» သတင်း

ဗီယက်နမ်တွင် လေယာဉ်လောင်စာဆီ ပြတ်လပ်မှုကြောင့် ပြည်တွင်းခရီးစဉ်များကို လျှော့ချမည်

“ဗီယက်နမ်လေကြောင်းလိုင်းသည် ဧပြီလ ၁ ရက်နေ့မှစ၍ ပြည်တွင်းခရီးစဉ်များကို ယာယီရပ်ဆိုင်းရန်စီစဉ်ထားပြီး” တစ်ပတ်လျှင် စုစုပေါင်း ၂၃ ကြိမ်ပျံသန်းမည်ဖြစ်ကြောင်း ဗီယက်နမ်အရပ်ဘက်လေကြောင်းအာဏာပိုင်အဖွဲ့က မတ်လ ၂၃ ရက်၊ တနင်္လာနေ့နှောင်းပိုင်းတွင် ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။

တိုင်းနှင့် ပြည်နယ်အချို့တွင် အင်အားအသင့်အတင့်ရှိ ငလျင်လှုပ်ခတ်မှုများဖြစ်ပွားခဲ့

“တချို့နေရာတွေမှာတော့ အပြင်ထွက်တာတွေရှိသလို့ မထွက်လာတဲ့သူတွေလည်းရှိတယ်။ စျေးဆိုင်တွေကလူတွေတော့ ထွက်ပြေးတာတွေရှိတယ်။ တချို့ဆို Ocean ပေါ်ကနေ ဆင်းပြေးလာတဲ့သူတွေလည်းရှိတယ်။ လှုပ်တာသိသာတယ်။ ကြောက်ကြောက်လန့်လန့်ဖြစ်သွားတာ။” ဟု ပျဉ်းမနားမြို့ခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ဝမ်းတွင်းမြို့တွင် ယာဉ်တိုက်မှုဖြစ်ပွား တစ်ဦးသေဆုံး၊ ငါးဦးဒဏ်ရာရ

“ရွှေတောင်ကျေးရွာ တောင်ဖက်နားမှာ တွဲကားက ခရီးသည်တင်ကားကိုဝင်တိုက်တာ။ ခရီးသည်တင်ကားပေါ်က အမျိုးသားသုံးယောက်နဲ့ အမျိုးသမီးနှစ်ယောက် ဒဏ်ရာရတယ်။ အမျိုးသားတစ်ဦးက အခင်းဖြစ်တဲ့နေရာမှာတင်သေဆုံးသွားတယ်။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

မြန်မာနိုင်ငံသို့ ဒီဇယ်ဆီမှောင်ခိုတင်သွင်းသည့် ဆီဘောက်ဆာကားကို ဖမ်းဆီး

၁၀ ဘီးကားကို ပြုပြင်ထားသည်ဟု အရာရှိများက ပြောကြားပြီး မြန်မာနိုင်ငံသို့ တရားမဝင်ဒီဇယ်လီတာ ၂၀,၀၀၀ သယ်ဆောင်လာကြောင်း တွေ့ရှိရသည်ဟုဆိုသည်။ ကားကိုမည်ကဲ့သို့ ပြုပြင်ထားသည်ကို သတင်းများတွင် ဖော်ပြမထားပါ။

ကသာတွင် တစ်မြို့လုံးနီးပါး စစ်ရှောင်နေရပြီး နေရမပြန်နိုင်သေး ဟုဆို

“ဦးဇင်းတို့တောင် မြစ်ကြီးနာဘက်ကို စစ်ရှောင်နေရတာ နှစ်လကျော်လောက်ကြာပြီ။ ကသာထဲမှာ ဘာမှကိုမရှိတော့တာ။ စစ်ရှောင်တွေက ကသာထဲကို ပြန်မဝင်ရဲကြသေးဘူး။ ပြန်ဝင်တဲ့သူတွေလည်း မရှိဘူး။ ဟိုရက်က စစ်ရှောင်တွေပြန်ဝင်တယ်ဆိုတာလည်း မဟုတ်ဘူး။ ဘယ်သူမှကို မဝင်ရဲကြတာ။ တိုက်ပွဲကလည်းဖြစ်နေတာဆိုတော့။” ဟု ကသာမြို့မှ စစ်ရှောင်သွားသည့်…

အပစ်အခတ်ရပ်စဲပါက ဟော်မုဇ်မိုင်းရှင်းလင်းရေးကို စဉ်းစားနိုင်ဟု ဂျပန်ဝန်ကြီး ပြောကြား

