» သတင်း

လန်ဒန်မြို့ ဂျူးလူမျိုးများရပ်ကွက်တွင် လူနှစ်ဦးဓားထိုးခံရ အမျိုးသားတစ်ဦးကို ဖမ်းဆီး

လန်ဒန်မြို့တော်တွင် ဂျူးဆန့်ကျင်ရေးတိုက်ခိုက်မှုများ မကြာသေးမီက ဖြစ်ပွားခဲ့ပြီး မြောက်လန်ဒန်ရှိ ဂျူးလူမျိုးများပြားသော ဧရိယာတစ်ခုတွင် ဧပြီ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့က လူနှစ်ဦးဓားထိုးခံရပြီးနောက် ဗြိတိန်ရဲတပ်ဖွဲ့က အမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း လူမှုအဖွဲ့အစည်းတစ်ခုက ပြောကြားသည်။

ချားလ်စ်ဘုရင်၏ အမေရိကန်ကွန်ဂရက်သို့ ပြောကြားခဲ့သော သမိုင်းဝင်မိန့်ခွန်းမှ ကောက်နှုတ်ချက်ငါးချက်

လက်ရှိ အမေရိကန်-ယူကေ ဆက်ဆံရေးအခြေအနေသည် တင်းမာနေပြီး အီရန်နှင့် အမေရိကန်-အစ္စရေး ပူးတွဲစစ်ပွဲကို အပြည့်အဝထောက်ခံရန် ဗြိတိန်၏တွန့်ဆုတ်မှုကို ထင်ဟပ်စေသည်။ ထို့ကြောင့် ဘုရင်၏ရည်မှန်းချက်မှာ အင်္ဂါနေ့မွန်းလွဲပိုင်းတွင် ကွန်ဂရက်သို့ ပြောကြားခဲ့သော ပူးတွဲမိန့်ခွန်းဖြင့် ထိုတင်းမာမှုများကို တော်ဝင်ဆွဲဆောင်မှုဖြင့် လျှော့ချရန်ဖြစ်သည်။

အမေရိကန်ပြည်ထောင်စု၏ ၂၅၀ နှစ်မြောက်အထိမ်းအမှတ် ထရမ့်၏ပုံပါသော နိုင်ငံကူးလက်မှတ်များ ထုတ်မည်

အမေရိကန်ပြည်ထောင်စု၏ ၂၅၀ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် သမ္မတ ဒေါ်နယ်ထရမ့်၏ပုံပါရှိသော နိုင်ငံကူးလက်မှတ်များကို အကန့်အသတ်ဖြင့်ထုတ်ဝေရန် ပြင်ဆင်နေကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက အင်္ဂါနေ့တွင် ပြောကြားသည်။ သက်သမ္မတ၏ရုပ်ပုံ ပထမဆုံးပါဝင်လာမည့် နိုင်ငံကူးလက်မှတ်ဖြစ်သည်။

UAE က OPEC မှ ထွက်ခွာမည်ဟု ပြောကြားပြီးနောက် အာရှစတော့ရှယ်ယာများ မြင့်တက်လာပြီး ရေနံဈေးနှုန်းများ ကျဆင်း

ယူအေအီး၏ OPEC မှ သောကြာနေ့တွင် ထွက်ခွာမည့်အစီအစဉ်ကို ရေနံဈေးကွက်များက အနီးကပ်စောင့်ကြည့်နေကြသည်။ OPEC သည် ကမ္ဘာလုံးဆိုင်ရာ ရေနံထွက်ရှိမှု၏ ၄၀% ခန့်ရှိပြီး UAE သည် OPEC ၏ အကြီးဆုံးရေနံထုတ်လုပ်သူများထဲမှ တစ်ခုဖြစ်သည်။ မကြာသေးမီနှစ်များအတွင်း…

အမေရိကန်နှင့် မဟာမိတ်နိုင်ငံများက ပနားမား၏ အချုပ်အခြာအာဏာကို ထောက်ခံကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန်

"ကျွန်ုပ်တို့သည် တရုတ်၏ ပစ်မှတ်ထားသော စီးပွားရေးဖိအားနှင့် ပနားမားအလံလွှင့်ထူထားသော သင်္ဘောများကို ထိခိုက်စေသည့် မကြာသေးမီက လုပ်ဆောင်ချက်များကို သတိ ကြီးစွာ စောင့်ကြည့်နေပါသည်" ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ဘိုကလေးမြို့တွင် လူငယ်တစ်ဦး မိကျောင်းကိုက်ခံရပြီး သေဆုံး

