» သတင်း

ဟုမ္မလင်းမြို့တွင် စက်သုံးဆီသိုလှောင်ထားသည့် သင်္ဘောသုံးစီး မီးလောင်ကျွမ်း

“မီးလောင်တာကတော့ သေချာမသိရသေးပါဘူး။ ဆီပေပါကနေ ဆီလှယ်နေတုန်းလို့တော့ထင်တာပဲ။ ပထမ စလောင်တာတော့ သင်္ဘောတစ်စီးပဲ ပြီးမှကျန်တဲ့နှစ်စီးကို ကူးတာ။ သင်္ဘောပိုင်ရှင်ကိုလည်း မတွေရသေးဘူး။ မီးဘယ်ကစလောင်တာနဲ့ ဆီပေပါဘယ်လောက်ပါတယ်ဆိုတာကို သေချာမသိရသေးပါဘူး။ ကြေးနန်းလည်းရိုက်မရသေးဘူး။ ဒဏ်ရာရတဲ့သူအချို့လည်းရှိပါတယ်။ သေချာမသိရသေးလို့ပါ။ မီးကတော့ငြိမ်းပြီးပါပြီ။ ဆုံးရှုံးမှုတွေလည်း သေချာပြောလို့မရသေးပါဘူး။”

ဖားကန့်မြို့တွင် မိုးသည်းထန်စွာရွာသွန်းကာ လေပြင်းများတိုက်ခိုက်ခြင်းကြောင့် နေအိမ်အချို့ပျက်စီး

“လေတိုက်ချက်ကတော့ တော်တော်ပြင်းတယ်။ လေရောမိုးရော။ မိုးလည်းအရမ်းသည်းတယ်။ တချို့နေရာတွေမှာဆို သစ်ပင်တွေလဲကျတာနဲ့ အိမ်တွေဆို အမိုးတွေလန်တာ။ အိမ်ရှေ့အဆောင်ပြိုကျတာတွေလည်းရှိတယ်။ မုန်တိုင်းမိုးလိုတော့ မဟုတ်လောက်ဘူး။ နေရာတော်တော်များများတိုက်သွားတာ။ ဆိုင်းတောင်ဘက်တော့ ရေကြီးတယ်။” ဟု မြို့ခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ဟူသီများ စစ်ပွဲတွင်ပါဝင်လာပြီး ပင်လယ်ကွေ့ရှိ အလူမီနီယမ်စက်ရုံကို တိုက်ခိုက်ခဲ့ဟု အီရန် ပြောကြား

အီရန်ဘက်မှ ဘာရိန်းနှင့် အာရပ်စော်ဘွားများပြည်ထောင်စုရှိ ကမ္ဘာ့အကြီးဆုံး အလူမီနီယမ်ထုတ်လုပ်သူနှစ်ဦးပိုင် စက်ရုံများကို ဒုံးကျည်များ၊ ဒရုန်းများဖြင့် ပစ်ခတ်ခဲ့ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ်များက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့ပြီး အမေရိကန်စစ်တပ်နှင့် ဆက်စပ်နေသော စက်မှုလုပ်ငန်းများဟု ၎င်းတို့ကမှတ်သားထားသည့် စက်ရုံများကို ပစ်မှတ်ထားခဲ့သည်။

ပြည်နယ်နှင့် တိုင်းအချို့တွင် မုတ်သုံအကြိုမိုး အနည်းငယ်ရွာနိုင် ဟုဆို

တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)တို့တွင် မိုးတိမ်တောင်များဖြစ်ထွန်းလျက်ပြီး အဆိုပါမိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ယနေ့…

အမေရိကန်တစ်ဝှမ်းတွင် ဒေါ်နယ်ထရမ့်ကိုဆန့်ကျင်သည့် No Kings ဆန္ဒပြပွဲများ ပြုလုပ်

"ထရမ့်က ကျွန်တော်တို့ကို အာဏာရှင်တစ်ယောက်အနေနဲ့ အုပ်ချုပ်ချင်တယ်။ ဒါပေမယ့် ဒါက အမေရိကပဲ၊ အာဏာဟာ ပြည်သူတွေရဲ့ပိုင်ဆိုင်မှုပါ။ ဘုရင်ဖြစ်ချင်သူတွေ ဒါမှမဟုတ် သူတို့ရဲ့ ဘီလီယံနာအပေါင်းအပါတွေအတွက် မဟုတ်ပါဘူး" ဟု စီစဉ်သူများက ပြောကြားသည်။

