အထူးသတင်း
- အယုဒ္ဓယမြို့ ကျောင်းထိုင်ဆရာတော်၏ ကျောင်းဆောင်အတွင်းမှ ငွေသားနှင့် ရွှေများကို ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိ
- အယုဒ္ဓယကျောင်းတိုက်ဆရာတော်ကို ငွေကြေးအလွဲသုံးစားမှုနှင့် လိင်ပိုင်းဆိုင်ရာ အရှုပ်တော်ပုံဖြင့် ဖမ်းဆီး
- ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ မန်းမော်သတ္တုတွင်းလုပ်ငန်းများ ပြန်လည်စတင်
- ရေနံစိမ်းစျေးနှုန်းသည် ဇူလိုင်လနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တစ်စည်လျှင် ဒေါ်လာ ၁၀၀ သို့ရောက်ရှိ
- မိုင်းရှူးမြို့တွင် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် မြေပြိုကျမှုဖြစ်ပွားကာ လေးဦးသေဆုံး
“ဩဂုတ်လ အစပိုင်းရက်က ၃၅ သိန်းကနေ နေ့တိုင်းကိုစျေးတက်နေတာ။ မနေ့ကဆို ၃၉ သိန်းကျော်၊ သိန်း ၄၀ လောက်အထိရောက်လာပြီး ဒီနေ့လည်တော့ ၃၇ သိန်းကျော် ၃၈ သိန်းဝန်းကျင်နဲ့ အရောင်းအဝယ်လုပ်နေကြတယ်။ ကျပ်တစ်သိန်းကျော်လောက် စျေးကျတယ်“ ဟု ရွှေကုန်သည်တစ်ဦးက ပြောသည်။
ပြင်ပရွှေစျေးကွက်၌ ဩဂုတ် ၁၂ ရက်၊ ညနေက အခေါက်ရွှေတစ်ကျပ်သား လျှင် ၃၆ သိန်း ၉ သောင်းကျပ်ဝန်းကျင်ဖြင့် ယခုနှစ်အတွင်း အမြင့်ဆုံးစျေးနှုန်းသို့ ရောက်ရှိခဲ့ပြီးနောက် ယနေ့ရွှေစျေးကွက်ဖွင့်ချိန်တွင် အဆိုပါစျေးထက်ကျော်လွန်ကာ ၃၇ သိန်းအထက်သို့ ရောက်ရှိလာခြင်းဟု ရန်ကုန်မြို့၌ ရွှေဆိုင်ဖွင့်လှစ်ထားသူတစ်ဦးက ပြောသည်။