"လုံးဝအပစ်အခတ်ရပ်စဲရေးရှိခဲ့မယ်ဆိုရင် ယူဆချက်အရဆိုရင် မိုင်းရှင်းလင်းရေးလိုမျိုးကိစ္စတွေ ပေါ်ပေါက်လာနိုင်ပါတယ်" ဟု မိုတီဂီက Fuji TV အစီအစဉ်တစ်ခုတွင် ပြောကြားသည်။ "ဒါက ယူဆချက်သက်သက်ပါပဲ၊ ဒါပေမယ့် အပစ်အခတ်ရပ်စဲရေး တည်ထောင်ပြီး ရေတပ်မိုင်းတွေက အတားအဆီးတစ်ခု ဖန်တီးပေးနေရင်၊ အဲဒါကို ထည့်သွင်းစဉ်းစားရမယ့်အရာတစ်ခု…

ကာတာစစ်ရဟတ်ယာဉ်ပျက်ကျမှုတွင် ခြောက်ဦးသေဆုံး နည်းပညာပိုင်းဆိုင်ရာချို့ယွင်းမှုကြောင့် ဟုဆို

ကာတာစစ်ရဟတ်ယာဉ်တစ်စင်းသည် ပင်လယ်ကွေ့နိုင်ငံရေပိုင်နက်တွင် ပျက်ကျခဲ့သည်။ ရဟတ်ယာဉ်ပေါ်တွင်ပါသည့် အနည်းဆုံး လူခြောက်ဦး သေဆုံးခဲ့ကြောင်း အစိုးရက ပြောကြားခဲ့သည်။ အဆိုပါဖြစ်ရပ်သည် နည်းပညာပိုင်းဆိုင်ရာချို့ယွင်းမှုကြောင့်ဖြစ်ကြောင်း အစိုးရက ပြောကြားသည်။

ဟော်မုဇ်ရေလက်ကြားကို ၄၈ နာရီအတွင်း ဖွင့်လှစ်ပေးရန် ထရမ့် ရာဇသံပေး

အီရန်က “ရန်သူသင်္ဘောများ” အတွက် ပိတ်ထားမည်ဟု ကတိပြုထားသည့် အရေးကြီးသောရေလမ်းကြောင်းကို လုံခြုံစေရန် ထရမ့်သည် ဖိအားများတိုးလာနေချိန်တွင် စနေနေ့က အဆိုပါကြေညာချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပြီး ရေနံဈေးနှုန်းများ မြင့်တက်လာပြီး၊ စတော့ဈေးကွက်များ ကျဆင်းခဲ့သည်။

မကွေးတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းတွင် ပျက်စီးမှုအချို့ဖြစ်ပွား

“မနေ့က ညနေပိုင်း ၅ နာရီကျော်ကဖြစ်တာပါ။ ကျန်တဲ့နေရာတွေတော့ သိပ်မဖြစ်လိုက်ဘူး။ ဦးဇင်းတို့နေရာတော့ တော်တော်လေးဖြစ်သွားတယ်။ တည်ဆောက်နေတဲ့ ဝိသုတာရာမ ကျောင်းတိုက်ကြီးက မပြီးစီးသေးတဲ့ ကျောင်းတော်ကြီး ရုတ်တရက်လေတိုက်တာကြောင့် တချို့ပျက်စီးသွားတယ်။ မိုးထက် လေတိုက်တာက ပိုပြင်းတယ်။ အပေါ်ကသွပ်တွေလည်းလန်သွားတယ်။ သိမ်ဆိုရင်…

ဒဂုံမြို့သစ်(မြောက်ပိုင်း)ရှိ Terminal ဆီဆိုင်တွင် ဓာတ်ဆီဖြည့်စဉ် ပွတ်တိုက်မှုကြောင့် ကားနှစ်စီးမီးလောင်ကျွမ်း၊ တစ်ဦးဒဏ်ရာရ

မတ်လ ၂၁ ရက်၊ ည ၉ နာရီကျော်က ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၈)ရပ် ကွက်၊ ပြည်ထောင်စုလမ်းရှိ Terminal ဓာတ်ဆီဆိုင်တွင် အငှါးယာဉ်တစ်စီး ဆီဖြည့်စဉ် ဆီပန့်နှင့် ကားဆီတိုင်ကီ ပွတ်တိုက်မှုကြောင့် မီးပွားထွက်ကာ ကားနှစ်စီးမီးလောင်ကျွမ်းခဲ့ပြီး၊ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း…