ယီမင်နိုင်ငံရှိ အီရန်ကျောထောက်နောက်ခံပြု ဟူသီသူပုန်များသည် ပထမဆုံးအကြိမ်အဖြစ် အစ္စရေးနိုင်ငံသို့ ဒုံးကျည်ဖြင့်ပစ်ခတ်

ယီမင်နိုင်ငံမှ ဒုံးကျည်တစ်စင်းကို ကြားဖြတ်ပစ်ချနိုင်ခဲ့သည်ဟု အစ္စရေးက ပြောကြားပြီးနောက် "အစ္စရေး၏ အရေးပါသော စစ်ဘက်နေရာများကို ပစ်မှတ်ထားသည့် ပဲ့ထိန်းဒုံးကျည်များစွာ" ကို ပစ်ခတ်ခဲ့ကြောင်း ပြောကြားသည်။

အမြန်လမ်းမကြီးတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွား သံဃာတော်တစ်ပါး ပျံလွန်တော်မူ၊ သုံးဦးသေဆုံး

“ကားမှောက်တာတော့ ကားကအရှိန်လွန်ပြီးတိမ်းမှောက်တာပါ။ သေဆုံးသူကတော့ ဦးဇင်းတစ်ပါးအပါ အမျိုးသမီးတစ်ဦးရယ်။ ကျားနှစ်ဦးရယ်။ ကျားနှစ်ဦးကတော့ ကလေးတွေပါ။ ကားပေါ်မှာ စုစုပေါင်းငါးဦးပါတာ။ သေဆုံးတာလေးဦးပါ။ တစ်ဦးကတော့ ဒဏ်ရာရတယ်။ မစိုးရိမ်ရပါဘူး။ ဒီသုံးလပိုင်းထဲမှာတော့ ပန်းတင်မှာ ယာဉ်တိုက်မှုက ဒီတစ်ကြိမ်ပဲရှိပါသေးတယ်။” ဟု အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ…

ထရမ့်က ‘ကျူးဘားက နောက်တစ်ခုပဲ’ ဟု ပြော၊ MAGA ၏ထောက်ခံမှု ဆုံးရှုံးမသွား ဟုဆို

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကာရစ်ဘီယံကျွန်းကို သူ၏နောက်ဆုံးခြိမ်းခြောက်မှုအဖြစ် "ကျူးဘားက နောက်တစ်ခုပဲ" ဟု ပြောကြားခဲ့ပြီး မကြာသေးမီက အမေရိကန်၏ စစ်ရေးလှုပ်ရှားမှုများက နိုင်ငံရေးထောက်ခံမှုကို ဆုံးရှုံးစေမည်ဆိုသည့် စိုးရိမ်မှုများကို ပယ်ချခဲ့သည်။

ဘုရင့်နောင်တံတားအဆင်းတွင် ယာဉ်တိုက်မှုဖြစ် အမျိုးသမီးတစ်ဦးသေဆုံး

“အဲ့ဒီအန်တီနဲ့ ရှစ်နှစ်အရွယ်ကလေးက လမ်းဖြတ်ကူးလာတာတုန်း ၁၂ ဘီးကားက ဝင်ကြိတ်သွားတာ။ ကလေးကတော့ လွတ်သွားတယ်။ သေဆုံးသူရဲပိုင်ရှင်တွေတော့ မပေါ်သေးဘူး။ ယာဉ်မောင်းကိုလည်းမိတယ်။ ယာဉ်မောင်းက ဘယ်မှတော့မပြေးဘူး။ ကားနားမှာပဲရှိတယ်။ ကျွန်တော်တို့အသင်းကားတွေမှာလည်း ဆီကပြတ်နေပေမယ့်လည်း သေဆုံးသူကိုတော့ သွားသယ်ပေးပါတယ်။ သွားရင်နဲ့ဆီပြတ်ရင်တော့ မတတ်နိုင်ဘူးပေါ့နော်။…

အီရန်သည် အဓိကရေလမ်းကြောင်းကို ဖွင့်ပေးရမည်ဟု ထရမ့် ပြောကြား၊ ‘ထရမ့်ရေလက်ကြား’ ဟုဆို

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်သည် ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ခုပြုလုပ်ရန် ရေနံသယ်ယူပို့ဆောင်ရေးအတွက် ဟော်မုဇ်ရေလက်ကြားကို ဖွင့်ပေးရမည်ဟု သောကြာနေ့တွင် အခိုင်အမာပြောကြားခဲ့ပြီး အရေးကြီးသောရေလမ်းကြောင်းကို "ထရမ့်ရေလက်ကြား" ဟု အမည်ပေးခဲ့သည်။