အထူးသတင်း
- အီတလီနည်းပြအဖြစ် မန်စီနီ ဒုတိယအကြိမ် တာဝန်ယူမည်
- ဂျပန်နိုင်ငံတွင် ပြင်းအား ၇.၁ ရှိသော ငလျင်လှုပ်ခတ် အများအပြား ဒဏ်ရာရ
- ထိုင်းစာအုပ်ပွဲတော်တွင် တရုတ်နိုင်ငံသားနှင့် ပဋိပက္ခကို စုံစမ်းစစ်ဆေးရန် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက အမိန့်ပေး
- ထရမ့်၏ လွတ်ငြိမ်းခွင့်အပြီး သမ္မတဟောင်း ဟာနန်ဒက်ဇ်သည် ဟွန်ဒူးရပ်စ်သို့ ပြန်လည်ရောက်ရှိ
- ဗြိတိန်ဝန်ကြီးချုပ် ဘာနမ် ပထမဆုံးနိုင်ငံခြားခေါင်းဆောင်အဖြစ် ဇီလန်စကီးကို ကြိုဆိုမည်
“မနက် ၆ နာရီကစပြီး သေနတ်သံတွေကြားရတာ။ ဟိုရက်ပိုင်းထဲက တိုက်ပွဲဖြစ်တော့မယ်ဆိုတဲ့သတင်းတွေကြောင့် ကြောက်လန့်နေကြတော့ တိုက်ပွဲမပြင်းလာခင် အခုထဲက ကြိုပြီးစစ်ရှောင်ကြတာ။ ကျောက်မဲမြို့ထဲလည်း သွားလာသူတောင် မရှိတော့ဘူး။ လူရှင်းပြီး ခြောက်ကပ်နေတယ်။” ဟု ကျောက်မဲမြို့တွင် နေထိုင်သူတစ်ဦးက ယနေ့ခေတ်သို့ ပြောကြားသည်။
ဆယ်ရက်နီးပါးကြာဖြစ်ပွားသည့် မြို့ပေါ်တိုက်ပွဲကြောင့် လူနေအိမ်တစ်ရာထက်မနည်းနှင့် ဘာသာရေးအဆောက်အဦအချို့ ပျက်စီးခဲ့ပြီး၊ မြို့မစျေးမှာ တစ်စျေးလုံးနီးပါး မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။