» သတင်း

မက္ကဆီကိုမှ ကျူးဘားသို့ ဦးတည်လာသော အကူအညီပေးရေးသင်္ဘောနှစ်စင်း ပျောက်ဆုံးနေ

အနည်းဆုံး သင်္ဘောသားကိုးဦးလိုက်ပါလာသော Friendship နှင့် Tigger Moth သင်္ဘောများကိုရှာဖွေရန် မက္ကဆီကိုသည် ရေတပ်အဖွဲ့များနှင့် စစ်ဘက်ရှာဖွေရေးလေယာဉ်များကို စေလွှတ်ခဲ့ကြောင်း မက္ကဆီကိုရေတပ်က ကြေညာချက်တစ်စောင်တွင် ပြောကြားသည်။

ထားဝယ်မြို့တွင် စက်သုံးဆီတန်းစီရာမှ အဖိုးအိုတစ်ဦးမူးလဲ

“မနက်က ၇ နာရီ ထဲက ဆီတန်းစီနေကြတာ။ အဖိုးမူးလဲတဲ့အချိန်နဲ့ဆို ၄ နာရီ၊ ၅ နာရီလောက်ကြာနေပြီ။ နေကလည်းအရမ်းပြင်းတော့ အသက်ကလည်းကြီးပြီဆိုတော့ ခံနိုင်ရည်မရှိတာလည်းပါမယ်။ အိမ်မှာလည်း ကျန်းမာရေးမကောင်းတဲ့သူနဲ့ အဖိုးနဲ့ပဲရှိတာလို့တော့သိရတယ်။ လွယ်တော့မလွယ်ဘူး။ အဖိုးအသက်က ၈၀ တော့ကျော်မယ်ထင်တယ်။”…

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို G7 မိတ်ဖက်များနှင့်တွေ့ဆုံ

အမေရိကန်-အစ္စရေး အီရန်စစ်ပွဲကို အဓိကထားမည့် ဆွေးနွေးပွဲများအတွက် ပြင်သစ်နိုင်ငံရှိ G7 နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို သွားရောက်ပြီး အမေရိကန်-အစ္စရေးစစ်ပွဲကို အဓိကထားဆွေးနွေးမည်ဖြစ်သည်။

ဟော်မုဇ်ရေလက်ကြား ပြန်မဖွင့်ပါက အီရန်စွမ်းအင်စက်ရုံများကို တိုက်ခိုက်မည်ဆိုသည့် ထရမ့်ရာဇသံ ရွှေ့ဆိုင်း

အီရန်အနေဖြင့် ဟော်မုဇ်ရေလက်ကြားကို ပြန်လည်မဖွင့်လှစ်ပါက ၎င်း၏စွမ်းအင်စက်ရုံများကို တိုက်ခိုက်ဖျက်ဆီးမည့်နောက်ဆုံးရက်ကို ထပ်မံတိုးမြှင့်မည်ဟု သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားသည်။ တီဟီရန်သည် တိုက်ခိုက်မှုကိုအဆုံးသတ်ရန် အချက် ၁၅ ချက်ပါ အမေရိကန်၏အဆိုပြုချက်ကို မတရားဟုပယ်ချပြီးနောက် ထိုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုတော် ဦးပတ်ထရစ် ဦးနှောက်သွေးကြောပြတ်ကာ ကားပေါ်တွင်သေဆုံး

“အဆိုတော် ဦးပတ်ထရစ်က စိစစ်ကြည့်တာတော့ သူမောင်းတဲ့ကားက gas ကားပါ။ စက်သုံးဆီတွေတန်းစီနေတဲ့နေရာမှာ ကားကကွေ့ကြောဆိုတော့ ကားကိုကွေ့ချလိုက်ပြီးတော့ ကားပေါ်မှာသူက အန်ထားတာလည်းတွေ့တယ်။ ကားပေါ်မှာ ဦးနှောက်သွေးကြောပြတ်ပြီးဆုံးတာ။ စက်သုံးဆီတန်းစီနေရင်းနဲ့ သေတာတော့မဟုတ်ပါဘူး။ သူမိသားစုနဲ့လည်း အ ဆက်သွယ်ရပါပြီ။ သူကအဆိုတော်တစ်ယောက်ပါ။ သူ့အမျိုးသမီးတော့လာပါတယ်။…

