာနေ့တွင် အသက် ၁၆ နှစ်အောက် လူငယ်များကို လူမှုကွန်ရက်အသုံးပြုခြင်းမှတားမြစ်သည့် ဥပဒေတစ်ရပ်ကိုပြဋ္ဌာန်းခဲ့ပြီး Instagram နှင့် TikTok ကဲ့သို့သော ဝက်ဘ်ဆိုက်များကို ပိတ်ပင်ရန် ကြိုးပမ်းနေသော နိုင်ငံအများအပြားနှင့် ပူးပေါင်းခဲ့သည်။

မလေးရှားနိုင်ငံသားများအား ထိုင်းနိုင်ငံတောင်ပိုင်းသို့ မလိုအပ်ပါက မသွားရန် မလေးရှားရဲတပ်ဖွဲ့ အကြံပြု

ထိုင်းနိုင်ငံတောင်ပိုင်းတွင် ဗုံးခွဲမှုများ၊ ပစ်ခတ်မှုများနှင့် မီးရှို့မှုများ ဆက်လက်ဖြစ်ပွားနေသောကြောင့် မလေးရှားနိုင်ငံသားများအနေဖြင့် ထိုင်းနိုင်ငံတောင်ပိုင်းသို့ မလိုအပ်ပါက ခရီးစဉ်များကို ရွှေ့ဆိုင်းရန် မလေးရှားရဲတပ်ဖွဲ့မှ လေးလေးနက်နက်အကြံပြုထားသည်။

ဆီးရီးယားကို လေကြောင်းတိုက်ခိုက်မှုမတိုင်မီ အစ္စရေးသည် အမေရိကန်ကို သတိပေးခြင်းမရှိဟု အမေရိကန်သံတမန်တစ်ဦးက ပြောကြား

တူရကီနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ်လည်း တာဝန်ထမ်းဆောင်နေသူ တောမ် ဘာရက်ခ်က အင်္ဂါနေ့တွင်ဖြစ်ပွားခဲ့သော အဘူဒူဟာ စစ်အခြေစိုက်စခန်း တိုက်ခိုက်ခံရမှုသည် တူရကီနိုင်ငံသားများကို ရန်စဆွဲဆောင်သည့် အစ္စရေး၏လုပ်ရပ်ဖြစ်နိုင်ကြောင်းနှင့် “ဒါဟာ စိုးရိမ်စရာကောင်းပြီး အလေးအနက်ထားရမယ့် အပိုင်းဖြစ်တယ်” ဟု ပြောကြားသည်။