အထူးသတင်း
- အယုဒ္ဓယမြို့ ကျောင်းထိုင်ဆရာတော်၏ ကျောင်းဆောင်အတွင်းမှ ငွေသားနှင့် ရွှေများကို ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိ
- အယုဒ္ဓယကျောင်းတိုက်ဆရာတော်ကို ငွေကြေးအလွဲသုံးစားမှုနှင့် လိင်ပိုင်းဆိုင်ရာ အရှုပ်တော်ပုံဖြင့် ဖမ်းဆီး
- ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ မန်းမော်သတ္တုတွင်းလုပ်ငန်းများ ပြန်လည်စတင်
- ရေနံစိမ်းစျေးနှုန်းသည် ဇူလိုင်လနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တစ်စည်လျှင် ဒေါ်လာ ၁၀၀ သို့ရောက်ရှိ
- မိုင်းရှူးမြို့တွင် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် မြေပြိုကျမှုဖြစ်ပွားကာ လေးဦးသေဆုံး
တောင်ကိုရီးယား အကျင့်ပျက်လာဘ်စားမှုတိုက်ဖျက်ရေးရုံး (CIO) သည် ရာထူးမှဆိုင်းငံ့ခံထားရသော သမ္မတယွန်ဆက်ယိုလ်ကို ဖမ်းဆီးရန်တောင်းဆိုခဲ့ပြီးနောက် တောင်ကိုရီးယားတရားရုံးက ဖမ်းဝရမ်းထုတ်ပေးခဲ့ရာ ရဲတပ်ဖွဲ့ကဖမ်းဆီးရန်ကြိုးပမ်းခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာ ၁၄ ရက်နေ့ကပြုလုပ်ခဲ့သော သမ္မတယွန်ဆက်ယိုလ်ကို စွပ်စွဲပြစ်တင်မှုတွင် အတိုက်ခံပါတီများအပြင် အာဏာရပါတီမှ လွှတ်တော်ကိုယ်စားလှယ်များလည်း စွပ်စွဲပြစ်တင်သောအစီအစဉ်ကို ထောက်ခံမဲပေးခဲ့ကြောင်း သိရသည်။