» သတင်း

အီရန်နှင့်သဘောတူညီချက်ကို နှောင့်ယှက်ပါက အိုမန်ကို ဗုံးကြဲမည်ဟု ထရမ့်ခြိမ်းခြောက်

နိုဝင်ဘာလတွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ လောင်စာဆီဈေးနှုန်းများ ကျဆင်းခြင်းနှင့် စစ်ပွဲအပေါ်လူထုဆန့်ကျင်မှုများသည် ရီပတ်ဘလီကန်များအပေါ် နိုင်ငံရေးဖိအားအဖြစ်ရှိနေချိန်တွင် ထရမ့်သည် ခြောက်လနီးပါးကြာရှည်နေသော အကျပ်အတည်းကို အဆုံးသတ်ရန် ဖိအားများတိုးပွားလာနေသည်။

မြန်မာသမ္မတ ဦးမင်းအောင်လှိုင် မော်စကိုနှင့် မဟာဗျူဟာမြောက်ဆက်ဆံရေး နက်ရှိုင်းစေရန် ရုရှားသို့သွားရောက်

သမ္မတဦးမင်းအောင်လှိုင်သည် သမ္မတ ပူတင်အပါအဝင် အခြားရုရှားထိပ်တန်းအရာရှိများနှင့်တွေ့ဆုံပြီး ရှိ ရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် ဆက်ဆံရေးပိုမိုခိုင်မာလာစေရေးအပြင် စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေး စသည့်ကဏ္ဍများတွင် အပြန် အလှန်အကျိုးဖြစ်ထွန်းစေမည့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဖော်ဆောင်နိုင်ရေးကို အဓိကထားဆွေးနွေးသွားမည်

အင်ဒိုနီးရှားနိုင်ငံတွင် ငလျင်ကြောင့် ၅၅ ဦးသေဆုံးပြီး ထောင်ပေါင်းများစွာသောလူများ အကူအညီလိုအပ်နေ

အင်ဒိုနီးရှားနိုင်ငံတွင် တနင်္လာနေ့ကလှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်တစ်ခုကြောင့် အနည်းဆုံး လူ ၅၅ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိကာ အိမ်ရာနှင့် အခြားအဆောက်အအုံရာပေါင်းများစွာ ပျက်စီးခဲ့ပြီး ရက်အနည်းငယ်အကြာတွင် အင်ဒိုနီးရှားနိုင်ငံ၏ (၈၁) နှစ်မြောက် လွတ်လပ်ရေးနေ့ကိုကျင်းပနေစဉ် ဖလောရက်စ်ကျွန်းတွင် လူထောင်ပေါင်းများစွာသည် အကူအညီကို စောင့်ဆိုင်းနေကြဆဲဖြစ်သည်။

ပိတ်ထားခဲ့သည့် အနောက်ဘက်ကမ်း အခြေချနေထိုင်မှုကို အစ္စရေး ပြန်လည်ဖွင့်လှစ်

အစ္စရေးနိုင်ငံသည် လက်ရှိအစိုးရ၏ အခြေချနေထိုင်မှုနယ်မြေများ လျင်မြန်စွာတိုးချဲ့ရေးမူဝါဒကို ပေါ်လွင်စေသည့် လုပ်ရပ်အဖြစ် အနောက်ဖက်ကမ်းရှိ ဂါနင်အခြေချနယ်မြေကို စွန့်ခွာခဲ့ပြီးနောက် နှစ်ပေါင်း ၂၀ ကျော်အကြာ ကြာသပတေးနေ့တွင် တရားဝင်ပြန်လည်ဖွင့်လှစ်ခဲ့သည်။

အီရန်ပဋိပက္ခတွင် ရေနံဈေးနှုန်းကျဆင်းရေးသည် အမေရိကန်၏ အဓိကရည်မှန်းချက်ဖြစ်သည်ဟု ဂျေဒီဗန့်စ် ပြောကြား

အဆိုပါမှတ်ချက်သည် သမ္မတ ဒေါ်နယ်ထရမ့်၏ တိုက်ပွဲအပေါ် ထပ်ခါတလဲလဲ ပုံဖော်ပြောဆိုချက်နှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။ စစ်ပွဲတွင် အီရန်ကို နျူကလီးယားလက်နက်မရရှိအောင် တားဆီးရန်မှာ တစ်ခုတည်းသော ရည်ရွယ်ချက်ဖြစ်ပြီး အမေရိကန်များအတွက် ရေတိုစီးပွားရေး စွန့်လွှတ်မှုများရှိမည်ဟု ထရမ့်က မှတ်ချက်ပြုခဲ့သည်။

