» သတင်း

မေလ ၁၃ ရက်မှ ၁၅ ရက်အတွင်း မြန်မာနိုင်ငံတောင်ပိုင်းနှင့် တနင်္သာရီတိုင်းတွင် မုတ်သုံဝင်ရောက်မည် ဟုဆို

“မိုးဦးကာလ အန္တရာယ်များအနေဖြင့် မုတ်သုံလေစတင်ဝင်ရောက်ခါစတွင် ကုန်းတွင်းပိုင်းရှိ အပူရှိန်နှင့် ပင်လယ်မှတက်လာသော စိုထိုင်းဆများကြောင့် မိုးတိမ်တောင်များ အားကောင်းစွာ ဖြစ်ထွန်းနိုင်ပါတယ်။ မေလ ၁၀ ရက်မှ ၁၅ ရက်အတွင်း ဒေသအနှံ့အပြားတွင် မိုးကြိုးပစ်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးသည်းထန်စွာရွာခြင်းများကို အထူးဂရုပြုရန်လိုအပ်ပါတယ်။”…

UAE တိုက်ခိုက်ခံနေရချိန်တွင် ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ရန် အမေရိကန်က ရုန်းကန်နေရ

ဟော်မုဇ်ရေလက်ကြားကို တနင်္လာနေ့တွင် ပြန်လည်ဖွင့်လှစ်ရန် လုပ်ဆောင်နေစဉ် အမေရိကန်စစ်တပ်က အရပ်သားသင်္ဘောများကို ပစ်မှတ်ထားသည့် အီရန်လှေငယ်ခြောက်စင်းကို နှစ်မြှုပ်ခဲ့ကြောင်း အမေရိကန်စစ်တပ်က ပြောကြားသည်။ ဧပြီလအစောပိုင်းတွင် အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်ပြီးနောက်ပိုင်း အမေရိကန်၏ အဓိက မဟာမိတ်ဖြစ်သော အာရပ်စော်ဘွားများပြည်ထောင်စုသည် (UAE) ပထမဆုံးအကြိမ်အဖြစ်…

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုသည် ရောမတွင် ပုပ်ရဟန်းမင်းကြီး လီယိုနှင့် တွေ့ဆုံမည်

ပုပ်ရဟန်းမင်းကြီးနှင့် သမ္မတ ဒေါ်နယ်ထရမ့်တို့၏ ပဋိပက္ခအပြီးတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုသည် ယခုအပတ်တွင် ရောမသို့ခရီးထွက်ကာ ပုပ်ရဟန်းမင်း ကြီး လီယိုနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ဗာတီကန်သတင်းရင်းမြစ်တစ်ခုက တနင်္ဂနွေနေ့တွင် ပြောကြားသည်။

ဟော်မုဇ်ရေလက်ကြားတွင် ပိတ်ဆို့ခံသင်္ဘောများကို အမေရိကန်က လိုက်ပါပို့ဆောင်မည်ဟု ထရမ့်က ကြေညာပြီးနောက် အဆိုပါတပ်ဖွဲ့များကို တိုက်ခိုက်မည်ဟု အီရန် သတိပေး

သမ္မတဒေါ်နယ်ထရမ့်က ပိတ်ဆို့ခံသင်္ဘောများကို အမေရိကန်သင်္ဘောများက ရေလမ်းကြောင်းမှတစ်ဆင့် လိုက်ပါပို့ဆောင်ပေးမည်ဟု ပြောကြားပြီးနောက် အမေရိကန်တပ်ဖွဲ့များ ဟော်မုဇ်ရေလက်ကြားသို့ ဝင်ရောက်ပါက တိုက်ခိုက်ခံရမည်ဟု အီရန်စစ်တပ်က တနင်္လာနေ့တွင် သတိပေးခဲ့သည်။

မြောက်ကိုရီးယား အမျိုးသမီးဘောလုံးအသင်း တောင်ကိုရီးယားသို့ သွားရောက်ကစားမည်

မြောက်ကိုရီးယားဘောလုံးအသင်း Naegohyang အမျိုးသမီး FC အသင်းသည် မေလ ၂၀ ရက်နေ့တွင် တောင်ကိုရီးယား Suwon FC အမျိုးသမီးအသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာနက တနင်္လာနေ့တွင် ပြောကြားခဲ့ပြီး ၎င်းသည် မြောက်ကိုရီးယားအားကစားသမားများ၏…

