အထူးသတင်း
- အီဘိုလာရောဂါသည် ပထမထင်ထားသည်ထက် ပိုမိုမြန်ဆန်စွာ ပျံ့နှံ့နေနိုင်ကြောင်း WHO ဆရာဝန်က သတိပေး
- လော့စ်အိန်ဂျလိစ် ကမ္ဘာ့ဖလား အလုပ်သမားများ ICE အာမခံချက်အတွက် သပိတ်မှောက်မည်ဟု ကတိပြု
- ဆန်ဒီယေဂိုဗလီတွင် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ဆယ်ကျော်သက်သံသယရှိသူနှစ်ဦးအပါအဝင် ငါးဦးသေဆုံး
- ဖားကန့်မြို့တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် သုံးဦးသေဆုံး၊ သုံးဦးဒဏ်ရာရ
- မြိတ်မြို့တွင် စက်သုံးဆီသိုလှောင်ကန်မီးလောင် သုံးဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံရသူလေးဦးသည် ဆူးရစ်ကုန်းကျေးရွာ၊ ကြံ့ခိုင်ရေးပါတီဝင်ဆိုသူ ဦးမောင်တင်၊ ဦးတင်ရွှေ၊ ကိုကျော်မျိုးအောင်၊ ဦးရွှေကျီးတို့ဖြစ်ပြီး ယင်းတို့အား လုံးသည် ဦးရွှေကျီး၏ နေအိမ်ခြံဝန်းအတွင်း၌ ရှိနေချိန် ပစ်ခတ်သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။
“ မနေ့ မနက်က ပစ်သတ်ခံရတာ။ သူက ကြံ့ခိုင်ရေးပါတီ ရပ်/ကျေးစည်းရုံးရေး မှူးပါ။ သူ့အိမ်မှာထိုင်နေတုန်း အမည်မသိသေနတ်သမား ၂ ယောက် သေနတ်နဲ့လာပစ်လို့ နေရာတင် သေသွားတာ။” ဟု ဒေသခံတစ်ဦးကပြောသည်။