အထူးသတင်း
- အီတလီနည်းပြအဖြစ် မန်စီနီ ဒုတိယအကြိမ် တာဝန်ယူမည်
- ဂျပန်နိုင်ငံတွင် ပြင်းအား ၇.၁ ရှိသော ငလျင်လှုပ်ခတ် အများအပြား ဒဏ်ရာရ
- ထိုင်းစာအုပ်ပွဲတော်တွင် တရုတ်နိုင်ငံသားနှင့် ပဋိပက္ခကို စုံစမ်းစစ်ဆေးရန် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက အမိန့်ပေး
- ထရမ့်၏ လွတ်ငြိမ်းခွင့်အပြီး သမ္မတဟောင်း ဟာနန်ဒက်ဇ်သည် ဟွန်ဒူးရပ်စ်သို့ ပြန်လည်ရောက်ရှိ
- ဗြိတိန်ဝန်ကြီးချုပ် ဘာနမ် ပထမဆုံးနိုင်ငံခြားခေါင်းဆောင်အဖြစ် ဇီလန်စကီးကို ကြိုဆိုမည်
ကွတ်ခိုင်၊ သီပေါနှင့် သိန္ဒီတို့၌ တိုက်ပွဲပြင်းထန်နေ၍ ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရ
ကွတ်ခိုင်၊ သီပေါနှင့် သိန္ဒီမြို့နယ်တို့၌ နှစ်လကျော်ကာလအတွင်း နစကတပ်များနှင့် မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲများအကြိမ်ကြိမ်ဖြစ်ပွားနေ၍ ထိုဒေသများရှိ ဒေသခံစုစုပေါင်း နှစ်သောင်းထက်မနည်းမှာ စစ်ဘေးရှောင်စခန်းများတွင် နေထိုင်နေရကြောင်း သိရသည်။
ယမန်နေ့ ည ၁၀ နာရီဝန်းကျင်က သိန္ဒီမြို့နှင့် အနီးတဝိုက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ရပ်ကွက်(၁)အတွင်းသို့ ကျရောက်ခဲ့ပြီး လူနေအိမ်အချို့သို့ ထိမှန်ကာ မီးလောင်ခဲ့ကြောင်း သိရသည်။