» သတင်း

ဗြိတိန်-အမေရိကန်တို့၏ ဒီယေဂို ဂါစီယာ စစ်အခြေစိုက်စခန်းကို အီရန်က ဒုံးကျည်များဖြင့်ပစ်ခတ်

အီရန်၏ ဒုံးကျည်များသည် ၂၀၀၀ ကီလိုမီတာ (၁၂၄၃ မိုင်) အထိ ပစ်ခတ်နိုင်သည်ဟု ယခင်ကယူဆခဲ့ကြသော်လည်း ဒီယေဂို ဂါစီယာ အခြေစိုက်စခန်းသည် အီရန်မှ ၃၈၀၀ ကီလိုမီတာ (၂၃၆၁ မိုင်) အကွာတွင်ရှိသည်။ ဒုံးကျည်နှစ်စင်းစလုံးသည် အခြေစိုက်စခန်းသို့…

စက်သုံးဆီရှားပါးလာမှုကြောင့် ပရဟိတအသင်းအချို့ နယ်ဝေးသို့ လူနာပို့ဆောင်ခြင်းကို ယာယီရပ်နား ဟုဆို

“ကျွန်တော်တို့က ဆီစျေးတက်တာထက် ဆီဝယ်မရတဲ့ပြသနာက ပိုပြီးတော့ဆိုးတယ်။ မနေ့ကပဲ လူနာလမ်းကြောင်းတစ်ကြောင်းကို မငြင်းချင်ပဲငြင်းလိုက်ရတယ်။ အသင်းစတင်တည်ထောင်ထဲက တခါမှမငြင်းဖူးဘူး။ ရှိရှိ မရှိရှိ ကူညီပေးပါတယ်။ မနေ့ကတော့ နယ်လမ်းကြောင်းတွေပို့တာ ယာယီရပ်နားမည်ဆိုပြီး စာတင်လိုက်ရတယ်။” ဟု ရန်ကုန်မြို့အ တွင်းရှိ မေတ္တာအလင်းရောင်…

အမေရိကန်နှင့်ဆွေးနွေးရာတွင် သမ္မတသက်တမ်းညှိနှိုင်းရန် ကျူးဘား ငြင်းဆို

"ကျူးဘား၏ နိုင်ငံရေးစနစ်သည် ညှိနှိုင်းရန်မသင့်တော်ကြောင်းနှင့် သမ္မတ သို့မဟုတ် ကျူးဘားရှိ မည်သည့်အရာရှိ၏ ရာထူးမှန်သမျှ အမေရိကန်နှင့် ညှိနှိုင်းရန်မလိုအပ်ကြောင်း ကျွန်ုပ်ပြတ်ပြတ်သားသား အတည်ပြုနိုင်ပါသည်" ဟု ဒု တိယနိုင်ငံခြားရေးဝန်ကြီး ကားလို့စ် ဖာနန်ဒက်ဇ် ဒီ ကော့စီယိုက သတင်းစာရှင်းလင်းပွဲတွင်…

ကျိုက်ထီးရိုးဘုရားဖူးသွားရာမှ သားအမိသုံးဦး ပျောက်ဆုံးနေ ဟုဆို

“အိမ်ကပြောတာတော့ ကျိုးထီးရိုးသွားမယ်လို့ပြောတာ။ ကျိုက်ထိုလည်းသွားမယ်ပြောတယ်။ ကျိုက်ထိုမှာ သူ့သူငယ်ချင်ရှိတော့ အဲ့ကိုသွားမယ်လည်းပြောတယ်။ ဖုန်းဆက်ကြည့်တော့လည်း ရောက်မလာဘူးတဲ့။ ပျောက်နေတာ အင်္ဂါနေ့နဲ့ဆို ၅ ရက်ကြာနေပြီ။ ဒီနေ့အထိမတွေသေးဘူး။ မိန်းမရော ကလေးတွေပါ မတွေ့သေးဘူး။ အခုထိတော့ရှာနေကြတာ မတွေ့ဘူး။” ဟု ပျောက်ဆုံးနေသည့်…

အမေရိကန်က အီရန်ရေနံအပေါ် ပင်လယ်ပြင်တွင် ပိတ်ဆို့မှုများကို ရက် ၃၀ ကင်းလွတ်ခွင့်ပေး

အဆိုပါကင်းလွတ်ခွင့်ကြောင့် ကမ္ဘာ့ဈေးကွက်များသို့ ရေနံစည်သန်းပေါင်း ၁၄၀ ခန့် ဝင်ရောက်လာမည်ဖြစ်ပြီး စွမ်းအင်ထောက်ပံ့မှုအပေါ် ဖိအားများကိုလျှော့ချရန် ကူညီပေးမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်ဆန့် က X တွင် ရေးသားခဲ့သည်။

