အထူးသတင်း
- အီတလီနည်းပြအဖြစ် မန်စီနီ ဒုတိယအကြိမ် တာဝန်ယူမည်
- ဂျပန်နိုင်ငံတွင် ပြင်းအား ၇.၁ ရှိသော ငလျင်လှုပ်ခတ် အများအပြား ဒဏ်ရာရ
- ထိုင်းစာအုပ်ပွဲတော်တွင် တရုတ်နိုင်ငံသားနှင့် ပဋိပက္ခကို စုံစမ်းစစ်ဆေးရန် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက အမိန့်ပေး
- ထရမ့်၏ လွတ်ငြိမ်းခွင့်အပြီး သမ္မတဟောင်း ဟာနန်ဒက်ဇ်သည် ဟွန်ဒူးရပ်စ်သို့ ပြန်လည်ရောက်ရှိ
- ဗြိတိန်ဝန်ကြီးချုပ် ဘာနမ် ပထမဆုံးနိုင်ငံခြားခေါင်းဆောင်အဖြစ် ဇီလန်စကီးကို ကြိုဆိုမည်
ဓာတ်အားစနစ်မှ ဓာတ်အားချိတ်ဆက်ပို့လွှတ်နိုင်ခြင်း မရှိစဉ်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ Gas Turbine များမှ ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးနိုင်ရန် ကြိုးပမ်းစီမံဆောင်ရွက်လျှက်ရှိရာ ယနေ့မှစ၍ နံနက်(၀၅:၀၀) အချိန်မှစ၍ ၂၄ နာရီ တစ်ရက်အတွင်းအုပ်စု(၆)ခုဖြင့် ၄ နာရီနှုန်းခန့်သာမီးပေးမည်ဖြစ်ကြောင်း သိရသည်။
“တချို့သက်တမ်းလွန်ဓာတ်တိုင်တွေ ကျိုးကျသွားတာလည်းပါတယ်။ ပြီးတော့ နွေရာသီရောက်လာပြီလေ။ ရာသီဥတုကလည်း ပူလာပြီ။ ရေအားလျှပ်စစ်ကလည်း သိပ်အလုပ်မ လုပ်တော့ဘူး။ ပြီးတော့ ပျက်ဆီးသွားတဲ့ တာဝါတိုင်တွေက ပြင်လို့မပြီးသေးဘူး။ အဲဒါကြောင့် ပုံမှန်အတိုင်းပြန်ဖြစ်သွားတာ။ ရရင်ရသလို လျှပ်စစ်ကိုဖြန့်ဖြူပေးသွားပါမယ်။”