အထူးသတင်း
- အီတလီနည်းပြအဖြစ် မန်စီနီ ဒုတိယအကြိမ် တာဝန်ယူမည်
- ဂျပန်နိုင်ငံတွင် ပြင်းအား ၇.၁ ရှိသော ငလျင်လှုပ်ခတ် အများအပြား ဒဏ်ရာရ
- ထိုင်းစာအုပ်ပွဲတော်တွင် တရုတ်နိုင်ငံသားနှင့် ပဋိပက္ခကို စုံစမ်းစစ်ဆေးရန် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက အမိန့်ပေး
- ထရမ့်၏ လွတ်ငြိမ်းခွင့်အပြီး သမ္မတဟောင်း ဟာနန်ဒက်ဇ်သည် ဟွန်ဒူးရပ်စ်သို့ ပြန်လည်ရောက်ရှိ
- ဗြိတိန်ဝန်ကြီးချုပ် ဘာနမ် ပထမဆုံးနိုင်ငံခြားခေါင်းဆောင်အဖြစ် ဇီလန်စကီးကို ကြိုဆိုမည်
ယမန်နေ့ညပိုင်းက နှစ်ဖက်တိုက်ပွဲ စတင်ဖြစ်ပွားခြင်းဖြစ်ကာ ယနေ့နံနက်ပိုင်းတွင် ပိုမိုပြင်းထန်လျက်ရှိကြောင်း သိရသည်။ တိုက်ပွဲအတွင်း ပစ်ခတ်မှုများကြောင့် လူနေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
“နေ့ရော၊ ညရော ပစ်နေတာလေ။ လေယာဥ်နဲ့ရော လက်နက်ကြီးကျတာတွေရော၊ ဘယ်သူမှ မနေရဲတော့ဘူး။ မြို့ထဲမှာ အလွယ်တကူမပြေးနိုင်တဲ့ လူကြီးတချို့နဲ့ ရွေ့ပြောင်းဖို့ ခက်ခဲသူတချို့ပဲ ကျန်ခဲ့တာ။” ဟု ဒေသတွင်းစစ်ရှောင်များကို ကူညီပေးနေသူတစ်ဦးက ဆိုသည်။