အထူးသတင်း
- ထရမ့်၏ လွတ်ငြိမ်းခွင့်အပြီး သမ္မတဟောင်း ဟာနန်ဒက်ဇ်သည် ဟွန်ဒူးရပ်စ်သို့ ပြန်လည်ရောက်ရှိ
- ဗြိတိန်ဝန်ကြီးချုပ် ဘာနမ် ပထမဆုံးနိုင်ငံခြားခေါင်းဆောင်အဖြစ် ဇီလန်စကီးကို ကြိုဆိုမည်
- တိုင်ဖွန်းနိုလ် တရုတ်နိုင်ငံတောင်ပိုင်းသို့ ဝင်ရောက်တိုက်ခတ်၊ လူ ၇၀၀,၀၀၀ ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရ
- ဟူသီသူပုန်များက ဆော်ဒီကိုပစ်မှတ်ထားတိုက်ခိုက်ခဲ့ရာ အရှေ့အလယ်ပိုင်း စစ်မျက်နှာသစ်ဖြစ်လာ
- တရုတ်လူမျိုးများအတွက် မူးယစ်ဆေးဝါး၊ လိင်နှင့် လောင်းကစားလုပ်ငန်းများ ဝန်ဆောင်မှုပေးသည့် ဟိုတယ်ကို ထိုင်းရဲတပ်ဖွဲ့ ဝင်ရောက်စီးနင်း
မြန်မာနိုင်ငံရှိ အမေရိကန်သံတမန်တစ်ဦးသေဆုံးမှုနှင့်ပတ်သက်၍ ဖမ်းဆီးခံရသည်ဟု ရဲတပ်ဖွဲ့ကပြောကြားခဲ့သည့် ထိုင်းအမျိုးသမီးတစ်ဦးကို ကြာသပတေးနေ့တွင် တရားရုံးက ချုပ်ရက်ရမန်ယူထားကြောင်း ဥပဒေအရာရှိတစ်ဦးက AFP သို့ ပြောကြားသည်။
အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် ကမ္ဘာ့နိုင်ငံများသည် လောင်စာဆီအကျပ်အတည်းကို ရင်ဆိုင်နေရချိန်တွင် မြန်မာနိုင်ငံသည်လည်း ကင်းလွတ်ခွင့်မရှိဘဲ အဆိုပါအကျပ်အတည်းကို ခါးစည်းခံကြရသည်။ နိုင်ငံအသီးသီးက မိမိတို့နှင့်ကိုက်ညီမည့် မူဝါဒများချမှတ်ပြီး အကျပ်အတည်းမှရုန်းထွက်နိုင်ရန် ကျိုးစားလျှက်ရှိသည်။ မြန်မာနိုင်ငံသည်လည်း ကိုယ်ပိုင်မူဝါဒများချမှတ် အကောင်အထည်ဖော်နေဆဲမှာပင် ပြည်သူတို့၏နေ့စဉ်ဘဝမှာ ခက်သည်ထက် ခက်ခဲလာသည်။