မကွေးတိုင်းအတွင်း ဧရာဝတီမြစ်ရေများဝင်ရောက်မှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ကာ နေအိမ်များရွှေ့ပြောင်းနေရ ဟုဆို

ဩဂုတ်လ ၁၁ ရက်နေ့မှစ၍ မကွေးတိုင်းအတွင်းရှိ မကွေး၊ မြင်းမူ၊ ရေနံချောင်း၊ မင်းလှ၊ ချောက်မြို့၊ ပခုက္ကူ၊ အောင်လံ၊ ကံမ၊ ပွင့်ဖြူ၊ စသည့်မြို့နယ်များတွင် မိုးသည်းထန်စွာရွာသွန်ခြင်းကြောင့် ဧရာဝတီမြစ်ရေများဝင်ကာ နေအိမ်များရွှေ့ပြောင်းနေရကြောင်း သိရသည်။

တရုတ်သူဌေးကြီး ချန်းဇီ၏ပိုင်ဆိုင်မှုများကို ထိုင်းအာဏာပိုင်များ ထပ်မံသိမ်းဆည်း

ထိုင်းငွေကြေးခဝါချမှုတိုက်ဖျက်ရေးရုံးက ငွေသား၊ ရွှေလက်ဝတ်ရတနာ၊ အဆောက်အဦများပါသည့် မြေကွက်များနှင့် ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုများအပါအဝင် နောက်ထပ်ပိုင်ဆိုင်မှု ၄၃၁ ခုကို သိမ်းဆည်းရန် ငွေကြေးလွှဲပြောင်းရေးကော်မတီက ဆုံးဖြတ်ခဲ့ကြောင်း ကြာသပတေးနေ့တွင် ပြောကြားသည်။

ဝမ်းပျက်၊ ဝမ်းလျောရောဂါများဖြစ်ပွားနေခြင်းကြောင့် လမ်းဘေးဈေးဆိုင်များယာယီပိတ်ရန် ညွှန့်ကြားထား

ဩဂုတ်လ ၉ ရက်နေ့မှ ၁၂ ရက်အထိ ရန်ကုန်ပြည့်သူ့ဆေးရုံကြီးတွင် ဝမ်းပျက်၊ဝမ်းလျောရောဂါဖြစ်ပွားမှုကြောင့် ဆေးရုံတက်ရောက်သူစုစုပေါင်း ၁၈၂ ဦးရှိခဲ့ပြီး၊ ပြင်းထန်သည် ဝမ်းပျက်၊ ဝမ်းလျောရောဂါပိုးရှာဖွေတွေ့ရှိသူ ၅၄ ဦးရှိကြောင်း သိရသည်။ ရောဂါကြောင့် အသက် ၉၂ အရွယ်…

ကိုလံဘီယာတွင် ငလျင်ကြောင့် ၂၄၀ ဦး သေဆုံး၊ အသက်ရှင်ကျန်ရစ်သူများကို ကြိုးစားရှာဖွေနေ

ကိုလံဘီယာတွင် ငလျင်ကြောင့် အနည်းဆုံး ၂၄၀ ဦး သေဆုံးပြီး ကိုလံဘီယာစေတနာ့ဝန်ထမ်းများသည် အိမ်ခြေ ၁၀၀ ကျော်နှင့် ရုံးခန်းအဆောက်အအုံများ ပျက်စီးစေခဲ့သောငလျင်မှ အသက်ရှင်ကျန်ရစ်သူများကို အင်္ဂါနေ့တွင် အပျက်အစီးများကြားမှတူးဖော်ကာ ရှာဖွေနေကြသည်။

ရခိုင်ပြည်နယ်တွင် လေကြောင်းတိုက်ခိုက်မှုများကြောင့် ဩဂုတ်လအတွင်း လူ ၂၀ နီးပါးသေဆုံး ဟုဆို

၂၀၂၆ ခုနှစ်၊ ဩဂုတ်လဆန်းပိုင်းအတွင်း ရခိုင်ပြည်နယ်၊ သံတွဲမြို့၊ ပလက်ဝမြို့၊ ကျောက်ကြီးကျေးရွာတို့တွင် လေကြာင်းတိုက်ခိုက်မှုများကြောင့် စုစုပေါင်းသေဆုံးသူ ၂၀ နီးပါးရှိလာပြီး၊ ဒဏ်ရာရရှိသူ ၁၀ ဦးကျော်ရှိလာကြောင်း သိရသည်။