အထူးသတင်း
- အယုဒ္ဓယမြို့ ကျောင်းထိုင်ဆရာတော်၏ ကျောင်းဆောင်အတွင်းမှ ငွေသားနှင့် ရွှေများကို ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိ
- အယုဒ္ဓယကျောင်းတိုက်ဆရာတော်ကို ငွေကြေးအလွဲသုံးစားမှုနှင့် လိင်ပိုင်းဆိုင်ရာ အရှုပ်တော်ပုံဖြင့် ဖမ်းဆီး
- ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ မန်းမော်သတ္တုတွင်းလုပ်ငန်းများ ပြန်လည်စတင်
- ရေနံစိမ်းစျေးနှုန်းသည် ဇူလိုင်လနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တစ်စည်လျှင် ဒေါ်လာ ၁၀၀ သို့ရောက်ရှိ
- မိုင်းရှူးမြို့တွင် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် မြေပြိုကျမှုဖြစ်ပွားကာ လေးဦးသေဆုံး
“လေတိုက်ချက်ကတော့ တော်တော်ပြင်းတယ်။ လေရောမိုးရော။ မိုးလည်းအရမ်းသည်းတယ်။ တချို့နေရာတွေမှာဆို သစ်ပင်တွေလဲကျတာနဲ့ အိမ်တွေဆို အမိုးတွေလန်တာ။ အိမ်ရှေ့အဆောင်ပြိုကျတာတွေလည်းရှိတယ်။ မုန်တိုင်းမိုးလိုတော့ မဟုတ်လောက်ဘူး။ နေရာတော်တော်များများတိုက်သွားတာ။ ဆိုင်းတောင်ဘက်တော့ ရေကြီးတယ်။” ဟု မြို့ခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
“အစ်မတို့ဘက်မှာ နိုဝင်ဘာပထမအပတ် ညနေဘက်က ရုတ်တရက်လေပြင်းတိုက်ခတ်လို့ နေအိမ် ၅ လုံးအထိ ပြို ကျပျက်စီးခဲ့တာ။ အခုအထိ အိမ်ပြန်မဆောက်နိုင်သေးပါဘူး။ ယာယီတဲထိုးနေထိုင်ရပါတယ်။” ဟု မအူပင်မြို့နယ်မှ နေအိမ်ပျက်စီးသွားသည့် ဒေသခံတစ်ဦးက ပြောသည်။