သန်လျင်တွင် စက်ရုံကြိုပို့ကားတစ်စီး တိမ်းမှောက် ၁၅ ဦးဒဏ်ရာရရှိ ဟုဆို

“သုံးခွ အထည်ချုပ်ဖယ်ရီကား။ တာဝတက္ကသိုလ်ကျောင်းရှေ့မှာ ကားနောက်ဘီးပေါက်ပြီးမှောက်တာ။ လူနာတွေကတော့ စိုးရိမ်ရတဲ့အခြေအနေထိတော့မရှိဘူး။ စုစုပေါင်းလူနာက ၁၅ ယောက်ရှိတယ်။ အမျိုးသမီးခြောက်ယောက်နဲ့ အမျိုးသားကိုးယောက်။” ဟု လောကအလင်း လူမှုကူညီကယ်ဆယ်ရေးအသင်းမှ အသင်းဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြော သည်။

မြစ်ကြီးနားတွင် လျှပ်စစ်မီးဖြန့်ဝေခြင်းကို ပုဂ္ဂလိကလုပ်ငန်းမှ တာဝန်ယူနေသော်လည်း ပုံမှန်မရရှိသည်မှာ တစ်နှစ်ကျော်ကြာပြီ ဟုဆို

မြစ်ကြီးနားမြို့တွင် ၂၀၂၄ ခုနှစ်အတွင်း ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်း လျှပ်စစ်မီးပုံမှန်မရရှိသည်မှာ တစ်နှစ်ကျော်ကြာခဲ့ပြီဖြစ်ပြီးရာ ဒေသခံများ အခက်အခဲနှင့်ရင်ဆိုင်နေရကြောင်း သိရသည်။ “ဘူးဂါး”လျှပ်စစ်ဓာတ်အားပေးကုမ္မဏီမှ တစ်ရက်လျှင် ၈ နာရီ လျှပ်စစ်မီးပေးမည်ဟု တာဝန်ယူထားသော်လည်း လက်ရှိမှာ ၂၄ နာရီတစ်ရက်တွင် တစ်နာရီခန့်သာရရှိနေခြင်းကြောင့် လုပ်ငန်ရှင်များပါအခက်အခဲများကြုံနေရကြောင်း…

အပစ်အခတ်ရပ်စဲပြီးမှသာ ဟော်မုဇ်ရေလက်ကြားတွင် အကူအညီပေးမည်ဟု အီတလီ၊ ဂျာမနီနှင့် ပြင်သစ်တို့ ပြောကြား

နိုင်ငံတကာအင်အားကြီးခြောက်နိုင်ငံသည် ဟော်မုဇ်ရေလက်ကြားကို ဘေးကင်းစွာဖြတ်သန်းသွားလာနိုင်ရေး ပါဝင်ကူညီရန်အသင့်ရှိနေကြောင်း ပြောကြားသော်လည်း အပစ်အ ခတ်ရပ်စဲပြီးနောက်မှသာ မည်သည့်အစီအစဉ်မဆို ဖြစ်ပေါ်လာမည်ဟု အဆိုပါသုံးနိုင်ငံက ကြာသပတေးနေ့တွင် အလေးပေးပြောကြားခဲ့သည်။

ချင်းမိုင်စူပါမားကတ်တွင် ပစ္စည်းထုပ်ပိုးရာတွင် ငှက်ပျောရွက်များကို အသုံးပြု

မြောက်ပိုင်းပြည်နယ်ရှိ Rimping စူပါမားကတ်သည် ရိုးရာထုပ်ပိုးမှုအစား သဘာဝငှက်ပျောရွက်များကို အသုံးပြုခြင်းဖြင့် ပလတ်စတစ်အမှိုက်များကိုလျှော့ ချရန်ရည်ရွယ်သည့် အစီအစဉ်တစ်ခုကို စတင်လိုက်ပြီဖြစ်သည်။ အပြည့်အဝ ဇီဝပျက်စီးနိုင်ပြီး ကျယ်ကျယ်ပြန့်ပြန့်ရရှိနိုင်သော ငှက်ပျောရွက်များသည် ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော ဖြေရှင်းချက်ဖြစ်သည်။

လှည်းကူးမြို့နယ်တွင် ယာဉ်တိုက်မှုဖြစ်ပွား နှစ်ဦးသေဆုံး

“မြို့ရှောင်လမ်းအထွက် အမှတ် (၃) လမ်းထိပ် စစ်ဆေးရေးဂိတ်နားမှာတိုက်တာ။ တစ်စီးက Express ကား၊ တစ်စီးက ပစ္စည်းတွေပို့တဲ့ Delivery ကား။ ပစ္စည်းတွေပို့တဲ့ကားပေါ်က ယောင်္ကျားလေးနှစ်ယောက်သေသွားတယ်။ တစ်ယောက်က အသက် ၃၅ နှစ်နဲ့ တစ်ယောက်က ၂၇…