အထူးသတင်း
- အယုဒ္ဓယမြို့ ကျောင်းထိုင်ဆရာတော်၏ ကျောင်းဆောင်အတွင်းမှ ငွေသားနှင့် ရွှေများကို ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိ
- အယုဒ္ဓယကျောင်းတိုက်ဆရာတော်ကို ငွေကြေးအလွဲသုံးစားမှုနှင့် လိင်ပိုင်းဆိုင်ရာ အရှုပ်တော်ပုံဖြင့် ဖမ်းဆီး
- ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ မန်းမော်သတ္တုတွင်းလုပ်ငန်းများ ပြန်လည်စတင်
- ရေနံစိမ်းစျေးနှုန်းသည် ဇူလိုင်လနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တစ်စည်လျှင် ဒေါ်လာ ၁၀၀ သို့ရောက်ရှိ
- မိုင်းရှူးမြို့တွင် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် မြေပြိုကျမှုဖြစ်ပွားကာ လေးဦးသေဆုံး
“ရွာသာယာရွာအနီးကို ရောက်လာတဲ့စစ်ကြောင်းကို PDF ပူးပေါင်းအဖွဲ့က တိုက်ရင်းနဲ့ တိုက်ပွဲအပြင်းအထန်ဖြစ်တာ။ လေကြောင်းကနေလည်း လာပစ်သေးတယ်။ အဲ့ဒီစစ်ကြောင်း သွားနေတဲ့ လမ်းကြောင်းပေါ်က ကျေးရွာတွေက စစ်ရှောင်နေရတာ။” ဟု ဒေသတွင်းစစ်ရှောင်ကူညီသူတစ်ဦးက ပြောကြားသည်။
တိုက်ပွဲအတွင်း အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီးနောက် ယမန်နေ့ နံနက်အစောပိုင်းက ဆိုင်းတောင်ကျေးရွာလမ်းပေါ်၌ ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုး သားလေးဦးကိုတွေ့ရကြောင်း ဖားကန့်မြို့၌နေထိုင်သူတစ်ဦးက ပြောကြားသည်။