အထူးသတင်း
- အယုဒ္ဓယမြို့ ကျောင်းထိုင်ဆရာတော်၏ ကျောင်းဆောင်အတွင်းမှ ငွေသားနှင့် ရွှေများကို ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိ
- အယုဒ္ဓယကျောင်းတိုက်ဆရာတော်ကို ငွေကြေးအလွဲသုံးစားမှုနှင့် လိင်ပိုင်းဆိုင်ရာ အရှုပ်တော်ပုံဖြင့် ဖမ်းဆီး
- ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ မန်းမော်သတ္တုတွင်းလုပ်ငန်းများ ပြန်လည်စတင်
- ရေနံစိမ်းစျေးနှုန်းသည် ဇူလိုင်လနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တစ်စည်လျှင် ဒေါ်လာ ၁၀၀ သို့ရောက်ရှိ
- မိုင်းရှူးမြို့တွင် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် မြေပြိုကျမှုဖြစ်ပွားကာ လေးဦးသေဆုံး
“တရုတ်ကိုက မတင်ပို့နိုင်တော့ဘူး။ ကုန်ကျစရိတ်အရမ်းများလို့။ ပြည်တွင်းဈေးကွက်ကိုပဲ ရောင်းနေရတယ်။ အခုရောင်းနေတဲ့အသီးတွေက မိုးတွင်းတုန်းကစိုက်ထားတဲ့အသီးတွေပေါ့။ ဒီနှစ်မှာလုံးဝရှုံးတယ်။ရေကြီးတုန်းကလည်း စိုက်ခင်းတွေပျက်ကုန်တာ။ အသီးထွက်ပြန်တော့လည်း ဈေးကွက်ကမရှိတော့ဘူး။”
သစ်သီးအများစုက တရုတ်ကိုပို့တာများတယ်။ မူဆယ်ဘက်လမ်းကြောင်းကလည်း မပွင့်တော့ မိုင်းလားဘက်ကနေ ပို့ရတယ်။ မိုင်းလားကနေသွားတော့လည်း သယ်ယူပို့ဆောင် ရေးစရိတ်ကြောင့် မတင်ပို့နိုင်ဘူး။ အဲဒီလိုပဲ တရုတ်ကနေသွင်းတဲ့ အသီးတွေဆိုရင်လည်း လမ်းကြောင်းကပတ်သွင်းနေရတော့ ဒီရောက်ရင် ဈေးကြီးကုန်တာ။