ဧပြီလ ၂၇ ရက်၊ ည ၇ နာရီကျော်က ဘိုကလေးမြို့၊ မိန်းမလှကျွန်းရှိ အမဲချောင်းအတွင်းတွင် ဂဏန်းပိုက်ချနေသည့် လူငယ်တစ်ဦး မိကျောင်းကိုက်ခံရသည့် ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။

အင်ဒိုနီးရှားရထားတိုက်မှု သေဆုံးသူ ၁၄ ဦးအထိ မြင့်တက်လာ

အင်ဒိုနီးရှားမြို့တော် ဂျကာတာအနီးတွင် ယမန်နေ့ညက ရထားတိုက်မှုမှ သေဆုံးသူဦးရေသည် ၁၄ ဦးအထိ မြင့်တက်လာပြီး နောက်ထပ် ၈၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မီးရထားလုပ် ငန်းက အင်္ဂါနေ့တွင် ပြောကြားသည်။ ကယ်ဆယ်ရေးသမားများသည် အပျက်အစီးများထဲတွင် ပိတ်မိနေဆဲဖြစ်သော အသက်ရှင်ကျန်ရစ်သူများကို…

ယခုနှစ်တွင် ပြင်းထန်သော အယ်လ်နီညိုရာသီဥတုဖြစ်ပွားနိုင်ဟု ကမ္ဘာ့မိုးလေဝသအဖွဲ့ သတိပေး

မေလမှ ဇူလိုင်လအထိ WMO ၏ ခန့်မှန်းချက်တွင် ကမ္ဘာ့ရာသီဥတု အပြောင်းအလဲများစွာ ဖြစ်ပေါ်နိုင်သည့် ကာလတစ်ခုရှိနေပြီး စံချိန်တင်အပူချိန်မြင့်မားမှုကြောင့် ကမ္ဘာ့ဒေသတိုင်းနီးပါးတွင် မျက်နှာပြင်အပူချိန်များ ပုံမှန်ထက်မြင့်တက်လာနိုင်သောကြောင့် ၂၀၂၆ ခုနှစ်သည် သမိုင်းတွင်မှတ်တမ်းတင်ထားသော အပူဆုံးနှစ်များထဲမှ တစ်ခုဖြစ်လာနိုင်သည်။

သံဖြူဇရပ်မြို့တွင် နေအိမ်ကိုးလုံး မီးလောင်ကျွမ်း

“ကရုပ္ပိကျေးရွာမှာ မီးဖိုမီးကြွင်းမီးကျန်ကနေလောင်တာပါ။ လူထိခိုက်မှုတော့မရှိပါဘူး။ နေအိမ်ကတော့ ကိုးလုံးပါ။ ပျဉ်ထောင်အိမ်ပါတယ် ကျန်တာတွေက မြေစိုက်ထရံကာအိမ်တွေပါ။ မီးဘေးသင့်တဲ့သူတွေကိုတော့ ကရုပ္ပိကျေးရွာက ဓမ္မင်းဆိပ် ရှင်ဥပဂုတ္တဓမ္မာရုံမှာပဲ လတ်တလောထားထားပါတယ်။” ဟု နယ်မြေခံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

နမ္မတီးနှင့် မိုးကောင်းတွင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် လေပြင်းများတိုက်ခတ်ခဲ့ပြီနောက် အကူအညီများ အရေးပေါ်လိုအပ်နေ

“နမ္မတီးမှာ တစ်မြို့လုံးနီးပါးပျက်စီးတယ်လို့ပြောရမယ်။ လေကအဲ့လောက်အထိ မတိုက်ဖူးဘူး။ အဲ့နေ့ကတော့ အတော်ကြမ်းတယ်။ နေအိမ်တစ်လုံးဆို အိမ်အလုံးလိုက်ကျွတ်ထွက်သွားတာ။ အဲ့အိမ်ကြီးက သူများအိမ်ပေါ်သွားကျတာ။ တစ်ချို့ဆို စပါးခင်းတွေတော်တော်ပျက်စီးသွားတယ်။ လယ်ယာတွေနဲ့ စိုက်ခင်းတွေပျက်စီးတာရှိတယ်။ သူတို့လည်း ပြန်ထူ ထောင်ဖို့ဆိုတာ မလွယ်ဘူး။” ဟု မြို့ခံတစ်ဦးက…