တောင်ငူသို့ ရောက်ရှိလာသည့် ကရင်ပြည်နယ်မှ စစ်ဘေးရှောင် ၁၀၀၀ ကျော် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေ

“သူတို့စစ်ရှောင်လာတာတော့ ၄၊ ၅ ရက်တော့ရှိပြီ။ တိုက်ပွဲဖြစ်တာတော့ သူရဲ့အနီးဝန်းကျင်ကရွာတွေလို့တော့ပြောတယ်။ သေချာတော့မသိဘူး။ စစ်ရှောင်လာတဲ့လူဦးရေက ၁၀၀၀ တော့ကျော်တယ်။ အဓိကလိုနေတာ စားသောက်ရေးတွေပေါ့နော်။ လူကလည်းများတယ်။” ဟု စစ်ဘေးရှောင်များကို ကူညီနေသူတစ်ဦးက ယနေ့ခတ်သို့ ပြောသည်။

မုန်းမြို့တွင် မိန်းကလေးတစ်ဦး မြေမြှုပ်မိုင်းနင်းမိကာ ခြေထောက်တစ်ဖက်ပြတ်တောက်ခဲ့

“ဥယဉ်ခြံထဲမှာ ဟင်းသီးဟင်းရွက်သွားခူးတာ။ သွားရင်းနဲ့ မြေမြှုပ်မိုင်းနင်းမိတာ။ ညာခြေထောက်တစ်ဖက် ပြတ်သွားတယ်။ မျက်လုံးလည်းထိသွားတယ်။ လက်လည်းထိသွားတယ်။ အသက်ကတော့ ၁၃ နှစ်ရှိပြီ။ ကလေးက Grade 8 ဖြေထားတာ။ အခုကျောင်းဖွင့်ရင် Grade 9 တက်ရမှာ။ ကလေးကသွားနေကျ…

ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတွင် ယနေ့ နေ့လယ်ပိုင်း မိုးရွာမည်

မေလ ၃ ရက်၊ နေ့လည် ၂ နာရီ ၂၅ မိနစ်ခန့်တွင် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းတောင်ပိုင်းတို့တွင် မိုးအနည်းငယ်မှ မိုးအသင့်အတင့်ရွာနိုင်သည်ဟု မိုးလေဝသပညာရှင် ဦးဝင်နိုင်က လူမှုကွန်ရက်တွင် ရေးသားထားသည်။

ဥတ္တရသီရိမြို့နယ်တွင် ဝါးလုံးကားတိမ်းမှောက် ၁၆ ဦး သေဆုံး၊ ၁၉ ဦး ဒဏ်ရာရ

မတ်လ ၂ ရက်၊ နံနက် ၉ နာရီကျော်က ဥတ္တရသီရိမြို့နယ်၊ မိုးစွေ-လွင်သာယာကျေးရွာကြားရှိ ကျေးရွာချင်းဆက်လမ်းပေါ်တွင် ဝါးလုံးများခုတ်၍ သယ်ဆောင်လာသည့် ခြောက်ဘီးကားတစ်စီး မြေသားပျော့နေသည့်နေရာတွင် အရှိန်မထိန်းပဲ တိမ်းမှောက်ခဲ့ခြင်းကြောင့် အမျိုးသားကိုးဦးနှင့် အမျိုးသမီးခုနှစ်ဦး သေဆုံးခဲ့ပြီး၊ ၁၉ ဦး…

ဖားကန့်-နန့်ယာကားလမ်း ပိတ်ထားခြင်းကြောင့် ကုန်စျေးနှုန်းများမြင့်တက်လာ ဟုဆို

ဧပြီ ၂၂ ရက်နေ့မှစ၍ ဖားကန့်-နန့်ယာ ကားလမ်းမကြီးကို KIA နှင့် PDF တပ်ဖွဲ့တို့က ကားကြီ၊ ကားသေးများ ဖြတ်သန်းသွားလာခွင့် ယာယီပိတ်ထားပြီးနောက် မြို့အတွင်းတွင် ကုန်စျေးနှုန်းများ အဆမတန်မြင့်တက်လာကြောင်း သိရသည်။