မဟာအောင်မြေမြို့နယ်တွင် ဓာတ်ဆီသိုလှောင်ထားသည့်နေအိမ် မီးလောင်မှုဖြစ်ပွား တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရရှိ

“မီးစလောင်တာတော့ သေချာမသိရဘူး။ အိမ်ကတော့ လောင်စာဆီတွေလှောင်ပြီးရောင်းတာလို့တော့ သိရတယ်။ အဲ့အိမ်က အိမ်ရှင်ကလေးလေးကတော့ မီးလောင်ပြီးသေသွားတယ်။ အမေဖြစ်သူကတော့ မီးလောင်ဒဏ်ရာတွေရတယ်။ အိမ်မှာကလောင်စာတွေရှိတော့ မီးကအတော်ပြင်းတယ်။” ဟု မြို့ခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

လောင်စာဆီအခွန်လျှော့ချရန် ထိုင်းအစိုးရ ကြံဆနေ

ပြည်တွင်းဈေးနှုန်းများကို တည်ငြိမ်စေရန် ရေနံလောင်စာရန်ပုံငွေသည် မလုံလောက်ပါက အစိုးရအနေဖြင့် လောင်စာဆီအခွန်လျှော့ချမှုများကို အကောင်အထည်ဖော်ရန် အတင်း အကျပ်တွန်းအားပေးခံရနိုင်ကြောင်း ဒုတိယဝန်ကြီး ချုပ် အက်နီတီ နီတီသန်ပရာပတ်စ်က သတိပေးခဲ့သည်။

အီရန်က အစ္စရေးကို ဒုံးကျည်များဖြင့်တိုက်ခိုက်၊ အီရန်နှင့်ညှိနှိုင်းဆွေးနွေးနေသည်ဟု ထရမ့်၏ပြောကြားချက်ကို အတုအယောင်သတင်းအဖြစ် ပယ်ချ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အရာရှိများနှင့် အပြုသဘောဆောင်သည့် ဆွေးနွေးမှုများပြုလုပ်နေသည်ဟု ပြောကြားခဲ့ပြီး အစ္စလာမ္မစ်သမ္မတနိုင်ငံ၏ ဓာတ်အားပေးစက်ရုံများနှင့် စွမ်းအင်အခြေခံအဆောက်အအုံများကို ဗုံးကြဲတိုက်ခိုက်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းပြီးနောက် အင်္ဂါနေ့တွင် အီရန်က အစ္စရေးသို့ ဒုံးကျည်များစွာဖြင့်ပစ်ခတ်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောကြားသည်။

တောင်ကိုရီးယားသမ္မတက ကားအသုံးပြုမှု လျော့ချခြင်းအပါအဝင် စွမ်းအင်ချွေတာရေးလှုပ်ရှားမှုတစ်ခု လုပ်ဆောင်ရန် တောင်းဆို

တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်သည် အီရန်စစ်ပွဲကြောင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ဝယ်ယူရရှိမှုများအပေါ် အန္တရာယ်များနှင့်ပတ်သက်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စွမ်းအင်ချွေတာရေးလှုပ်ရှားမှုတစ်ခုလုပ်ဆောင်ရန် တောင်းဆိုခဲ့ပြီး အစိုးရအဖွဲ့အစည်းများသည် ခရီးသည်တင်ကားများအသုံးပြုမှုကို လျှော့ချရမည်ဟု မတ်လ ၂၄ ရက်၊ အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

ဗီယက်နမ်တွင် လေယာဉ်လောင်စာဆီ ပြတ်လပ်မှုကြောင့် ပြည်တွင်းခရီးစဉ်များကို လျှော့ချမည်

“ဗီယက်နမ်လေကြောင်းလိုင်းသည် ဧပြီလ ၁ ရက်နေ့မှစ၍ ပြည်တွင်းခရီးစဉ်များကို ယာယီရပ်ဆိုင်းရန်စီစဉ်ထားပြီး” တစ်ပတ်လျှင် စုစုပေါင်း ၂၃ ကြိမ်ပျံသန်းမည်ဖြစ်ကြောင်း ဗီယက်နမ်အရပ်ဘက်လေကြောင်းအာဏာပိုင်အဖွဲ့က မတ်လ ၂၃ ရက်၊ တနင်္လာနေ့နှောင်းပိုင်းတွင် ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။