အထူးသတင်း
- အယုဒ္ဓယမြို့ ကျောင်းထိုင်ဆရာတော်၏ ကျောင်းဆောင်အတွင်းမှ ငွေသားနှင့် ရွှေများကို ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိ
- အယုဒ္ဓယကျောင်းတိုက်ဆရာတော်ကို ငွေကြေးအလွဲသုံးစားမှုနှင့် လိင်ပိုင်းဆိုင်ရာ အရှုပ်တော်ပုံဖြင့် ဖမ်းဆီး
- ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ မန်းမော်သတ္တုတွင်းလုပ်ငန်းများ ပြန်လည်စတင်
- ရေနံစိမ်းစျေးနှုန်းသည် ဇူလိုင်လနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တစ်စည်လျှင် ဒေါ်လာ ၁၀၀ သို့ရောက်ရှိ
- မိုင်းရှူးမြို့တွင် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် မြေပြိုကျမှုဖြစ်ပွားကာ လေးဦးသေဆုံး
ပြီးခဲ့သည့် ဒီဇင်ဘာ ၁၂ ရက် ညပိုင်းက လွိုင်ကော်မြို့၊ မင်းစုရပ်ကွက်ရှိ ရွှေ လွိုင်ကော် ပရဟိတအသင်း၏ နေအိမ်၊ ရုံးခန်းဖွင့်လှစ်ထားသည့် အဆောက်အဦနှင့် လူနာတင်ယာဉ် ၇ စီးတို့ မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း အသင်းနှင့်နီးစပ်သူများထံမှ သိရသည်။
ယမန်နေ့ နံနက်ပိုင်းက ရွှေကျင်မြို့အခြေစိုက် ရွှေကျင်မောင်မယ် လူမှုကူညီရေးအသင်းမှ အသင်းသားများသည် ပဲခူးမြို့သို့ ရေဘေးကူညီရန် အသင်းပိုင် လူနာတင်ယာဉ်နှစ်စီးဖြင့် သွားရောက်စဉ် ရွှေကျင်-ညောင်လေးပင်လမ်းပေါ် ပုစွန်မြောင်းကျေးရွာအရောက်၌ သေနတ်ဖြင့်ပစ်ခတ်ခံရခြင်းဟု သိရသည်။